အကြမ်းဖက် စစ်ကောင်စီနှင့် ပူးပေါင်းကာ ရွာသားများကိုခြိမ်းခြောက်နေသည့် နန်းတောင်စာရေး မျိုးအောင်ကို မိုးမိဘုန်းကြီးကျောင်းရှေ့ တွင် ပစ်သတ်ခံလိုက်ရကြောင်း ပုလောမြို့ခံများက ပြောသည်။
ပစ်သတ်ခံရသူသည် တနင်္သာရီတိုင်း၊ပုလောမြို့နယ်၊ထမင်းမစားကျေးရွာနေ ဦးမျိုးအောင် အသက် ၃၇နှစ်ဖြစ်ပြီး နန်းတောင်ရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ရုံးစာရေးအဖြစ်လုပ်ကိုင်နေသူဖြသူဖြစ်သည်။
“ မျိုးအောင်က စစ်ခွေးတွေနဲ့ပေါင်းပြီး ဂျိုထနေတာ။အခုရှင်းပြီးပြီ။ပြည်သူတွေကို စစ်တပ်နဲ့ပေါင်းပြီး ခြိမ်းခြောက်နေတာ” ဟု PRDFအဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
ဖြစ်စဉ်မှာ နန်းတောင်ကျေးရွာ၊ကျေးရွာအုပ်ချုပ်ရေးမှူးရုံး ရုံးစာရေးမျိုးအောင်ဆိုသူဟာ ရွာအတွင်းရှိ မိုးမိ ဘုန်းကြီးကျောင်းအနီး ပြေစာကိုင်ပြီး အမတော်ငွေကောက်ခံရန် ရောက်ရှိလာစဥ်မိုးမိဘုန်းကြီးကျောင်း မုခ်ဦးနားအရောက် PRDFအဖွဲ့ မှ Glockအမျိုးအစား ပစ္စတိုဖြင့် ဘယ်ဘက်မျက်လုံးတစ်ချက်၊ဘယ်ဘက်နားတစ်ချက်နှင့် နောက်စေ့တေ့ပစ် တစ်ချက် စုစုပေါင်းသုံးချက်တိတိ ပစ်သတ်ခဲ့ခြင်းဖြစ်ဟု Palaw Regional Defence Force( PRDF) အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောသည်။
ယခုလို ပစ်သတ်မှုနဲ့ပတ်သက်ပြီး PRDFအဖွဲ့ခေါင်းဆောင်တစ်ဦးက “ နောက်လူတွေ ဥပမာယူကြဖို့ နမူနာပြတာ” လို့ ပြောဆိုခဲ့သည်။
လက်ရှိမှာ သေဆုံးသူ အကြမ်းဖက် စစ်ကောင်စီလက်ပါးစေ မျိုးအောင်အလောင်းကို ပုလောမြို့နယ်၊မေတ္တာရှင် ပရဟိတအသင်းမှ အလောင်းလာရောက်သယ်ယူသွားပြီးဖြစ်ကြောင်း ဒေသခံများကဆိုသည်။