By MPA
ဇန္နဝါရီလ(၁၅)ရက်နေ့ နေ့လယ်(၂)နာရီခွဲခန့်က ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ သိုင်ငင်းရွာအနီးရှိ
ချင်းလက်နက်ကိုင် ပူပေါင်းမဟာမိတ်တပ်ဖွဲ့များ ရှိသည့်နေရာသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရသည်။
စစ်ကောင်စီတပ်က လေယာဉ်နဲ့တိုက်ခိုက်ခဲ့သော နေရာမှာCDM(စီးယင်း)၊ PDF( Zoland)
CNDF(ဖလမ်း)၊ CNF နှင့်အခြား စစ်အာဏာရှင် တော်လှန်ရေး ချင်းလက်နက်ကိုင်ပူးပေါင်းမဟာမိတ် အဖွဲ့များ ရှိသည့်နေရာဖြစ်ကြောင်း သိရသည်။
“ ဒီနေ့မနက်တက်လာတဲ့ စစ်ကောင်စီအအဖွဲ့တွေအထိနာ သွားတယ်။ သူတို့စစ်ကြောင်းနဲ့ရင်ဆိုင်တိုက်ပွဲဖြစ်ပွားတယ်။သူတို့
ဘက်က အထိနာပြီးနောက်လှန်သွားကြတယ်။ သူတို့ဘက်က နောက်လှန်သွားလို့ အမြောက်နဲ့လာထုတယ်။ ပြီးတော့ လေယာဉ်နဲ့လာတိုက်ကြတယ် ´´ ဟု PDF(Zoland)မှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။
ဇန္နဝါရီ(၁၅)ရက်နေ့ မနက်ပိုင်းတိုက်ပွဲတွင် ချင်းတော်လှန်ရေးပူးပေါင်း မဟာမိတ်များဘက်က ထိခိုက်မှုမရှိခဲ့သော်လည်း လေယာဉ်နဲ့တိုက်ခိုက်ခံရမှုတွင် ထိခိုက်မှုအချို့ ရှိခဲ့ကြောင်း၊ ချင်းတော်လှန်ရေးမဟာမိတ်များအဖွဲ့ဘက်မှ ဒဏ်ရာရသူ ခုနှစ်ဦးရှိခဲ့သော်လည်း မစိုးရိမ်ရကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်ကျတုံးမှုစာရင်းကို ထုတ်ပြန်ပြောကြားနိုင်ခြင်းမရှိသေးကြောင်း PDF(Zoland)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီကဖမ်းဆီး၍ ကလေးစစ်သားအဖြစ် အဓမ္မစေခိုင်းခံရသူ ခဲယမ်းများနှင့်အတူ CNDF ထံ အလင်းဝင်လာဟုဆို
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံသို့ စစ်ကောင်စီတပ်သားတစ်ဦး ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း စုံစမ်းသိရှိရသည်။ ဖလမ်းမြို့နယ်၊ ဖလမ်း - ကလေး ကာလမ်းမပေါ်ရှိ ထင်းရှူးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းမှ အသက် ၁၇ နှစ်အရွယ်...