စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် ကဲဘာကျေးရွာအတွင်းရှိ ဒေသခံများ၏ နေအိမ် ၁၀၀ကျော်ကို အကြမ်းဖက်စစ်တပ်က ဒီဇင်ဘာလ၁၃ရက်နေ့တွင် မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ဒီဇင်ဘာ၁၃ရက် နေ့လယ်ပိုင်းတွင် အကြမ်းဖက်စစ်တပ်မှ အင်အား၇၀ခန့်ပါဝင်သည့် စစ်ကြောင်းသည် ကဲပါကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီးနေ့လယ်၁၁နာရီမှ၁၂နာရီကျော်အတွင်း ဒေသခံနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
Photo – CJ
Photo – CJ
Photo – CJ
Photo – CJ
Photo – CJ
Photo – CJ
Photo – CJ
Photo – CJ
Photo – CJ
Photo – CJ
“ အရင်တုန်းက ပျူစောထီးတွေရှိတဲ့ သလဲဘာရွာမှာ တိုက်ပွဲဖြစ်ဖူးတယ်။ အဲဒါကို ဒီမှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေရှိတယ်ဆိုပြီး လာရှာတာ။ မတွေ့တဲ့အတွက် စစ်တပ်ကမီးရှို့ခဲ့တာ” ဟုဒေသခံတစ်ဦးက ပြောသည်။
အကြမ်းဖက်စစ်တပ်သည် ကဲဘာကျေးရွာနံဘေးရှိ ပျူစောထီးများရှိရာ သလဲဘာကျေးရွာတွင် စစ်ကြောင်းအခြေချပြီးပြည်သူ့ကာကွယ်ရေးတပ်များ ရှိနိုင်မည့်နေရာများကိုလိုက်ရှာပြီးမတွေ့သည့်အခါ ယခုကဲ့သို့မီးရှို့ဖျက်ဆီးမှုများပြုလုပ်ခြင်းဖြစ်သည်။
အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းချီလာမည်ကို ကြိုတင်သိရှိသဖြင့် ဒေသခံများအနေဖြင့် ကြိုတင်ရှောင်ရှားခဲ့ပြီး ကာကွယ်ရေးအဖွဲ့များအနေဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများပြုလုပ်ခဲ့သဖြင့် ထိခိုက်မှုများရှိခဲ့သည်။
“ သူတို့ရွာထဲဝင်တဲ့အချိန်မှာ ကျနော်တို့က မိုင်းတွေဘာတွေ ထောင်ထားတာတွေလုပ််တယ်။လူတွေကတော့ကြိုရှောင်ထားတဲ့အတွက်ထိခိုက်မှုမရှိခဲ့ဘူး။ပစ္စည်းတွေဆုံးရှုံးတဲ့အတွက်ငိုနေကြတာတော့ရှိတယ်” PDF ပူးပေါင်းအဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။
အိမ်ခြေ၅၀၀ကျော်ရှိသည့်အနက် ကဲဘာရွာမြောက်ပိုင်းရှိ နေအိမ်တစ်ရာကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး တောင်ပိုင်းမှနေအိမ်များကိုမူ အကြမ်းဖက်စစ်တပ်အနေ ဖြင့် မီးရှို့ခြင်းမပြုလုပ်ဘဲ နေအိမ်များနှင့် အတွင်းရှိ ပစ္စည်းများကို ဖျက်ဆီးခဲ့ကြသည်ဟု သိရသည်။
ထို့ပြင် အစားအသောက်များကို သွန်ပစ်ခဲ့ခြင်း၊ ထမင်းအိုးများကို ဖျက်ဆီးခဲ့ခြင်းများကို ပြုလုပ်ခဲ့သည်။
လက်ရှိအချိန်တွင် စစ်ကိုင်းတိုင်းအတွင်းရှိ ကနီ၊ တန့်ဆည်၊ ဒီပဲယင်း၊ ဆားလင်းကြီး၊ ကန့်ဘလူ၊ မြောင်စသည့် ဒေသများတွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များအကြားတိုက်ပွဲများဖြစ်ပွားနေပြီး မြို့နယ်လေးခုမှ လူနေအိမ်ပေါင်း ၂၆၀၀၀ကျော် ဘေးလွတ်ရာသို့ ပြောင်းရွှေ့ နေရပြီးစစ်ရှောင်ဦးရေ ၄၀၀၀၀နီးပါးရှိပြီဖြစ်ေကြာင်း ကုသမဂ္ဂမှထုတ်ပြန်သော သတင်းများအရသိရသည်။
#စစ်ကိုင်းတိုင်း #အရာတော် #အကြမ်းဖက်စစ်တပ် #လူနေအိမ်တစ်ရာကျော် #မီးရှို့ဖျက်ဆီး #MPA