အစ္စလာမ်ဘာသာဝင် စီးပွားရေးသမားများနှင့် တွေ့ဆုံသည်ကို ဘာသာရေးအဖွဲ့များနှင့် တွေ့ဆုံသည်ဟု ဆိုကာ အကြမ်းဖက်စစ်တပ်က ၎င်းတို့၏ ဝါဒဖြန့် မီဒီယာများမှ တဆင့်လိမ်လည် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ဘာသာပေါင်းစုံမှ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တွေ့ဆုံခဲ့သူများမှာ ဗုဒ္ဓဘာသာအသင်းမှ ဦးဆန်းထွန်း၊ ဟိန္ဒူဘာသာအသင်းမှ ဦးဇော်ဇော်နိုင်၊ ခရစ်ယာန်ဘာသာရေးအသင်းမှ ဦးမိုးဆင်း၊ အစ္စလာမ်ဘာသာအသင်းမှ ဦးအောင်ဇော်ဝင်းနှင့် တရုတ်ဘုံကျောင်းများမှကိုယ်စားလှယ်ဦး ဦးအောင်ချိုတို့ ဖြစ်ကြောင်း စစ်တပ်၏ ဝါဒဖြန့်မီဲဒီယာများက ထုတ်ပြန်ထားသည်။
အဆိုပါတွေ့ဆုံမှုသို့ ကြံ့ခိုင်ရေးပါတီမှ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးအောင်ဇော်ဝင်းနှင့် နွယ်အေး ဗလီအလုပ် အမှုဆောင်အဖွဲ့ဝင် ဦးဇော်မင်းလတ်အပါအဝင် အစ္စလာမ်ဘာသာဝင် စီးပွားရေးလုပ်ငန်းရှင် ၁၀ ဦးခန့် သွားရောက်ခဲ့ခြင်း ဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
အဆိုပါတွေ့ဆုံပွဲတွင် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးများဖြစ်သည့် အိုလမာအစ္စလာမ်သာသနာ့ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ကောင်စီဌာနချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မော်လဝီအဖွဲ့ချုပ်(ဗဟို)၊ မြန်မာ မွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့ မမလဌာနချုပ်၊ မြန်မာမွတ်စလင်အမျိုးသားရေးရာ အဖွဲ့ချုပ် (မ-အ-ဖ) ဌာနချုပ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိခဲ့ကြောင်း သိရသည်။
ထို့ပြင် တက်ရောက်ခဲ့သူများမှာ အစ္စလာမ် လူထုကို လုံးဝကိုယ်စားမပြုကြောင်း နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက်ကလည်း သဘောထား ထုတ်ပြန်ထားသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် သွားရောက်တွေ့ဆုံခဲ့သ့ည့် သူများမှာ မြန်မာနိုင်ငံ အစ္စလာမ်ဘာသာဝင်များ ကို ကိုယ်စားမပြုသည့်အပြင် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသော မိစ္ဆာများ၏ အစီအစဥ်တွင် သွားရောက် ပူးပေါင်းပါဝင်ခဲ့သည့်အတွက် အစ္စလာမ်တရားတော်နှင့် ဆန့်ကျင့်နေကြောင်းနွေဦးတော်လှန်ရေး မြန်မာမွတ်စလင် ကွန်ရက်ကပြောသည်။
နွေဦးတော်လှန်ရေး မြန်မာမွတ်စလင်ကွန်ရက်မှတာဝန်ရှိသူက” ဒီလူတွေက ကျနော်တို့ အစ္စလာမ်ဘာသာတွေကို ကိုယ်စားပြုနေတာ မဟုတ်ဘူး။ အခုလိုဖြစ်နေတဲ့အချိန်မှာ ပြည်သူနဲ့တသားတည်း ရှိမနေခဲ့ဘဲနဲ့ ပြည်သူကို အကြမ်းဖက်လုပ်ရပ်တွေ လုပ်ကိုင်နေတဲ့ စစ်တပ်ကို ဘယ်လိုအကြောင်းနဲ့ ဖြစ်ဖြစ်သွားတွေ့သည်ဖြစ်စေ ကျနော်တို့အနေနဲ့ လက်မခံနိုင်ဘူး” ဟုဆိုသည်။
သွားတွေ့သည့် အကြောင်းရင်းနှင့် တွေ့ဆုံခဲ့ခြင်းကို အခြား အစ္စလာမ်ဘာသာဝင်များအနေဖြင့် သိရှိရခြင်းမရှိဘဲ စစ်တပ်၏ဝါဒဖြန့်ရုပ်သံတွင် ပါဝင်လာသည့်အခါမှသာလျှင် သိရှိရခြင်းဖြစ်ကြောင်း သိရသည်။
အကြမ်းဖက် စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ဒီဇင်ဘာလ၅ရက်နေ့တွင် ရန်ကုန်မြို့သို့လာရောက်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၏ နာယကကြီးဦးတင်ဦး၊ စစ်ထောက်လှမ်းရေး အကြီးအကဲဟောင်း ခင်ညွန့်၊ စွယ်စုံရအနုပညာရှင်ကြီး စည်သူဘိုကလေးတင့်အောင်နှင့် အင်းစိန်ရွာမ ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသတို့နှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။
Terrorist Military Lies and Announces Meeting with Islamic Businessmen as Meeting with Islamic Religious Organizations
By MPA
Through their propaganda media, the terrorist military lied and announced their meeting with Muslim businessmen as meeting with Islamic organizations.
The terrorist military leader Min Aung Hlaing met with persons from multi-religions – U San Tun from Buddhism, U Zaw Zaw Naing from Hindusim, U Moe Sin form Christianity, U Aung Zaw Win from Islam and representative U Aung Cho from Chinese schools, the propaganda media said.
It’s been learnt from investigations that there were about 10 Muslim businessmen at the meeting including a former Member of Parliament of the USDP, U Aung Zaw Win and Nwe Aye Mosque Executive Committee member U Zaw Min Latt.
Plus, the Spring Revolution Myanmar Muslim Network has also issued a statement saying that the attendants absolutely did not represent the Muslim public.
Those who met with military leader Min Aung Hlaing not only did not represent the Muslims of Myanmar but the Spring Revolution Myanmar Muslim Network has said that they are against the teachings of Islam because they have participated in the programs of the evils that are terrorizing and killing the public.
An official from the Spring Revolution Myanmar Muslim Network said, “They don’t represent us, the Muslims. Instead of being with the people at this time; for whatever reasons, they went and met with the military which is committing terrorist activities, we absolutely cannot accept it”.
The reason for meeting and the meeting itself weren’t even known to the Muslims and it was only realized when it came on the military’s propaganda TV.
On December 5, the terrorist military leader Min Aung Hlaing came to Yangon and met with NLD chairman U Tin Oo, former military intelligence chief Khin Nyunt, versatile artist Sithu Bogale Tint Aung and Sayadaw Bhaddantati Loka Bhiwantha of Insein Ywama Pariyatti School.