• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
22 Mar 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

31 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

Myanmar Pressphoto Agency ၏ သတင်းထောက်နှစ်ဦး တာဝန်ထမ်းဆောင်နေစဉ် ဖမ်းဆီးခံရ

MPA by MPA
Dec 5, 2021
in မီဒီယာ, သတင်း
0
0
Share on FacebookShare on Twitter
[ English Below ]
MPA Editor
ရန်ကုန်မြို့ရှိ ဆန္ဒပြမှုဖြစ်စဉ်များကို လိုက်ပါ သတင်းရယူနေသူ Myanmar Pressphoto Agency ၏ ဓာတ်ပုံ သတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်းထောက် မမှူးရတနာခက်မို့မို့ထွန်းတို့ကို ဒီဇင်ဘာလ ၅ ရက်နေ့တွင် ဖြစ်ပွားခဲ့သည့် ကြည့်မြင်တိုင်ဖြစ်စဉ်တွင် စစ်ကောင်စီက ဖမ်းဆီးသွားခဲ့ကြောင်း သိရသည်။
ယနေ့ ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းတွင် ပြုလုပ်ခဲ့သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွင် ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့ ရောက်ရှိသတင်း ရယူခဲ့စဉ် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်အချို့က ကားနှင့်ဝင်တိုက်ပြီး ရက်စက်စွာ အကြမ်းဖက် ဖြိုခွဲခဲ့ သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ပေါ်ထွက်လာသော သတင်းဓာတ်ပုံများအရ ဒဏ်ရာရရှိသွားသည့် Myanmar Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း တွေ့မြင်ရပြီး မမှူးရတနာမှာ အဆက်အသွယ် မရဘဲ ပျောက်ဆုံးနေဆဲဖြစ်သည်။
ကိုကောင်းဆက်လင်းနှင့် မမှူးရတနာခက်မို့မို့ထွန်းတို့သည် တရားဝင်ပြဋ္ဌာန်းထားပြီး လက်ရှိအချိန်အထိ အသက် ဝင်နေဆဲဖြစ်သည့် မီဒီယာဥပဒေ ပုဒ်မ ၄ အရ နိုင်ငံသားတိုင်း သိခွင့်ရှိသော သတင်းအချက်အလက်များနှင့် သဘောထားအမြင်များကို ကျင့်ဝတ်စည်းကမ်းနှင့်အညီ စုံစမ်းဖော်ထုတ်ရေးသားခွင့်နှင့် သတင်းထုတ်လွှင့်ခွင့်နှင့် အညီ အဆိုပါ ဆန္ဒပြသပိတ်မှောက်ရာ နေရာသို့ ရောက်ရှိ သတင်းရယူနေခြင်း ဖြစ်သည်။
ထို့ပြင် မီဒီယာဥပဒေ ပုဒ်မ ၇ တွင်လည်း သတင်းမီဒီယာသမားတစ်ဦးသည် စစ်မက်ဖြစ်ပွားရာဒေသ၊ အရေး အခင်း၊ အဓိကရုဏ်း၊ အများပြည်သူဆန္ဒပြရာ နေရာဒေသ တို့၌ သက်ဆိုင်ရာ တာဝန်ရှိအဖွဲ့အစည်းက သတ်မှတ် ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင်-
(က) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းတစ်ရပ်ရပ်၏ ဖမ်းဆီးထိန်းသိမ်းခြင်း၊ သတင်းမှတ်တမ်းစသည့် သတင်း ရယူခြင်းနှင့် သက်ဆိုင်သော ကိရိယာများကို သိမ်းယူခံရခြင်းနှင့် ဖျက်ဆီးခံရခြင်းတို့မှ ကင်းလွတ်စေရမည်။
(ခ) လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်းများရှိက ယင်းတို့၏ ကာကွယ်စောင့်ရှောက်မှုကို တောင်းခံခွင့် ရှိစေရမည် ဟု အတိအလင်းပြဋ္ဌာန်းထားသည်။
မီဒီယာဥပဒေသည် လက်ရှိအချိန်အထိ ဖျက်သိမ်းထားခြင်း၊ ပြင်ဆင်ဖြည့်စွက်ထားခြင်း မရှိသည့် အတည်ပြု ပြဋ္ဌာန်းထားသော ဥပဒေလည်း ဖြစ်သည်။
သို့ဖြစ်ရာ Myanmar Pressphoto Agency ၏ ဓာတ်ပုံသတင်းထောက် ကိုကောင်းဆက်လင်းနှင့် ရုပ်သံသတင်း ထောက် မမှူးရတနာခက်မို့မို့ထွန်းတို့သည် ဥပဒေကို ချိုးဖောက်နေခြင်းမဟုတ်ဘဲ ပြည်သူလူထု၏ သိပိုင်ခွင့် အတွက် ၎င်းတို့၏ မီဒီယာတာဝန်ကို ထမ်းဆောင်နေစဉ် ဖမ်းဆီးခံခဲ့ရခြင်းသာ ဖြစ်သည်။
အယ်ဒီတာအဖွဲ့
Myanmar Pressphoto Agency
[ English Version ]
Two Reporters of Myanmar Pressphoto Agency Arrested while Working
MPA Editor
Photojournalist Ko Kaung Sett Lin and TV Reporter Ma Hmu Yadanar Khet Moh Moh Tun of Myanmar Pressphoto Agency were arrested by the SAC while obtaining news of protest in Yangon, during the Kyimyingdaing incident on December 5.
Today – on December 5 morning, while Ko Kaung Sett Lin and Ma Hmu Yadanar Khet Moh Moh Tun were obtaining news of an anti-military dictatorship protest held on Pan Pin Gyi road, some military members of the SAC drove through the crowd and cruelly cracked them down.
According to photos emerging from the incident, an injured Ko Kaung Sett Lin of the Myanmar Pressphoto Agency was taken away and arrested and Ma Hmu Yadanar is lost without any contact.
Ko Kaung Sett Lin and Ma Hmu Yadanar Khet Moh Moh Tun were there at the scene obtaining the news with the rights of investigating, identifying, writing and reporting the news and expressing their opinions and facts, in accordance with ethics, which every citizen is allowed to access under Media law section 4 which was passed and is still active till present.
In addition, it’s also written in section 7 of Media law that while journalists are taking news in accordance with prescribed rules of concerned organizations at places of war, uprising, riot, public protest,
(a) They must be exempt from being detained by any security organizations; from confiscation and destruction of any equipment used for obtaining news.
(b) And it’s clearly prescribed that they must be able to request protection from the security organizations.
The media law is one which hasn’t been abolished or amended but a confirmed law.
Therefore, photojournalist Ko Kaung Sett Lin and TV reporter Ma Hmu Yadanar Khet Moh Moh Tun of Myanmar Pressphoto Agency were not breaking the law but were just arrested while doing their job, for the right of access for the people.
Editorial Board
Myanmar Pressphoto Agency
Tags: detainHmuYadanarKhetMohMohTunKaungSatLinMediaMPAMyanmarNewsYangon
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

BCM

ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

Mar 21, 2023
ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်

ကျနော်က ရဲအုပ် xxx ပါ ။ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကနေ ၄ရက် ၃လ ၂၀၂၁ မှာ ကျနော် CDM လုပ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ထဲ မရောက်ခင် ၁၀တန်းကျောင်းသားဘဝအထိ ကျနော် ရည်ရွယ်ခဲ့တာက အင်ဂျင်နီယာလိုင်းပါ။...

Read more
by MPA
0 Comments
နိုင်ငံရေး

ကမ္ဘာကြီးက သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူများစွာ ယုံကြည်လာကြောင်း ကုလအထူးကိုယ်စား လှယ်ဆို

Mar 21, 2023
ကမ္ဘာကြီးက သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူများစွာ ယုံကြည်လာကြောင်း ကုလအထူးကိုယ်စား လှယ်ဆို

အခြားသောအရေးကိစ္စများဖြင့် ဗျာများနေသောကမ္ဘာကြီးသည် သူတို့ကို မေ့သွားပြီဟု မြန်မာပြည်သူ များစွာက ယုံကြည်လာကြကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောသည်။ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က မတ်လ၂၀ ရက်နေ့၊...

Read more
by MPA
0 Comments
နိုင်ငံရေး

မြန်မာ့အရေး ဆွေးနွေးမည့် အင်ဒိုနှင့်ထိုင်းခရီးစဉ် ဒဲရစ်ချောလက် စတင်

Mar 20, 2023
မြန်မာ့အရေး ဆွေးနွေးမည့် အင်ဒိုနှင့်ထိုင်းခရီးစဉ် ဒဲရစ်ချောလက် စတင်

မြန်မာနိုင်ငံအကျပ်အတည်းကို ဖြေရှင်းရန်အတွက် အမေရိကန်နိုင်ငံခြားရေးဌာနအတိုင်ပင်ခံ ဒဲရစ် ချောလက် အင်ဒိုနီးရှားနှင့်ထိုင်းသို့ ခရီးစဉ် ယနေ့စတင်ပြီဖြစ်သည်။ ဒဲရစ်ချောလက်၏ အင်ဒိုနီးရှားနှင့်ထိုင်းခရီးစဉ်သည် မတ်လ၂၀မှ ၂၄ရက်နေ့အထိဖြစ်ပြီး ယင်း၂နိုင်ငံ ၏ထိပ်ပိုင်းခေါင်းဆောင်များနှင့် တွေ့ဆုံသည့်အခါ ဆိုးရွားလာနေသည့် မြန်မာ့အကျပ်အတည်း နှင့်ပတ်သက်ပြီး ပြည်သူလိုလားသည့်အဖြေရအောင် ငြိမ်းချမ်းသည့်နည်းဖြင့်...

Read more
by MPA
0 Comments
သတင်း

စစ်တပ် မီးရှို့သဖြင့် ပြာကျသွားသောနေအိမ် ခြောက်သောင်းကျော်ရှိ ရွာမီးရှို့ခြင်းကို မဟာဗျူဟာမြောက် ကျင့်သုံးနေ

Mar 20, 2023
စစ်တပ် မီးရှို့သဖြင့် ပြာကျသွားသောနေအိမ် ခြောက်သောင်းကျော်ရှိ ရွာမီးရှို့ခြင်းကို မဟာဗျူဟာမြောက် ကျင့်သုံးနေ

စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သည့် ပြည်သူ့နေအိမ် ခြောက်သောင်းကျော်ရှိပြီဖြစ်ကြောင်း Data for Myanmar က ယနေ့ထုတ်ပြန်သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖေါ်ဝါရီ ၂၈ ရက်နေ့အထိ စစ်အာဏာသိမ်းကာလအတွင်း စစ်ကောင်စီနှင့်လက်အောက်ခံ အဖွဲ့အစည်းများက မီးရှို့ဖျက်ဆီးမှုကြောင့် အရပ်သားပြည်သူ နေအိမ်ပေါင်း...

Read more
by MPA
0 Comments
သတင်း

ကျဆုံးသွားသူများနှင့် တိုက်ပွဲဝင် PDF များကို ကိုယ်ချင်းစာ၊ စစ်ကောင်စီသင်္ကြန်အား ငြင်းဆန်ကြရန် တောင်းဆို

Mar 20, 2023
ကျဆုံးသွားသူများနှင့် တိုက်ပွဲဝင် PDF များကို ကိုယ်ချင်းစာ၊ စစ်ကောင်စီသင်္ကြန်အား ငြင်းဆန်ကြရန် တောင်းဆို

နွေဦးတော်လှန်ရေးတွင် ကျဆုံးသွားသော သူရဲကောင်းများနှင့် တိုက်ပွဲဝင်နေသည့် PDF ရဲဘော်များကို ကိုယ်ချင်းစာသည့်အနေဖြင့် စစ်ကောင်စီ ပြုလုပ်မည့် သင်္ကြန်တွင် မပါဝင်ကြရန် တန့်ဆည်သပိတ် အင် အားစုက တောင်းဆိုလိုက်သည်။ ယနေ့နံနက်ပိုင်းတွင် တန့်ဆည်မြို့နယ်အတွင်း တန့်ဆည်ပင်မသပိတ်နှင့် တန့်ဆည်အမျိုးသမီးသပိတ်တို့ပူးပေါင်းကာ အာဏာရှင်...

Read more
by MPA
0 Comments
PDF

ဘီလူးစစ်ကြောင်း သိမ်းပိုက်လိုက်သည့် MBT ဌာနချုပ်ကို မဟာမိတ်များအကူအညီဖြင့် ပြန်လည်ရယူ

Mar 20, 2023
ဘီလူးစစ်ကြောင်း သိမ်းပိုက်လိုက်သည့် MBT ဌာနချုပ်ကို မဟာမိတ်များအကူအညီဖြင့် ပြန်လည်ရယူ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အတွင်း ဘီလူးကွန်မန်ဒိုစစ်ကြောင်း စီးနင်းသိမ်းပိုက်လိုက်သော Myingyan Black Tiger တပ်ဖွဲ့ဌာနချုပ်ကို မဟာမိတ်များ အကူအညီဖြင့် ပြန်လည်ရယူနိုင်ခဲ့ကြောင်း သိရသည်။ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းက ဘီလူးကွန်မန်ဒိုစစ်ကြောင်း သိမ်းပိုက်ထားသည့် MBT တပ်ဖွဲ့၏...

Read more
by MPA
0 Comments
PDF

မုံရွာ နမခ ဂိတ် လက်နက်ကြီး ထိမှန်ပြီးနောက် ဓာတုလက်နက်ဖြင့် စစ်ကောင်စီတပ် ပြန်ပစ်ဟုဆို

Mar 20, 2023
မုံရွာ နမခ ဂိတ် လက်နက်ကြီး ထိမှန်ပြီးနောက် ဓာတုလက်နက်ဖြင့် စစ်ကောင်စီတပ် ပြန်ပစ်ဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) က PDF များကို ဓာတု လက်နက်ဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကြောင်း Chindwin Attack Force က သတင်းထုတ်ပြန်ထားသည်။ မတ်လ ၁၉ ရက် ၊မွန်းလွဲ ၂...

Read more
by MPA
0 Comments
အယ်ဒီတာ့အာဘော်

စစ်ကောင်စီ လည်မျိုပေါ် ရောက်လာသော နောက်ထပ်ကြိုးတစ်ချောင်း

Mar 20, 2023
စစ်ကောင်စီ လည်မျိုပေါ် ရောက်လာသော နောက်ထပ်ကြိုးတစ်ချောင်း

စစ်ကောင်စီ၏ ကြောက်မက်ဖွယ်ရာ အရပ်သားပြည်သူများအပေါ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ၆၄ ကြိမ်၊ စုစုပေါင်းအသတ်ခံရသည့် ပြည်သူ ၇၆၆ ဦး ရှိပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေး ဆိုင်ရာ ဝန်ကြီးဌာန၏ ၂၀၂၁-၂၀၂၃ ခုနှစ်၊ မတ်လ ၁၃...

Read more
by MPA
0 Comments
စစ်ဘေးရှောင်

စစ်တပ်မီးရှို့၍ ပြာကျခဲ့သောရွာမှ ကလေး၂၀၀ကို ပဲနို့နှင့်ဟမ်ဘာဂါ ဒါနပြု

Mar 18, 2023
စစ်တပ်မီးရှို့၍ ပြာကျခဲ့သောရွာမှ ကလေး၂၀၀ကို ပဲနို့နှင့်ဟမ်ဘာဂါ ဒါနပြု

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ စစ်တပ် မီးရှို့ခြင်းခံရသော ကျေးရွာမှ ကလေးအယောက် ၂၀၀ ကို အာဟာရဒါနပြုခဲ့ကြောင်း အညာပစ်တိုင်းထောင်လေးများအဖွဲ့က ယနေ့ထုတ်ပြန်သည်။ ကလေးငယ်များကို အာဟာရဒါန အဖြစ် ပဲနို့နှင့်ဟမ်ဘာဂါ ကျွေးနိုင်ခဲ့ပြီး ယခုလို လှူုဒါန်းနိုင်ရန် ကူညီပေးသော အနာဂတ်အလင်းတန်းများအဖွဲ့ကို...

Read more
by MPA
0 Comments
PDF

မြိုင် ရေနံမြေ စစ်ကောင်စီစခန်းကို PDF အဖွဲ့ ၃၀ ကျော် ပူးပေါင်းတိုက်၊ စစ်သား ၇ ဦး သေဆုံးပြီး လေကြောင်းပစ်ကူ ၃ ကြိမ်ခေါ်ရ

Mar 18, 2023
မုံရွာလဝကရုံးဟောင်း တိုက်ခိုက်ခံရ၊ Tikk tok ဆော့နေသောစစ်သား၂ဦး သေဆုံးဟုဆို

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် Well-2 ရေနံမြေက စစ်ကောင်စီစခန်း ကို ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃၀ ကျော်က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လေယာဥ်ပစ်ကူ ၃ ကြိမ်ခေါ် ခဲ့ရကြောင်း သိရသည်။ မတ်လ ၁၇ ရက် နံနက် ၇နာရီ...

Read more
by MPA
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (2632) Myanmar (2367) News (1887) military (289) Politics (274) PDF (255) Yangon (225) SAC (192) SagaingRegion (153) RakhineState (122) militarycoup (118) Covid_19 (103) Battle (85) Pressphoto (84) Mandalay (80)

Monthly Archive

မတ် လ၊ 2023 ခုနှစ်
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
« Feb    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In