Photo – Hein Nay Zaw / Myanmar Pressphoto Agency
သူမနာမည်ကတော့ ဒေါ်အေးအေးမော်ပါ။ ကြောင်အကောင်ရေများစွာကို ဂေဟာသဘောမျိုးထားကာ နေ့စဉ်ထိန်းသိမ်းစောင့်ရှောက်နေသူပါ။
ယင်းဂေဟာကို သူမဟာ မနက် ၇နာရီခွဲ ၈နာရီလောက် ပုံမှန်ရောက်လာတတ်ပြီး ညနေ ၅နာရီခွဲ ကျော်ကျော်လောက်မှာပြန်ပြီး နေ့စဉ် ကြောင်တွေရဲ့အညစ်အကြေးရှင်းလင်းတာတွေ အစာကြွေးတာတွေကို သူမသမီးနဲ့ အကူတယောက်နဲ့ အတူတူ လုပ်ကိုင်လေ့ရှိပြီး ကြောင်တွေအပေါ် အသေးစားကျန်းမာရေးစောင့်ရှောက်မှုတွေကိုတော့ သူမကိုယ်တိုင်လုပ်ပြီး ဒီဂေဟာမှာ ကြောင်တွေနဲ့ အတူ ၂နှစ်ကျော်ကြာအောင် သူမဘ၀ကို ဖြတ်သန်းနေတာပါ။
ဒီဂေဟာမှာ ကြောင်အကောင်ရေပေါင်း ၄၀၀ကျော် ၅၀၀နီးပါးရှိပြီး တလကျော်ကုန်ကျစရိတ်က သိန်းနှစ်ဆယ်ကျော်နီးပါးရှိနေပါတယ်။ဂေဟာစစဖွင့်ချင်းမှာတော့ သူမအပါအ၀င် သူမရဲ့ သမီးတွေနဲ့ သူမသူငယ်ချင်းတယောက်တို့ရဲ့ ၀င်ငွေနဲ့ ဒီဂေဟာကို အသက်ဆက်ခဲ့ရတာပါ။ ၂နှစ်တာကာလအတွင်းမှာ လူတွေရဲ့ ဝေဖန်မှုတွေအများအပြားရှိခဲ့ပေမဲ့ ဂရုမစိုက်ပဲ ကျော်ဖြတ်ခဲ့ပြီး ဒီဂေဟာကို အသက်ဆက်ခဲ့ပါတယ်။
ကြောင်တွေကို အိမ်မွေးတိရစ္ဆာန်အဖြစ် သို့မဟုတ် အရမ်းအပျင်းကြီးတဲ့တိရစ္ဆာန် လူတွေနဲ့ လက်ပွန်းတတီးနေရတာကို နှစ်ကြိုက်တဲ့ တိရစ္ဆာန်အဖြစ် လူတွေက ထင်မှတ်ကြပေမဲ့ စွန့်ပစ်မှုတွေများလို့ ကယ်ဆယ်ထိန်းသိမ်းစောင့်ရှောက်ထားတဲ့ သူမကတော့ ကြောင်တွေကို အရမ်းသနားစရာကောင်းတဲ့ ကလေးလေးတွေလို့ ကြောင်တွေအပေါ်မှာ ခံယူထားသူပါ။
လေလွင့်နေတဲ့ကြောင်တွေကို လိုက်လံကယ်ဆယ်ရာမှ ပြန်လည်ပြုစုစောင့်ရှောက်ပြီး ကယ်ဆယ်တဲ့နေရာကို ပြန်ပို့ထားခဲ့ရာမှ ပျောက်ပျောက်သွားတတ်လို့ နေရာတခုမှာ သေသေချာချာ ထိန်းသိမ်းစောင့်ရှောက်ဖို့ ဖြစ်လာတာလို့ သူမကတော့ ဆိုပါတယ်။
စစဖွင့်ချင်းမှာတုန်းက အလျှူရှင်တွေ အများအပြားရှိပေမဲ့ အခုချိန်မှာတော့ အလျှူရှင်နည်းပါးလာတဲ့အတွက် ဒီဂေဟာကို အသက်ဆက်ဖို့ တချို့အရာတွေကို လိုအပ်နေပေမဲ့ ခြွေတာပြီး ထိန်းသိမ်းစောင့်ရှောက်နေ နေရတယ်လို့ သူမက ပြောပါတယ်။
အခုစောင့်ရှောက်ထားတဲ့နေရာကနေပြီးတော့ ဒီထက်ပိုကောင်း ပိုသပ်ရပ်တဲ့နေရာမှာ ထားနိုင်ဖို့နဲ့ ဒီထက်ပိုများတဲ့ကြောင်တွေကို ကယ်ထားနိုင်ဖို့ကို သူမကတော့ မျှော်လင့်လို့နေပါတယ်။
ခရိုင်မှူးက ပါးစပ်ထဲကို လိင်အင်္ဂါတုနဲ့ ထိုးထည့်တယ်
ကျနော်က ရဲအုပ် xxx ပါ ။ xxxမြို့နယ် ရဲတပ်ဖွဲ့မှုးရုံးကနေ ၄ရက် ၃လ ၂၀၂၁ မှာ ကျနော် CDM လုပ်ခဲ့တာပါ။ ရဲတပ်ဖွဲ့ထဲ မရောက်ခင် ၁၀တန်းကျောင်းသားဘဝအထိ ကျနော် ရည်ရွယ်ခဲ့တာက အင်ဂျင်နီယာလိုင်းပါ။...