ပန်းဆက်ကျေးရွာတဝိုက် ပျူစောထီးများသောင်းကျန်း

By MPA
စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်၊ပန်းဆက်ကျေးရွာတဝိုက်တွင် အကြမ်းဖက်စစ်တပ်က လက်နက်အပြည့်အစုံ တပ်ဆင်ပေးထားသည့် ပျူစောထီးအဖွဲ့များ သောင်းကျန်းနေကြောင်း ဒေသခံများ ထံမှသိရသည်။
အဆိုပါ ပျူစောထီးအဖွဲ့များ၏ လက်နက်အပြည့်အစုံနဲ့ ဓာတ်ပုံများကို မင်းကင်းနွေဦးတော်လှန်ရေးအဖွဲ့က လူမှုကွန်ယက်မှ တဆင့်မျှဝေခဲ့သည်။
“ စစ်ခွေးများ၏ အရံအင်အား ပေါ်တင်အသုံးချခံ၊ အသုံးတော်ခံနေသည် လက်နက်တပ်ဆင်ထားသော ပျူစောထီးတွေကို ဘာလို့တင်ရသလဲဆိုရင် အခုလိုဇောင်းကြွနေတဲ့ကောင်တွေ တသက်လုံးပန်းဆက်ရွာထဲက အရှင်ထွက် ထွက်မရအောင် ကြေငြာပေးရတာပဲဖြစ်ပါတယ်” ဟု အဆိုပါ အဖွဲ့က ပြောဆိုထားသေးသည်။
မင်းကင်းမြို့နယ်အတွင်းရှိ ကျေးရွာဖြစ်သည့်ပန်းဆက်ကျေးရွာသည် စစ်တပ်ထောက်ခံသူများ၊ ဒလန်များနှင့် ပျူစောထီးများအများဆုံးရှိရာကျေးရွာတစ်ခုဖြစ်ပြီး အကြမ်းဖက် စစ်တပ်အထောက်အပံ့ရထားသည့် ပျူစောထီးများသည်လုံခြုံရေး စစ်ဆေးရေးလုပ်ငန်များကိုပါ လုပ်ကိုင်နေကြကြောင်း ဒေသခံတော်လှန်ရေး သမားများကပြောသည်။
“ သူတို့ကမြစ်ထဲက လာတဲ့သူတွေ ခရီသွားတွေ၊ လူငယ်တွေကို စစ်ဆေးတာတွေ။ ပြီးတော့ဖမ်းဆီးတဲ့ အထိ ပစ်ခတ်ဖမ်းဆီးတဲ့အထိကို လုပ်ပိုင်ခွင့်တွေ ရှိကြတယ်။ အဲဒီတော့ စစ်တပ်က မဝန်ခံပေမယ့် သူတို့က စစ်တပ်က အားပေးအားမြှောက်ပြုလုပ်ထားတဲ့အဖွဲ့ပါပဲ ” ဟု မင်းကင်းဒေသခံ တော်လှန်ရေးသမား တစ်ဦးက ဆိုသည်။
ချင်းတွင်းမြစ်ကို ဩဂုတ်လက ဖြတ်သန်းသွားလာခဲ့သည့် လူငယ်တစ်ဦး၏ ဖုန်းအတွင်း မင်းအောင်လှိုင်ကို နောက်ပြောင်ထားသော ဓါတ်ပုံများတွေ့ရှိသဖြင့် ပန်းဆက်ကျေးရွာပျူစောထီးအဖွဲ့မှ ၎င်းကိုဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း သိရသည်။
ပျူစောထီးမျာသည် လက်နက် အပြည့်အစုံပါဝင်ပြီး လူကြီးလူငယ် အရွယ်စုံပါဝင်ကာ သေနတ်ဖြင့်ပစ်ခတ်မှုများ၊ ဆဲဆိုရိုင်းစိုင်းမှုများ ပြုလုပ်ခဲ့ကြောင်း ကိုယ်တွေ့ကြုံရသူ အဆိုပါလူငယ်က ပြောသည်။
“ မင်းအောင်လှိုင်နဲ့ မန်ယူနည်းပြ ဆိုးလ်ရှားပုံရယ်ကို နှိုင်းယှဉ်ပြီး ဟာသလုပ်ထားတဲ့ပုံတွေ့သွားတယ်။ အဲဒီတော့ မင်းတို့နိုင်မယ် ထင်လားပေါ့။ မင်းတို့ကိုမကြောက်ဘူး။ မင်းတို့အကုန်လုံးကိုရှင်းမှာ၊ မင်းတို့KIA တွေရော KNUရော ခေါခဲ့ အဲဒီလိုပြောတယ်။ ပါးတွေရိုက်တယ်။အနောက်ကနေဆောင့်ကန်တယ်။ “ ဟု အဆိုပါလူငယ်က ပြောသည်။
မင်းကင်းမြို့နယ်အတွင်းရှိ စစ်တပ်အမာခံပျူစောထီးနှင့် ဒလန်များ အများဆုံးနေထိုင်ရာနေရာဖြစ်သည့် ပန်းဆက်ကျေးရွာနှင့် တောင်ဖြူကျေးရွာကို ဇူလိုင်လအတွင်းက ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက သွားရောက် တိုက်ခိုက်ခဲ့သေးသည်။
ပျူစောထီး အဖွဲ့ ဖွဲ့စည်းထားခြင်းမရှိကြောင်း အကြမ်းဖက်စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းက သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ငြင်းဆိုထားသည်။
သို့သော်လည်း မိမိကိုယ်ကို ပျူစောထီးဟု MPA ကို မိတ်ဆက်ခဲ့သူတစ်ဦးက ပျူစောထီးအဖွဲ့တွင် စစ်မှုထမ်း ဟောင်းများ၊ စစ်တပ်ထောက်ခံသူများ၊ ကြံ့ခိုင်ရေးအဖွဲ့ဝင်များနှင့် မဘသများပါဝင်ပြီး သေနတ်ပစ်ခတ်ခြင်းကဲ့သို့ သင်တန်းများလည်း ပေါ်ပေါ်တင်ပေးလျက်ရှိကြောင်း ဇူလိုင်လအတွင်းကပြောဆိုထားသည်။
( Photo – ဗျူစောထီးများ လက်နက်ကိုယ်စီဖြင့် ဆိုရှယ်မီဒီယာတွင် ဟန်ရေးပြနေသည့် ဓါတ်ပုံများဖြစ်သည် )
Advertisement Advertisement Advertisement
ADVERTISEMENT

ဆက်စပ် သတင်းများ

စပါးစျေးထိုးကျနေသော်လည်း ဆန်စျေးနှုန်းများဆက်လက်မြင့်တက်

စပါးစျေးထိုးကျနေသော်လည်း ဆန်စျေးနှုန်းများဆက်လက်မြင့်တက်

စပါးဝယ်ယူသည့် စျေးနှုန်းများကျဆင်းနေသော်လည်း ဆန်စျေးနှုန်းများမှာမူ ကျဆင်းခြင်းမရှိဘဲ ဆက်လက်မြင့်တက်နေကြောင်း တောင်သူလယ်သမားများနှင့် ဆန်လုပ်ငန်းရှင်များထံမှသိရသည်။ တောင်သူလယ်သမားများထံမှ ကောက်ယူသော စပါးစျေးမှာ တင်း ၁၀၀ လျှင် သိန်း ၂၀ ‌အောက်သာရှိကြောင်း ဧရာ၀တီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ လယ်သမားတစ်ဦးက ပြောသည်။...

ကလေးမြောက်ပိုင်းရှိ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၂)ဦးအပါအဝင်(၅)ဦးသေဆုံး

ကလေးမြောက်ပိုင်းရှိ စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေး(၂)ဦးအပါအဝင်(၅)ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းသို့ စစ်ကောင်စီက ဧပြီ ၂၄ ရက်၊ ညနေ ၃ နာရီခွဲအချိန်တွင် (၁၂၀) မမ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သောကြောင့် ပျဥ်းတောဦးရွာအတွင်းကျရောက်ပေါက်ကွဲခဲ့ပြီး ၉ နှစ်အရွယ်ကလေး၂ ဦးအပါအဝင် ၅ ဦးသေဆုံးကာ ၅...

ပြင်ဦးလွင်၌ အမျိုးသားတစ်ဦးက အဒေါ်နှင့် အစ်မတို့ကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွား

ပြင်ဦးလွင်၌ အမျိုးသားတစ်ဦးက အဒေါ်နှင့် အစ်မတို့ကို ဓားဖြင့် ခုတ်သတ်မှု ဖြစ်ပွား

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် ယမန်နေ့(ဧပြီ ၂၄ရက်)၊ မနက် ၈နာရီခန့်က ရကတ(၁၀)ကားကြီးကွင်းနှင့် မီးခွက်စျေးအနီးတွင် အမျိုးသားတစ်ဦး၏ ၎င်း၏ အဒေါ်နှင့် အစ်မဖြစ်သူတိုကို ဓားဖြင့် ခုတ်သတ်ခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ပြစ်မှုကျူးလွန်သူသည် အဒေါ်ဖြစ်သူနှင့်...

ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများမှာ အထွေထွေအခက်အခဲများအပြင် ရေရှားပါးမှုပြဿနာနှင့်ပါရင်ဆိုင်လာရ

ကောလင်းမြို့နယ်ရှိ စစ်ဘေးရှောင် ပြည်သူများမှာ အထွေထွေအခက်အခဲများအပြင် ရေရှားပါးမှုပြဿနာနှင့်ပါရင်ဆိုင်လာရ

စစ်ကောင်စီက ပြန်လည်သိမ်းယူထားသော ကောလင်းမြို့နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်‌နေရသော ဒေသခံပြည်သူများမှာ အခြေခံစားသောက်ကုန်၊ လူသုံးကုန်၊ ဆေးဝါးပစ္စည်းများအပြင် ရေရှားပါးမှုပြဿနာများပါ ကြုံတွေ့နေရကြောင်း စစ်ရှောင်ပြည်သူများထံမှ သိရသည်။ "ရေက ဒီလူအင်အားနဲ့ စက်ရေတွင်းက တစ်တွင်းပဲရှိတယ်၊ တစ်နေ့ကို...

မုံရွာ-မန်း လမ်းမကြီးဘေး မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် အိမ်များကိုပါ စစ်တပ် မီးရှို့သွား

မုံရွာ-မန်း လမ်းမကြီးဘေး မိုင်းရှင်းလင်းရေး လုပ်ဆောင်စဉ် အိမ်များကိုပါ စစ်တပ် မီးရှို့သွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းရှိ မုံရွာ-မန္တလေးလမ်းပိုင်းတွင် မိုင်းဆွဲခံရမှာကြောက်သည့် စစ်တပ်က လမ်းဘေးဝဲ၊ ယာ ခြုံများ ရှင်းလင်းရင်း နေအိမ် ၈လုံးကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း သိရသည်။ ဧပြီ ၂၄ရက်၊ နံနက် ၉နာရီဝန်းကျင်က ချောင်းဦးမြို့ပေါ်၊ မြပုလဲဆီဆိုင်ဂိတ်၊ ဘက်စုံအထိုင်ချစခန်းမှ...

မတ္တရာတွင် ဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် မြို့လုံးပတ်လည် တင်းကျပ်စွာစစ်ဆေး၊ တစ်ဦးမျှ အဖမ်းမခံရဟုဆို

မတ္တရာတွင် ဗိုလ်မှူးတစ်ဦး ပစ်ခတ်ခံရပြီးနောက် မြို့လုံးပတ်လည် တင်းကျပ်စွာစစ်ဆေး၊ တစ်ဦးမျှ အဖမ်းမခံရဟုဆို

မန္တလေးတိုင်း၊ မတ္တရာမြို့ပေါ်တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသော စစ်ကောင်စီဗိုလ်မှူးတစ်ဦး ကျည်သင့် သေဆုံးပြီးနောက် စစ်သားများက မြို့လုံးပတ်လည် တင်းကျပ်စွာ စစ်ဆေးခဲ့သော်လည်း တစ်ဦးမျှ အဖမ်းမခံရကြောင်းသိရသည်။ ဧပြီ ၂၄ရက်၊နံနက်ပိုင်းတွင် မတ္တရာမြို့ပေါ်ရှိ ‘ စု’လက်ဖက်ရည်ဆိုင်၌ မြို့နယ်စစ်ကောင်စီ အဖွဲ့ဝင် ဗိုလ်မှူး...

ကမ်းနီကျေးရွာသို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၇ဦးဒဏ်ရာရ

ကမ်းနီကျေးရွာသို့ စစ်တပ်လေကြောင်းတိုက်ခိုက်မှု ပြည်သူ ၇ဦးဒဏ်ရာရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ထီးချိုင့်မြို့နယ်ရှိ ကမ်းနီကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ၊ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သောကြောင့် ပြည်သူ ၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ နေအိမ်နှင့် အဆောက် အဦး အချို့ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့...

စစ်ကောင်စီအတွက် ရိက္ခာနှင့် စစ်ကူပို့ပေးသည့် ငါးဖမ်းစက်လှေတစ်စီး တိုက်ခိုက်ခံရ

စစ်ကောင်စီအတွက် ရိက္ခာနှင့် စစ်ကူပို့ပေးသည့် ငါးဖမ်းစက်လှေတစ်စီး တိုက်ခိုက်ခံရ

တနင်္သာရီတိုင်း၊ ထား၀ယ်မြို့နှင့် ကျောက်နီမော်ရွာအကြား ထား၀ယ်မြစ်ကြောင်းအတိုင်း စုန်ဆင်းလာသည့် စစ်ကောင်စီတပ်၏ ရိက္ခာနှင့် စစ်ကူပို့ ငါးဖမ်းစက်လှေတစ်စီးကို လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်း ယင်းတပ်ဖွဲ့ထံမှ သိရသည်။ ဧပြီ ၂၃ ရက်၊ နံနက် ၁၁ နာရီ ၄၅...

ကမ္ဘာ့ရွှေဈေးကြောင့် နှစ်ရက်အတွင်း ပြည်တွင်းရွှေဈေး အနည်းငယ်ကျဆင်းလာ

ကချင်ပြည်နယ်တွင်း တစ် ကျော့ပြန် စစ်ပွဲ ၁၂နှစ်ပြည့် အထိမ်းအမှတ်နေ့ကို အရင်နှစ်ထက် စိတ်ဝင်စားမှုနည်းလာ

ကမ္ဘာ့ရွှေဈေးကျဆင်းလာမှုနှင့်အတူ ပြည်တွင်းအခေါက်ရွှေဈေးနှုန်းမှာလည်း နှစ်ရက်အတွင်း အနည်းငယ်ကျဆင်းလာပြီး ဈေးအကွက်အတွင်း အရောင်းအဝယ်မလုပ်ဘဲ စောင့်ကြည့်‌နေကြသူများကြောင်း ရွှေလုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရသည်။ သင်္ကြန်မတိုင်မီ ဧပြီ ၁၂ ရက်က ကမ္ဘာ့ရွှေဈေးမှာတစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂၄၀၀ ရှိရာမှာ သင်္ကြန်ကာလအပြီး ပြည်တွင်းရွှေဈေးကွက်ဖွင့်ချိန်တွင်...

ရေစကြို PDFနှင့် အမြဲတမ်းစစ်ရှောင်တို့ ပူပြင်းသည့်ဒဏ်ကြောင့် ဖျားနာနေကြ

ရေစကြို PDFနှင့် အမြဲတမ်းစစ်ရှောင်တို့ ပူပြင်းသည့်ဒဏ်ကြောင့် ဖျားနာနေကြ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် ပူပြင်းသည့် ရာသီဥတုဒဏ်ကြောင့် PDFရဲဘော်နှင့် အမြဲတမ်းစစ် ရှောင်တို့ ဖျားနာနေကြကြောင်း သိရသည်။ ဧပြီ ၂၀ရက်မှ စတင်ကာ နေ့အပူချိန် ၄၁ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်လာခဲ့သည့်အတွက် အပူလျှပ်ပြီး ဖျားနာကြခြင်းဖြစ်ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။...

ရွေးချယ်ရန် Topics

Monthly Archive

ဧပြီ လ၊ 2024 ခုနှစ်
M T W T F S S
1234567
891011121314
15161718192021
22232425262728
2930  
ADVERTISEMENT

Welcome Back!

Login to your account below

Retrieve your password

Please enter your username or email address to reset your password.