By MPA
အမေရိကန် ဗဟိုထောက်လှမ်းရေးအေဂျင်စီ CIA ၏ လက်ထောက်ညွှန်ကြားရေးမှူး ဒေးဗစ်ကိုဟင်းသည် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာနှင့် နိုဝင်ဘာ(၁၉)ရက်နံနက်ပိုင်းက တံခါးပိတ်တွေ့ဆုံခဲ့ရာတွင် မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနှင့် မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေကိစ္စများ အပါအဝင် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးစသည့် အကြောင်းအရာများစွာတို့ကို ဆွေးနွေးခဲ့ကြောင်း Bangkok Post က နိုင်၀င်ဘာ၂၀ ရက်နေ့ က ရေးသားထားသည်။
ထိုင်း၀န်ကြီးချုပ်အိမ်တော်တွင် နို၀င်ဘာ၁၉ရက်နေ့ နံနက် ၉ နာရီခွဲမှစတင်ကာ (CIA) ၏ လက်ထောက် ညွှန်ကြား ရေးမှူး ဒေးဗစ်ကိုဟင်း နှင့် ပရာယွတ်သည် ၄၅ မိနစ်ခန့်ကြာသည်အထိ တွေ့ဆုံခဲ့ကြောင်း သတင်းရင်း မြစ်များကဆိုသည်။
ထိုင်းနိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီ၏ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ဆူပွန် မလာနီရွန်ကမူ အစိုးရအိမ်တော်တွင် မစ္စတာကိုဟင်နှင့် ဗိုလ်ချုပ်ကြီး ပရာယွတ်တို့ တွေ့ဆုံခဲ့ကြောင်း အတည်ပြုခဲ့သည်။
သို့သော်လည်း အမေရိကန်ထောက်လှမ်းရေးအေဂျင်စီနှင့် ထိုင်းအစိုးရအကြား သတင်းအချက်အလက် မျှဝေခြင်းနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးအတွက် ထိုင်းနိုင်ငံသို့ တစ်နှစ်လျှင်တစ်ကြိမ် စီအိုင်အေ အမှုဆောင်တစ်ဦး လာရောက်ခြင်းမှာ ပုံမှန်ဖြစ်ကြောင်း ရှင်းပြသည်။
သို့ရာတွင် နိုင်ငံရေး၊ စီးပွားရေးနှင့် (နှစ်နိုင်ငံ) ပူးပေါင်းဆောင်ရွက်ရေးတို့ကို ယေဘုယျသဘော ဆွေးနွေးခြင်း မဟုတ်ဘဲ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုများ သို့မဟုတ် ပစိဖိတ်ကျော် မိတ်ဖက်ဆက်ဆံရေးအတွက် ဘက်စုံတိုးတက်ရေး ဆိုင်ရာ သဘောတူညီချက် [CPTPP] ဖြစ်ကြောင်း အခြားသတင်းရင်းမြစ်က ပြောဆိုသည်။
ကိုဟင်သည် ဒုတိယဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝန်၊ ထိုင်းအစိုးရ၏ လုံခြုံရေးဆိုင်ရာ တာဝန်ခံ ဗိုလ်ချုပ်ကြီး ဆူပွန်တို့နှင့် လည်း သီးခြားစီ တွေ့ဆုံခဲ့သည်။
ကိုဟင်သည် ထိုင်းနိုင်ငံမှ ထွက်ခွာပြီးနောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ၏ အခြားနိုင်ငံ နှစ်နိုင်ငံ သို့ ဆက်လက်သွားရောက်ရန် စီစဉ်ထားကြောင်းကိုလည်း သိရှိရသည်။
ပဋိပက္ခဒေသများသို့ ကာကွယ်ဆေးများလှူဒါန်းရန် အမေရိကန်အစိုးရသည် သန်းနှင့်ချီသော Johnson & Johnson ကိုဗစ်နိုင်တင်းကာကွယ်ဆေးများကို လာမည့် ဒီဇင်ဘာလတွင် ထိုင်းနှင့်မြန်မာ နယ်စပ်သို့ ပို့ဆောင်မည်ဖြစ်ကြောင်း အမေရိကန်သတင်းဌာန Politico ကလည်း ယခုရက်ပိုင်းတွင် ရေးသားထားသည်။
ထိုကာကွယ်ဆေးအများအပြားသည် ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းများထံအပြင် တိုင်းရင်းသား လက်နက်ကိုင်တပ်များ ထိန်းချုပ်ရာ ဒေသများရှိ ဒေသခံများနှင့် စစ်ရှောင်ဒုက္ခသည်များထံ ပေးပို့နိုင်ရန် မျှော်လင့်ထားပြီး အဆိုပါကိစ္စရပ်သည် ထိုင်းအစိုးရ၏ အကူအညီမပါဘဲ မဖြစ်နိုင်ခြေ။
#CIA #ထိုင်း #မြန်မာအရေး #MPA
မဲပလီဗျူဟာစခန်း သိမ်းပိုက်ခံရပြီးနောက် ဘီးလင်းနှင့် ကျိုက်ထိုကို စစ်တပ် လေကြောင်းတိုက်ခိုက် မှု စိပ်လာ
By Ra Wai / MPA မဲပလီဗျူဟာစခန်းကို တော်လှန်ရေးတပ်များ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်တပ်က ဘီလင်းနှင့် ကျိုက်ထိုမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာကြောင်း သိရသည်။ စစ်ကောင်စီတပ်အတွက် အရေးပါသည့် ဘီးလင်းမြို့နယ်အတွင်းရှိ မဲပလီဗျူဟာစခန်းကို ဖေဖေါ်ဝါ ရီ...