အာဏာသိမ်းကာလ ဖေဖော်ဝါရီလ၁ရက်နေ့မှစ၍ နိုဝင်ဘာလ ၁၆ရက်နေ့ အထိကာလအတွင်း တော်လှန်ရေး တပ်ဖွဲ့များကြောင့် အကြမ်းဖက်စစ်တပ်၏ အောက်ခြေ အုပ်ချုပ်ရေးဝန်ထမ်း ၂၀၀ နီးပါး သေဆုံးခဲ့ကြောင်း အကြမ်းဖက် စစ်တပ်က ထုတ်ပြန်ထားသည်။
အကြမ်းဖက်စစ်တပ်မှ ထုတ်ပြန်သော သတင်းအချက်အလက်များအရ ၉လကျော်ကာလအတွင်း ၎င်းတို့ခန့်ထားသည့် ရပ်ကွက်အုပ်ချုပ်ရေးမှု၁၄၀ဦး၊ ရာအိမ်မှူး၅၂ဦးနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး စာရေး၆ဦးအ သတ်ခံရကြောင်း သိရသည်။ သေဆုံးသူ၁၉၈ဦးရှိပြီစုစုဒဏ်ရာရရှိသူမှာ၁၄၈ဦးရှိကြောင်း တွေ့ရသည်။
၎င်းတို့သည် အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ်ရေး လုပ်ငန်းစဉ်များတွင် ထောက်တိုင်အဖြစ် ပါဝင်ပြီး ပြည်သူများ အကြမ်းဖက်နှိပ်စက်၊ ပြစ်ခတ်၊ ဖမ်းဆီးမှုများတွင် သတင်းပေးဆောင်ရွက်ခြင်း၊ ပူးပေါင်းပါဝင်ခြင်း များ၊ အချို့ဆိုလျင် လက်နက်ကိုင်ပြီး ပျူစောထီးအဖြစ် ဆောင်ရွက်နေသူများပါဝင်ကြောင်း ၎င်းတို့ သေဆုံးခဲ့ကြစဉ်က တော်လှန်ရေးအဖွဲ့အစည်းများ၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။
စစ်ကောင်စီကို အပြင်းအထန်တော်လှန်တိုက်ခိုက်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး တစ်ခုတည်းတွင် အုပ်ချုပ်ရေးမှု ၄၉ ဦး၊ ရာအိမ်မှု ၄ ဦးနှင့် ရပ်ကျေးစာရေး၂ ဦး သေဆုံးခဲ့ပြီး တစ်နိုင်ငံလုံးတွင်အများဆုံးဖြစ်ကြောင်း သိရသည်။
“အဓိက ဒီကောင်တွေရှိရင် တော်လှန်ရေးအဖွဲ့တွေ လုံခြုံခြင်း၊ မခြုံခြင်းထက် သူတို့ရှိရင် ပြည်သူတွေ မလုံခြုံဘူး။ စစ်ကိုင်း၊ ခင်ဦးတို့မှာဆိုရင် ပျူစောထီးက ဝတ်စုံပါရှိတယ်။ ပြီးတော့ရွာထဲမှာ ပြောင်းဖူးဖုတ်တာတောင် မီးရှို့တယ်ပြောတဲ့ကောင်တွေ” စစ်ကိုင်းတိုင်းဒေသကြီးမှ တော်လှန်ရေးသမားတစ်ဦးက ဆိုသည်။
အကြမ်းဖက်စစ်တပ်၏ ထိပ်ပိုင်းအကြီးအကဲများ ရှိနေသဖြင့် လုံခြုံရေးအမြောက်အများချထားသည့် နေပြည်တော်တွင်မူ အုပ်ချုပ်ရေးမှူးတစ်ဦးသာ အသတ်ခံသည်ကိုတွေ့ရသည်။
“ကျနော်တို့ကတော့က ဒလန်တွေကိုသတိပေးတာမျိုးပဲ လုပ်ကြတာများပါတယ်။ ကျနော်တို့ စစ်ကောင်စီရဲ့ အဖွဲ့ဝင်တွေကိုသာ အဓိကထားပြီး တိုက်ခိုက်မှုတွေလုပ်နေကြတာပါ။ သူတို့ရဲ့ထောက်တိုင် အရပ်သားတွေကိုရှင်းဖို့ကနည်းပါတယ်” ဟု နေပြည်တော်အခြေစိုက် တော်လှန်ရေးအဖွဲ့အစည်းတစ်ခုက ပြောသည်။
မြန်မာနိုင်ံတွင်အကြမ်းဖက်စစ်တပ်ကပြည်သူလူထုထံမှအာဏာသိမ်းယူပြီးသည့်အချိန်မှစ၍လူထုအနေဖြင့်စစ်အာဏာရှင်စနစ်ကိုလက်မခံကြောင်းပုံစံမျိုးစုံဖြင့်ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့ကြခြင်းဖြစ်သ်သည်။
သို့သော်လည်း အကြမ်းဖက်စစ်တပ်က လက်နက်အားကိုဖြင့် ပြည်သူလူထု၏ ငြိမ်းချမ်းစွာဖြင့် ဆန္ဒထုတ်ဖော်မှုများကို ပြင်းပြင်းထန်ထန်နှိမ်နင်းခဲ့ပြီး အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများ ဆက်တိုက် ပြုလုပ်လာသည့်အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့အစည်းများထံမှ သိရသည်။
ထိုသို့ပြုလုပ်ခဲ့သည့်တလျှောက်တွင် အကြမ်းဖက်စစ်တပ်၏ အုပ်ချုပ်ရေး အဖွဲ့ဝင်များသည် အကြမ်းဖက် စစ်တပ်ပြုလုပ်ခဲ့သည့် လူ့အခွင့်အရေးချိုးဖောက်မှု၊ စစ်ရာဇဝတ်မှု၊ လူ့ဂုဏ်သိက္ခာထိခိုက်သည်အထိ ဖမ်းဆီး နှိပ်စက်သတ်ဖြတ်မှုများတွင် ထောက်တိုင်များ အနေဖြင့် ပါဝင်ခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
“အဓိကတော်လှန်ရေးအဖွဲ့တွေက ရှင်းတာလည်းရှိတယ်။ သူတို့အချင်းချင်း ငြိပြီးရှင်းတာလည်း ရှိတော့ လူထုအနေနဲ့ ကြံ့ခိုင်ရေးက လူတွေသေသေ၊ ဒလန်တွေ သေသေ သက်ဆိုင်ရာအဖွဲ့က သတင်းထုတ်ပြန်တာကို စောင့်သင့်တယ်။ရမ်းကာရော ဂုဏ်ပြုတာမျိုးမလုပ်သင့်ကြဘူး”ဟုတော်လှန်ရေးသမားတစ်ဦးကဆိုသည်။
စစ်တပ်အနေဖြင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များ သေဆုံးမှုကို အကြမ်းဖက်အဖွဲ့များ၏ အကြောင်းမဲ့ ရက်စက်စွာသတ်ဖြတ်ခြင်းကြောင့်ဟု ခေါင်းစဉ်တပ်သော်လည်း ၎င်းတို့အနေဖြင့်မူ ပြည်သူလူထုကို အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်ခြင်း၊ ဖမ်းဆီးရိုက်နှက်နှိပ်စက်ခြင်း၊ မုဒိမ်းကျင့်ခြင်း၊ လုယက်ခြင်း စသည်တို့ကို နေ့စဉ်နှင့် အမျှ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ ထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှစ၍ယနေ့အထိ စစ်တပ်၏ အကြောင်းမဲ့သတ်ဖြတ်ထားသည့် ပြည်သူစုစုပေါင်းမှာ ၁၂၇၀ကျော်ရှိလာပြီ ဖြစ်သည်။