• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
17 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ကရင်နီရှိ ဆေးခန်း ၄၅ ခုပေါင်းကာ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပ

Thar Nge Lay by Thar Nge Lay
May 10, 2025
in သတင်း
0
0
ကရင်နီရှိ ဆေးခန်း ၄၅ ခုပေါင်းကာ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပ

Photo - MPA ပုံစာ - KNAမှ ဦးစီးကျင်းပသည့် ဘောလုံးပြိုင်ပွဲဝင် အားကစားသမားများ

Share on FacebookShare on Twitter

By Bala / MPA

ကရင်နီပြည်နယ်ရှိ ဆေးခန်း ၄၅ခုပေါင်းကာ ချစ်ကြည်ရေးဘောလုံးပွဲ ကျင်းပခဲ့ကြောင်း ကရင်နီသူနာပြုများအစည်းအရုံး(KNA)ထံမှ သိရသည်။

ယနေ့(မေ ၁၀ရက်)၊ နံနက် ၉နာရီမှ စတင်ကာ ဒီးမော့ဆိုမြို့နယ်၊အနောက်ခြမ်းတစ်နေရာတွင် ကရင်နီပြည်နယ်ရှိ ဆေးခန်း ၄၅ခုမှ ဆေးခန်း ဆရာ/ဆရာမများနှင့် စေတနာ့ဝန်ထမ်းများ၏ ချစ်ကြည်ရေးဘောလုံးပွဲကို ဦးဆောင်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း KNA၏ ရုံးဝန်ထမ်းတစ်ဦးဖြစ်သူ မဂျုးဂျုးက ပြောသည်။

“ဖက်ဒရယ်ကျန်းမာရေးစနစ်အခြေခံကနေစပြီး ကျမတို့စဉ်းစားတယ်။ ဆရာ၊ဆရာမတွေက လူထုတွေနဲ့အဓိက ထိတွေ့တဲ့သူတွေဖြစ်တယ်။ အဲ့ဒါမို့ ဆေးခန်းတစ်ခုနဲ့တစ်ခု ရင်းနှီးမှုရအောင်နဲ့ ရုံးကသူတွေနဲ့လည်း ချိတ်ဆက်မှုရအောင် ကျင်းပရခြင်းဖြစ်တယ်။ ပြီးတော့ အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကိုလဲ ဖော်ပြချင်လို့ပါ”ဟု ၎င်းက ပြောသည်။

ယနေ့ ချစ်ကြည်ရေးဘောလုံးပွဲအတွင်း ပထမဆုအား ဖရူဆိုမြို့နယ်၊ ဆေးခန်းများအသင်းမှ အနိုင်ရရှိခဲ့ပြီး ဒုတိယဆုကို မိုးဗြဲမြို့နယ် ဆေးခန်းများအသင်းမှ အနိုင်ရရှိခဲ့ကြောင်း သိရသည်။

“ကျမတို့ ဖရူဆိုအသင်းအနေနဲ့ ဒီနေ့ သုံးသင်းနဲ့ယှဉ်ပြိုင်ခဲ့ပါတယ်။ နောက်ဆုံးပွဲမှာ သရေကျလို့ အချိန်ပို ငါးမိနစ်စီကန်ရတာပေါ့၊ အသက် ၄၀ကျော်တွေပါပေမဲ့လဲ လူငယ်တွေနဲ့ ယှဉ်ပြိုင်ပြီး ပထမဆုရယူနိုင်ခဲ့ပါတယ်။ ဒီလိုမျိုးတစ်ထောင့်တစ်နေရာက ပါဝင်ခွင့်ရလို့အရမ်းကျေးဇူးတင်ပါတယ်။ ဒီနေ့ဆို ဟန်ဆောင်ပန်ဆောင်မဟုတ်ဘဲ စိတ်ဓာတ်ခွန်အားအပြည့်နဲ့ ဝင်ကန်ခဲ့ရတာမို့ပါ”ဟု အနိုင်ရရှိသွားသည့် ဖရူဆိုအသင်း၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။

တော်လှန်ရေးကာလ လေးနှစ်အတွင်း ဆေးပညာရပ်ဆိုင်ရာ ပညာရှင်များ၊ ကျွမ်းကျင်သူများအနေဖြင့် စိတ်ဓာတ်ခွန်အားများစွာလိုအပ်နေသည့်အတွက် ယခုကဲ့သို့ ချစ်ကြည်ရေးဘောလုံးပွဲစဉ်များကျင်းပခြင်းသည် ကောင်းမွန်သည့် လုပ်ရပ်တစ်ခုဖြစ်ကြောင်း ဒုတိယဆုရရှိခဲ့သည့် မိုးဗြဲအသင်းမှ ဆရာမ ကျေးလက်က ပြောသည်။

“ကျမတို့မှာ တစ်လလုံးလုံးဆိုရင်တောင် နားရက်မရှိပါဘူး။ တစ်ခါတလေမှာ လူတစ်ယောက်က အနားယူဖို့အများကြီးလိုပါတယ်။ အခုကလူမလုံလောက်တဲ့ အခါကြတော့ ရှေ့ရော၊ နောက်ရောပြေးရလွှားရတဲ့ခါကြတော့ လူကDepressionဝင်တယ်။ ရှေ့မှာကြတော့ အမြောက်ကျလိုက်၊ ဒရုန်းကျလိုက်နဲ့ဆိုတော့ လူက Trumaတွေရတယ်။ ဒီလိုဘောလုံးပွဲလုပ်ခြင်းအားဖြင့် စိတ်ကလွတ်လပ်သွားတယ်။ အရင်လိုစိတ်မျိုးပြန်ဖြစ်သွားတာပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိတွင် ကရင်နီပြည်အတွင်း စစ်ကောင်စီနှင့် တိုက်ပွဲများဆက်တိုက်ဖြစ်နေပြီး မိုးဗြဲမြို့တွင်လည်း တိုက်ပွဲပြင်းထန်နေသည့်အတွက် ကရင်နီရှိ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများစွာ ကြုံတွေ့နေရကြောင်း သိရသည်။

Tags: ကရင်နီပြည်နယ်ချစ်ကြည်ရေးဘောလုံးပွဲ
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

သတင်း

ကရင်နီပြည်နယ်တွင် ကရင်နှစ်သစ်ကူးအခမ်းအနား ကျင်းပ

Dec 30, 2024
ကရင်နီပြည်နယ်တွင် ကရင်နှစ်သစ်ကူးအခမ်းအနား ကျင်းပ

အာဏာသိမ်းကာလအတွင်း ကရင်နီပြည်နယ်တွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနားကို ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့ကြောင်း သိရသည်။ ယနေ့ (ဒီဇင်ဘာ၃၀ရက်)နံနက်ခြောက်နာရီခွဲခန့်တွင် ကရင်နီပြည်နယ်နေ ကရင်လူမျိုးများက ကရင်နှစ်သစ်ကူးအခမ်းအနားကို ကျင်းပခဲ့ပြီး ဌာနေတိုင်းရင်းသားများနှင့် ကရင်နီပြည်နယ်ရောက် တိုင်းရင်းသားလူမျိုးစုများက လာရောက်နွှဲပျော်ခဲ့ကြောင်း ကရင်အမျိုးသားနှစ်သစ်ကူး ဖြစ်မြောက်ရေး ကော်မတီ အတွင်းရေးမှူး...

Read more
by Thar Nge Lay
0 Comments
နိုင်ငံရေး

ကရင်နီပြည်နယ်တွင် ရဲစခန်းနှင့် ရဲကင်းများ တိုးချဲ့တည်ဆောက်ထား

Nov 4, 2024
ကရင်နီပြည်နယ်တွင် ရဲစခန်းနှင့် ရဲကင်းများ တိုးချဲ့တည်ဆောက်ထား

By Bala / MPA ကရင်နီပြည်နယ်တွင် ရဲစခန်းနှင့် ရဲကင်းများ တိုးချဲ့တည်ဆောက်ထားကြောင်း ကရင်နီပြည်ကြား ကာလ အုပ်ချုပ်ရေးကောင်စီ(IEC)ထံက သိရသည်။ ယခုအခါ ကရင်နီပြည်နယ်အတွင်း ရဲစခန်းနှင့်ရဲကင်းများ တည်ဆောက်ထားသည်မှာ ၂၀ နီးပါးရှိပြီ ဖြစ်ကာ ဒေသခံပြည်သူတို့အတွက်...

Read more
by Thar Nge Lay
0 Comments
စစ်ရေး

ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲတုများပြုလုပ်နေဟု KNDF ဆို

Oct 18, 2024
ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲတုများပြုလုပ်နေဟု KNDF ဆို

By Bala / MPA ကရင်နီပြည်နယ်အတွင်း စစ်ကောင်စီတပ်က တိုက်ပွဲတုများပြုလုပ်နေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) ဗဟို သတင်းနှင့်ပြန်ကြားရေးဌာနမှ သိရသည်။ ၂၀၂၄ခုနှစ်၊ စက်တင်ဘာလ ဒုတိယပတ်အတွင်း ဒီးမော့ဆိုမြို့နယ်အရှေ့ခြမ်းရှိ စစ်ကောင်စီတပ်များသည် ကရင်နီတော်လှန်ရေးတပ်ပေါင်းစုများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်ပွဲဖြစ်ပွားနေသဖွယ် ပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်ခဲ့ကြောင်း...

Read more
by Thar Nge Lay
0 Comments
စစ်ဘေးရှောင်

ကရင်နီ သုံးမြို့နယ်ရှိ စစ်ဘေးရှောင်နေအိမ် ၆၀၀ ကျော် ရေဘေးသင့် ပျက်စီး

Sep 16, 2024
ကရင်နီ သုံးမြို့နယ်ရှိ စစ်ဘေးရှောင်နေအိမ် ၆၀၀ ကျော် ရေဘေးသင့် ပျက်စီး

By Bala / MPA ကရင်နီပြည်နယ်၊ မြို့နယ် ၃ခုအတွင်းရှိ စစ်ဘေးရှောင်နေအိမ် ၆၀၀ကျော် ရေကြီးမှုကြောင့် ပျက်စီး သွားပြီး အရေးပေါ်အကူအညီလိုအပ်နေကြောင်း ကရင်နီအမျိုးသမီးအစည်းအရုံး (KNWO)ထံက သိရသည်။ ကရင်နီပြည်နယ်အတွင်းရှိ လွိုင်ကော်၊ဒီးမော့ဆို အရှေ့ခြမ်းနှင့် ရှားတောမြို့နယ်တို့တွင်...

Read more
by Thar Nge Lay
0 Comments
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In