• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Join Telegram
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
23 May 2025
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

27 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ကြိုးဆွဲချအဆုံးစီရင်ခဲ့သည့် PDF ရဲဘော်သာလှိုင်အား အာဇာနည်ကုန်းတွင် ယနေ့မြေချ

Thar Nge Lay by Thar Nge Lay
May 2, 2025
in သတင်း
0
0
ကြိုးဆွဲချအဆုံးစီရင်ခဲ့သည့် PDF ရဲဘော်သာလှိုင်အား အာဇာနည်ကုန်းတွင် ယနေ့မြေချ

Photo - MPA ပုံစာ -ရဲဘော်သာလှိုင်အသုဘအခမ်းအနားအား ယနေ့တွေ့ရစဉ်။

Share on FacebookShare on Twitter

By Bala / MPA

ကြိုးဆွဲချအဆုံးစီရင်ခဲ့သည့် NUG၊ အလယ်ပိုင်းတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)အမှတ် (၁၁၀၉)တပ်ရင်းမှရဲဘော်သာလှိုင်အား မြေချခဲ့ကြောင်း ယင်းတပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

ယန (မတ် နှစ်ရက်)၊မွန်းလွဲ တစ်နာရီက ရဲဘော်သာလှိုင်အား ကရင်နီပြည်နယ်၊ ဒီးမော့ဆိုအနောက်ခြမ်းတစ်နေရာရှိ အာဇာနည်ကုန်းတွင် မြေချခဲ့ပြီးအမှတ်(၁၁၀၉)တပ်ရင်းမှတာဝန်ရှိသူများ၊ ရဲဘော်များနှင့် ခင်မင်ရင်းနှီးသူများက ၎င်း၏နောက်ဆုံးခရီးကို လိုက်လံပို့ဆောင်ခဲ့ကြောင်း သိရသည်။

“ အလောင်းကိုစခန်းကိုပြန်သယ်ပြီး တပ်ရင်းဆေးတာဝန်ခံ ဆရာမကိုယ်တိုင် စစ်ဆေးအတည်ပြုပြီးပါပြီ၊ သေဆုံးသူ ရဲဘော်သာလှိုင်က Suicide case ဖြစ်ပါတယ်။ သေဆုံးသူက လည်ပင်းကကြိုးအရာအပြင် တစ်ကိုယ်လုံးဘာဒဏ်ရာမှမရှိပါဘူး။ ဒါကိုလဲဆရာမကအတည်ပြုထားပြီးပါပြီ”ဟု PDFအမှတ် (၁၁၀၉)တပ်ရင်း၏ ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဧပြီ ၃၀ရက်၊ မွန်းလွဲ တစ်နာရီ ၂၀မိနစ်ဝန်းကျင်က ရဲဘော်သာလှိုင်ကို ဒီးမော့ဆိုမြို့၊ မြောင်းအောက်ရပ်ကွက်ရှိ ချောင်းငယ်နံဘေးတွင် ကြိုးဆွဲချအနေအထားဖြင့် သေဆုံးလျက်တွေ့ရှိခဲ့သည့်အတွက် ကရင်နီပြည်ရဲတပ်ဖွဲ့(KSP)ထံ သတင်းပို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သေဆုံးသူနှင့် အတူနေထိုင်ခဲ့သူတစ်ဦးက ပြောသည်။

“သူမသေခင်တစ်ညက ကျတော်က အတူတူသောက်ရအောင်ပြောတော့ သူက သူငယ်ချင်းမွေးနေ့ရှိလို့သွားရမှာဆိုပြီး ငြင်းသေးတယ်။ ည၁၀နာရီလောက်ကြတော့ ဒီမှာဘဲပြန်လာအိပ်တယ်။ မနက်ကြချိန်းထားတာရှိတယ်။ ကားနဲ့လာခေါ်မှာမလို့ဆိုပြီး ဆိုင်ကကောင်လေးကို “ရွှေကယန်း”ဆီဆိုင်ကို ဆိုင်ကယ်နဲ့လိုက်ပို့ခိုင်းတာ ညနေကြမှ အသိတစ်ယောက်လာပြောလို့ သူသေမှန်းသိတာ”ဟု ၎င်းကပြောသည်။

ရဲဘော်သာလှိုင် သေဆုံးမှုနှင့်ပတ်သက်ပြီး ၎င်းနှင့်နီးစပ်သည့် မိတ်ဆွေသူငယ်ချင်းများကို MPAမှ မေးမြန်းရာ အနေအေးသဖြင့် ရန်ငြိုးရန်စရှိသူမျိုးမဟုတ်ကြောင်းနှင့် မသေဆုံးခင်အချိန်ထိ သူငယ်ချင်းများနှင့် အတူသောက်စားခဲ့သေးကြောင်း တူညီစွာပြောခဲ့သည်။

အထက်ပါ ပြောဆိုမှုနှင့်ပတ်သက်ပြီး PDFအမှတ် (၁၁၀၉)တပ်ရင်းမှ ရဲဘော်တစ်ဦးအားမေးမြန်းရာ”သူသေမဲ့နေ့က ရွာပြန်မယ်ဆိုပြီး ပိုက်ဆံတစ်သောင်းပဲ ထုတ်သွားတယ်။ ပြီးတော့ ရွှေကယန်းဆိုင်မှာ အရက်နဲ့အမြည်းတွေဝယ်ပြီး လမ်းလျောက်ထွက်သွားတာ၊ ရွှေကယန်းနဲ့ သူသေတဲ့နေရာနဲ့ဆို တော်တော်ဝေးတယ်။ ကြိုးဆွဲချတာနဲ့ပတ်သက်ပြီးတော့ ဘာကြောင့်ဆိုတာတော့သေချာမသိဘူး၊ အလောင်းမှာ အညိုအမည်းဒဏ်ရာမျိုးလဲ လုံးဝမတွေ့ဘူးပေါ့”ဟု ၎င်းကပြောသည်။

လက်ရှိတွင် ရဲဘော်သာလှိုင်အား စစ်ရေးအခမ်းအနားဖြင့် မြေမြှုပ်ခဲ့ကာ အမှတ် (၁၁၀၉)တပ်ရင်း၏ တာဝန်ရှိသူတစ်ဦးမှ အမိန့်ပြန်တမ်းထုတ်ပြန်ခဲ့ပြီးဖြစ်သည်။

Tags: ကြိုးဆွဲချအဆုံးစီရင်ရဲဘော်သာလှိုင်အာဇာနည်ကုန်း
Advertisement Advertisement Advertisement
ADVERTISEMENT
Thar Nge Lay

Thar Nge Lay

ဆက်စပ် သတင်းများ

No Content Available
Load More

ရွေးချယ်ရန် Topics

MPA (10856) Myanmar (9782) News (9161) military (7094) SAC (6806) PDF (953) Politics (308) Yangon (282) SagaingRegion (215) RakhineState (140) NUG (124) Mandalay (120) militarycoup (118) Magway (115) Covid_19 (103)

Monthly Archive

မေ လ၊ 2025 ခုနှစ်
M T W T F S S
 1234
567891011
12131415161718
19202122232425
262728293031  
« Apr    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In