By MPA
မန္တလေးတိုင်း၊ ညောင်ဦးမြို့၊ အမှတ် တစ်ရပ်ကွက်၊ ရုံးညောင်ပင်စက်လှေဆိပ်အနီး ဧရာ၀တီမြစ်အတွင်း ရေဆင်းချိုးသည့် ကလေးငယ်လေးဦး ရေနစ်ပျောက်ဆုံးခဲ့ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ထားသည်။
ယနေ့(ဧပြီ ၂၃ရက်)၊ နေ့လယ် ၁၂နာရီ ၁၀မိနစ်အချိန်တွင် ကလေးငယ်များက ဧရာ၀တီမြစ်အတွင်း ရေဆင်းချိုးရာမှ အထက်ပါဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်းလည်းဖြစ်သည်။
ထိုကဲ့သို့ ရေနစ်ပျောက်ဆုံးခဲ့သည့် ကလေးငယ်များကို မီးသတ် အထောက်အကူပြုယာဉ်တစ်စီး၊ Asault Boat တစ်စင်း၊ လူမှုကူညီရေးယာဉ်တစ်စီးနှင့် မီးသတ်တပ်ဖွဲ့များဖြင့် ကယ်ဆယ်မှုများလုပ်ဆောင်ရာ ၁၂နာရီ မိနစ် ၄၀တွင် တစ်ဦး၊ ၁နာရီ ၂၄မိနစ်တွင် တစ်ဦးတို့ကို သေဆုံးလျက်တွေ့ရှိခဲ့သည်။
လက်ရှိ ရေနစ်ခဲ့သူ လေးဦးအနက် နှစ်ဦးအား သေဆုံးလျက်ရှိခဲ့ပြီး ကျန်နှစ်ဦးအား ဆက်လက်ရှာဖွေလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။