11 Apr 2025 bဓာတ်ပုံ-MPA
ပုံစာ- လေကြောင်းတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသော နေအိမ်။y Mandy / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ လျှော်ဖြူကုန်းကျေးရွာသို့ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်ခဲ့ရာ အမျိုးသမီးနှစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီ ၁၁ရက်) ညနေ သုံးနာရီခွဲခန့်တွင် လျှော်ဖြူကုန်းကျေးရွာထဲသို့ ဂျက်ဖိုက်တာတစ်စင်း ပေါ်မှ ကြဲချသည့် ပေါင်၅၀၀ဗုံး နှစ်လုံး ကျရောက်ပေါက်ကွဲခဲ့ရာ စစ်ရှောင်ပြည်သူတစ်ဦးနှင့် လျှော်ဖြူကုန်းရွာခံတစ်ဦးတို့ သေဆုံးခဲ့ကြောင်း ဒေသခံတစ်ဦးထံက သိရသည်။
“တိုက်ခိုက်မှုအတွင်း ဆုံးသွားတဲ့အဒေါ်ကြီးကတော့ တစ်စစီဖြစ်သွားတာပဲ။ ကုန်းလျက်အနေ အထားကြီးနဲ့။ တစ်ယောက်ကတော့ ဗိုက်ပွင့်ထွက်တာတာ။ လျှော်ဖြူကုန်းရွာခံတစ်ယောက် ကပေါ့နော်။ အဆုတ်တွေအပြင်ထွက်လာတာ။ သူကတော့ ဆေးကုသမှုခံယူနေတုန်း ဆုံးသွားတာ” ဟု လျှော်ဖြူကုန်းကျေးရွာသူတစ်ဦးက MPA ကိုပြောသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် ပွဲချင်းပြီးသေဆုံးသွားသော အမျိုးသမီးမှာ ကောလင်းမြို့၊ပြင်ဦး လွင်ရပ်ကွက်မှ လျှော်ဖြူကုန်းရွာသို့ စစ်ရှောင်လာသူအသက် ၅၆နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး ဝမ်းဗိုက်ပွင့်ထွက်ဒဏ်ရာရရှိသဖြင့် သေဆုံးသွားသူမှာ လျှော်ဖြူကုန်းရွာသူ ဒေါ်မဲညိုဖြစ်ကြောင်း သိရသည်။
သေဆုံးသူ စစ်ရှောင်အမျိုးသမီးနေထိုင်သော နေအိမ်မှာ မီးလောင်ပျက်စီးသွားပြီး အနီးရှိနေအိမ်အ ချို့လည်း ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။
ယနေ့ နံနက် ၃နာရီ မိနစ်၄၀ခန့်တွင်စစ်တပ်က ကောလင်းမြို့နယ်၊ကချင်ကုန်းရွာအနီးသို့ လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်။
စစ်ကောင်စီတပ်သည် ဧပြီ ၁၀ရက်နေ့ကလည်း ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာကို လေကြောင်းတိုက်ခိုက်ခဲ့ရာ အသက် ၁၄နှစ်အရွယ် စစ်ရှောင်အမျိုးသမီးငယ်တစ်ဦးသေဆုံးခဲ့သည်။
စာတည်း-ML