By Haythar / MPA
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ အင်ပင်လှကျေးရွာရှိ စစ်ရှောင်များနေထိုင်နေသည့် စာသင်ကျောင်းကို စစ် ကောင်စီတပ်ဗုံးကြဲချမှုကြောင့် ကလေးတစ်ဦးသေဆုံးမှုအား PDF များသေဆုံး ဟု စစ်ကောင်စီတပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင်သတင်းအမှားများပျံ့နှံ့ခဲ့သည်။
Ka Ka Han တယ်လီဂရမ်ချန်နယ်က ဧပြီ ၁၀ ရက် ညနေပိုင်းတွင် အဆောက်အဦ အပျက်စီးနှင့်လူများပါသည့်ဓာတ်ပုံကို အသုံးပြုပြီး “PDF များရှိရာနေရာကို ပြည်သူများ၏ သတင်းပေးမှုကြောင့် ဗုံးကြဲတိုက်ခိုက်ရာ PDF များသေဆုံး “ ဟုရေးသားဖြန့်ဝေထားသည်။
အဆိုပါရေးသားဖြန့်ဝေမှုကို ဧပြီ ၁၁ ရက်ညနေပိုင်းအထိ ကြည့်ရှုသူ ၃၈၀၀ ကျော်ရှိပြီးlike and react လုပ်သူ ၈၀ ကျော်ရှိကာ အခြားတယ်လီဂရမ်ချန်နယ်များစွာကလည်း ကူးယူဖော်ပြထားသဖြင့်ပျံ့နှံ့မှုနှုန်းများနေသည်။
သတင်းအမှားလင့်ခ်များ
Ka Ka Han – https://archive.ph/OKRQG
Kyaw Swar – https://archive.ph/19dIY
Ko Thet – https://archive.ph/JbiMF
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများ နှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စစ် ဆေးတွေ့ရှိရသည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ Mizzima သတင်းမီဒီယာ က သတင်းဓာတ်ပုံနှင့်ထပ်တူညီနေသည်။
Mizzima သတင်းမီဒီယာတွင် “ ကောလင်းမြို့က စစ်ရှောင်စခန်းကို စစ်ကောင်စီလေကြောင်းတိုက်ခိုက်” ဟုရေးသားဖော်ပြထားသည်။
သတင်းလင့်ခ် – https://shorturl.at/8AGGk
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ အင်ပင်လှရွာကို စစ်တပ်ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ Mizzima,MPA,MFP သတင်းမီဒီယာတို့က ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ ကောလင်းမြို့နယ်ရှိ အင်ပင်လှရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ် ဗုံးကြဲချခဲ့ ကြောင်း၊ စစ်တပ်ကြဲချသည့်ဗုံးကြောင့် အသက် ၁၄ နှစ်အရွယ်အမျိုးသမီးတစ်ဦးထိမှန်သေဆုံးကြောင်း၊ အဆိုပါ စာသင်ကျောင်းတွင် စစ်ရှောင်အနည်းငယ်နေထိုင်ကြောင်း၊ အခြားအမျိုးသမီးနှစ်ဦးနှင့် သက်ကြီးရွယ်အို အမျိုး သားတစ်ဦး ပြင်းထန်ဒဏ်ရာရခဲ့ကြောင်း” ရေးသားဖော်ပြထားသည်။
သတင်းမီဒီယာလင့်ခ်များ
Mizzima – https://shorturl.at/8AGGk
MPA – https://shorturl.at/CWfzx
MFP – https://shorturl.at/7zfhc
သုံးသပ်ချက်
ကောလင်းမြို့နယ် အင်ပင်လှကျေးရွာရှိ စစ်ရှောင်အနည်းငယ်နေထိုင်နေသည့် စာသင်ကျောင်းကို စစ်ကောင်စီ တပ်က လေကြောင်းဗုံးကြဲမှုကြောင့် အသက် ၁၄ နှစ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး အခြား ၃ ဦးဒဏ်ရာရခဲ့သည်။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖြန့်ဝေထားသော PDF များရှိရာနေရာကို ပြည်သူများ၏ သတင်းပေးမှုကြောင့် ဗုံးကြဲတိုက်ခိုက်ရာ PDF များ သေဆုံးဟုဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။
စာတည်း -Wazza