By Nway / MPA
မကွေးတိုင်း၊ ပခုက္ကူမြို့ ကေတီဗီသို့သွားသည့် ကပစ ဗိုလ်မှူး PDF တို့၏ ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးသွားကြောင်းသိရသည်။
ဧပြီ ၁၀ရက်၊ ညကိုးနာရီခန့်က ပခုက္ကူမြို့၊ စက်မှုဇုန်ရထားဘူတာရုံနှင့် အိမ်ဖြူတော်ကေတီဗီ အနီး၌ ကေတီဗီသို့ သွားသည့် ကားနှစ်စီးကို အနီးကပ်ပစ်ခတ်ခဲ့ရာ ကပစ၂၄မှ ဗိုလ်မှူးသော်ဇင်ဦးနှင့် ကေတီဗီ ပိုင်ရှင်တို့ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force ကသတင်း ထုတ်ပြန်သည်။
” ကပစ ၂၄ကနေ ခွင့်နဲ့ ပြန်လာတာဆိုတော့ လက်နက်တော့ ပါလာတာမရှိဘူး။ ဒါပေမဲ့၊ သူ့ကျောပိုး အိတ်ကို ယူပြီးပြေးသွားတဲ့သူရှိတယ်။ ကျတော်တို့ သိတာတော့ အဲ့မှာအတို(သေနတ်အ တို)တစ် လက်ပါတယ်။ အဲ့အတိုတစ်လက် ကျတော်တို့မရလိုက်ဘူး” ဟု Earthquake People’s Defence Force မှ ရဲဘော်အရှည်ကြီးက MPA သို့ပြောသည်။
ယင်းတိုက်ခိုက်မှု၌ စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးဒဏ်ရာဖြင့် ထွက်ပြေးလွတ်မြောက်သွားကြောင်း Shwe Nyar Myae PDFအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
” ဒဏ်ရာတွေနဲ့ ထွက်ပြေးတာလို့ သိရတယ်ဗျ။ လက်နက်တွေတော့ မပါခဲ့ဘူးဗျ။ အများကြီးရှာချိန် မရတာလည်း ပါတယ်ဗျ။ အဲ့ဒါပြီးတော့ မြို့ထဲကနေ ကား ခုနှစ်စီးလောက်ထွက်လာပြီး လာသယ်သွားတာဗျ” ဟု ၎င်းကပြောသည်။
ပစ်ခတ်မှုဖြစ်ပွားရာနေရာသည် မြို့အစွန်ဖြစ်သဖြင့် စစ်ကောင်စီဘက်က စစ်ကူ ချက်ချင်းရောက် လာပြီး လမ်းကြောင်းများပိတ်ဆို့လိုက်ခြင်းကြောင့် ကားနှစ်စီးကို မသယ်ဘဲ ထားခဲ့ရကြောင်း ရဲဘော် အရှည်ကြီးကပြောသည်။
ယနေ့ (ဧပြီ ၁၁ရက်) နေ့ခင်း သတင်းအရ သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းတို့မှာ ပခုက္ကူပြည် သူ့ ဆေးရုံ၊ရင်ခွဲရုံသို့ ရောက်နေပြီဖြစ်ကြောင်း သိရသည်။
ပခုက္ကူမြို့သည် ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်အပြင် စက်မှုဇုန်၌ရှိသည့် ကေတီဗီများသို့ ပြည်သူများသွားလာခြင်းမရှိဘဲ စစ်ကောင်စီနှင့် နီးစပ်ဆက်နွှယ်သူများသာ သွားကြကြောင်းသိရသည်။
ယင်းတိုက်ခိုက်မှုကို Earthquake Prople’s Defence Force၊ Thu Rein TR၊ Six Senses Guerrilla Force၊ Justice Revolution Forc၊ Hunter PKU၊ Black Cheater၊ပခုက္ကူခရိုင် တပ်ရင်း၂ ( The Red Revolters တပ်ဖွဲ့)၊ မြိုင်ပကဖ တပ်ရင်း ၃၊ တပ်ခွဲ ၄ နှင့် ရွှေညာမြေတပ်ဖွဲ့ (ပခုက္ကူ) အဖွဲ့တို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး PDF ရဲဘော်များအထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ ကြောင်းသိရသည်။
ဗိုလ်မှူးနှင့်ကေတီဗီပိုင်ရှင်တို့ သေဆုံးမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
စာတည်း-ML