• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
29 Sep 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

24 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

နတ်မောက်စျေး ညအချိန်မတော် မီးလောင်မှု လက်သည်မပေါ်

MPA by MPA
Nov 14, 2021
in သတင်း
0
0
Share on FacebookShare on Twitter
[ English Below ]
By MPA
မကွေးတိုင်း၊ နတ်မောက်မြို့နယ် နတ်မောက်မြို့မစျေးကြီးမှာ နိုဝင်ဘာလ၁၃ရက် ညပိုင်းတွင် တစျေးလုံးနီးပါး မီးလောင်ကျွမ်းခံခဲ့ရသော်လည်း အကြောင်းရင်းကို မသိရသေးကြောင်း မီးငြှိမ်းသတ်မှုနှင့် ရှင်းလင်းရေးလုပ် ဆောင်နေသည့် မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
နိုဝင်ဘာလ ၁၃ရက် ညပိုင်း၉နာရီခွဲအချိန်မှစ၍ လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ည၁၁နာရာရီခွဲချိန်တွင် မီငြိမ်းခဲ့ခြင်း ဖြစ်ကာ လက်ရှိအချိန်ထိရှင်းလင်းရေးများ လုပ်ဆောင်နေကြောင်း သိရသည်။
ညမထွက်ရအချိန်တွင် လောင်ကျွမ်းခဲ့ခြင်း ဖြစ်သဖြင့် နတ်မောက်မြို့မဈေး မီးလောင်ကျွမ်းမှုမှ အကြမ်းဖက် စစ်တပ်၏ လုပ်ဆောင်ချက် ဖြစ်နိုင်ကြောင်း ဒေသခံများက ဝေဖန်နေကြသည်။
မီးစတင်လောင်ကျွမ်းကျွမ်းချင်း ကာလတွင် ဒေသခံများ၏ မီးလောင်ကျွမ်းရန် လာရောက်ကူညီမှုကိုလည်း အကြမ်းဖက်စစ်တပ်က ဝင်ရောက်ဟန့်တားမှုများ ရှိခဲ့ကြောင်း ဒေသခံအချို့က ဆိုသည်။
“စောစောစီးစီး ငြှိမ်းဖို့ကို သေနတ်တယမ်းယမ်းလုပ်နေတော့ မသွားရဲတော့ဘူးလေ။ မီးသတ်တွေလာပြီး မီးတော်တော် မနိုင်တော့မှ ဝင်ကူကြရသလိုဖြစ်တာ။ အဲဒီအချိန် မထိန်းနိုင်တော့ဘူး”ဟု နတ်မောက်စျေးအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် ဆိုင်ခန်းရာနှင့်ချီပြီး မီးလောင်ကျွမ်းခဲ့ရပြီး မီးလောင်ကျွမ်းသည့် အကြောင်းအရင်းကိုသာမက ပျက်ဆီးဆုံးရှုံးမှု စုစုပေါင်းကိုလည်း မီးသတ်ဦးစီးဌာနက ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
“လက်ရှိအချိန်ထိ ရှင်းလင်းရေးတွေ လုပ်ဆောင်နေကြတုန်းပါပဲ။ ဘာကြောင့် လောင်ကျွမ်းတာနဲ့ ဘယ်လောက် ပျက်စီးဆုံးရှုံးတယ်ဆိုတဲ့ စာရင်းတော့ ကျနော်တို့ဆီ မရောက်သေးပါဘူး” မကွေးတိုင်းမီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူက MPAသို့ ပြောသည်။
နတ်မောက်မြို့နယ် မီးသတ်မှ တာဝန်ရှိသူတစ်ဦးကလည်း “ဆိုင် ဘယ်နှစ်ဆိုင်ပါသွားတယ် ဆိုတာတော့ ကျနော်တို့မပြောနိုင်သေးပါဘူး။ အခုထိ ရှင်းလင်းနေတုန်းပါပဲ။ အခုကိုဈေးထဲမှာပါ” ဟု ပြောသည်။
နတ်မောက်မြို့ ဒေသခံအချို့၏ အတည်ပြုချက်အရ ဈေး၏ ၄ပုံ၃ပုံခန့်လောင်ကျွမ်းခဲ့ပြီး ဆိုင်ခန်းပေါင်း၂၄၀ ကျော်ခန့် လောင်ကျွမ်းခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့မစျေးသည် နတ်မောက်မြို့ပေါ်ရှိ ဒေသခံများအတွက်သာမက နတ်မောက်မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၉၀ ကျော်အတွက်ပါ အားထားနေရသည့် ပင်မစျေးကြီးဖြစ်သည်။
ပြီးခဲ့သည့်မေလအတွင်းကလည်း ရွှေဘိုရှိမြို့မဈေးကြီး မီးလောင်ကျွမ်းခဲ့ပြီး တစ်ဈေးလုံးနီးပါး မီးလောင်ကျွမ်း ပျက်စီးခဲ့သေးသည်။
ရန်ကုန်မြို့တွင်လည်း ညမထွက်ရအချိန်တွင် ရန်ကုန်မြို့လယ်ကောင်ရှိ အကြမ်းဖက်စစ်တပ်ပိုင် Ruby Mart နှင့် ဝေဇယန္တာလမ်းမပေါ်ရှိ ဂန္ဓာမာလက်ကားအရောင်းစင်တာ Gandama Wholesales Center နှစ်ခု လက်သည်မပေါ်ဘဲ မီးလောင်ကျွမ်းခဲ့သည်။
ယင်းဖြစ်ရပ်ကို CNN ရုပ်သံသတင်းထောက်၏ မြန်မာနိုင်ငံခရီးစဉ်အတွက် အကြမ်းဖက်စစ်တပ်၏ ကြိုတင်ဇာတ်တိုက်လုပ်ကြံမှုတစ်ခုအဖြစ်သာ ပြည်သူလူထုက ဝေဖန်ခဲ့သည်။
#မကွေးတိုင်း #နတ်မောက်မြို့မဈေး #မီးလောင်မှု#MPA
Photo – OoNayLin
[ English Version ]
Natmauk Market Set on Fire at Night Time and Culprit Unidentified
By MPA
Nearly the entire Natmauk market was set on fire on November 13 night in Magway region’s Natmauk township and no reason has been known, said an official from Magway region Fire Department who was working on clearance and extinguishing the fire.
The fire began at 9:30 November 13 and was extinguished at 11:30 at night and clearance operations are being carried out till now.
As it was burnt during the night curfew time, locals criticized that it was probably done by the terrorist military.
The local residents’ help to put the fire out as it started was also deterred by the terrorist military.
“To put it out early, we dared not go as they were sticking around with guns. The fire fighters came when the fire was already out of control and we could only help then. It was beyond control by then”, a resident near Natmauk market said.
Hundreds of stalls were burnt down in the fire and neither the reason nor the total damage has been reported by the fire department.
“Clearances are ongoing till now. Why it was set on fire and list of total damage have not yet arrived to us”, said one Magway fire department official to MPA.
An official from Natmauk fire department also said, “We cannot tell yet how many shops were burnt. We’re still clearing it up now. We’re still there till now”, he said.
According to a confirmation from a Natmauk resident, three-quarters of the market and a total of 240 shops were gone in the fire.
Natmauk city market is the main market not only for Natmauk town residents but also for over 290 villages within Natmauk township.
Last May also, Shwebo city market was set on fire and nearly the entire market was damaged.
In Yangon as well, the terrorist military-owned Ruby Mart and two Gandama Wholesales Centers on Waizayantar road were set on fire during night curfew times with no identified culprits.
This was criticized by the public as merely a pre-planned set-up by the terrorist military for CNN reporter’s Myanmar visit.
#MagwayRegion #NatmaukCityMarket #Fire #MPA
Tags: FireMagwayMPAMyanmarNatmaukMarketNews
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

ဆောင်းပါး

“နေမဝင် ရက်ပ်သီချင်းတစ်ပုဒ်”

Sep 28, 2023
“နေမဝင် ရက်ပ်သီချင်းတစ်ပုဒ်”

"နေမဝင်ခင် နေကွယ်သွားတဲ့နေ့ နေမဝင်ခင်နေကွယ်သွားတဲ့နေ့………" ဆိုသည့် စာသားနှင့်အတူ လောကကြီးကို စိန်ခေါ်လိုက်သည့် ရက်ပ်သီချင်းတစ်ပုဒ်သည် ယနေ့ ခေတ်စနစ်ကို အားမာန်အပြည့်ဖြင့် သရော်နေသလိုလိုပင်။ အဆိုပါ သီချင်းအား သီဆိုသူသည် အသက် ၁၉ နှစ်သာ ရှိသေးသည်။ ဆယ်တန်းအောင်ထားသည့်...

Read more
by MPA CJ001
0 Comments
သတင်း

လေပြင်းတိုက်ခြင်းနှင့် မြေပြိုခြင်းများကြောင့် မြိတ်မြို့တွင် နေအိမ် ၃၀ နီးပါးပျက်စီး

Sep 28, 2023
လေပြင်းတိုက်ခြင်းနှင့် မြေပြိုခြင်းများကြောင့် မြိတ်မြို့တွင် နေအိမ် ၃၀ နီးပါးပျက်စီး

တနင်္သာရီတိုင်း၊ မြိတ်မြို့တွင် ယနေ့(စက်တင်ဘာ ၂၈ ရက်) မနက် ၉နာရီတွင် လေပြင်းတိုက်ခတ်ခြင်းနှင့် မြေပြိုခြင်းများကြောင့် လူနေအိမ် ၃၀ နီးပါးပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ “မနေ့ကတည်းက မိုးကရွာတာ ဒီမနက်မှ လေပြင်းတိုက်တာ၊ မနေ့က မိုရွာထားတဲ့အရှိန်ကြောင့်ရယ်၊...

Read more
by MPA CJ022
0 Comments
သတင်း

ဝန်းသိုမြို့ရှိ ဂျိုးထောင်ရွာဘုန်းကြီးကျောင်း၌ ကလေးများစာသင်နေချိန်၊ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ကလေးငယ် ၁၈ ဦးဒဏ်ရာရ

Sep 28, 2023
ဝန်းသိုမြို့ရှိ ဂျိုးထောင်ရွာဘုန်းကြီးကျောင်း၌ ကလေးများစာသင်နေချိန်၊ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှုကြောင့်  ကလေးငယ် ၁၈ ဦးဒဏ်ရာရ

စစ်ကိုင်းဒေသကြီး၊ ဝန်းသိုမြို့ရှိ ဂျိုးထောင်ဘုန်းကြီးကျောင်း၌ ကလေးများစာသင်နေချိန်၊ စစ်ကောင်စီက စက်တင်ဘာ ၂၇ ရက်၊ နေ့လယ်ပိုင်းတွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ကလေးငယ် ၁၈ ဦးဒဏ်ရာရရှိခဲ့ကာ၊ ၎င်းတို့ အနက် ၆ ဦးသည် ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများထံမှ...

Read more
by MPA CJ022
0 Comments
သတင်း

ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိဟုဆို

Sep 28, 2023
ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်း ၅ ရက်တာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်မှ ၃၂ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိဟုဆို

KNU အုပ်ချုပ်နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်၊ တောင်ကြာအင်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား (၅) ရက်တာအတွင်း တိုက်ပွဲကြီး၊ တိုက်ပွဲငယ် စုစုပေါင်း (၆) ကြိမ် ဖြစ်ပွားခဲ့ကြောင်း ဒူးပလာယာခရိုင်-သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ၂၂...

Read more
by MPA CJ015
0 Comments
သတင်း

မင်းလှတွင် မိုးစပါး အထွက်နှုန်းကျသဖြင့် လယ်သမားများ အရှုံးပေါ်

Sep 28, 2023
မင်းလှတွင် မိုးစပါး အထွက်နှုန်းကျသဖြင့် လယ်သမားများ အရှုံးပေါ်

ပဲခူးတိုင်း၊ မင်းလှ မြို့နယ်အတွင်း ရာသီဥတုပုံမှန်မဟုတ်သော အခြေအနေကြောင့် မိုးစပါး အထွက်နှုန်းကျဆင်းကာ လယ်သမားများ အရှုံးပေါ်ကြကြောင်းသိရသည်။ မင်းလှမြို့နယ်တွင် ယခင်နှစ်များကမိုးစပါး ၁ဧကလျှင် ပျမ်းမျှ ၆၅တင်းခန့်ထွက်ရှိပြီးယခုနှစ်တွင်မူ ပျမ်းမျှ တင်း၄၀ခန့်သာ ထွက်ရှိကာ စပါးတစ်ဧက စုစုပေါင်း ကုန်ကျစရိတ်မှာ...

Read more
by MPA CJ002
0 Comments
သတင်း

နမ့်ဆန်ယန်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ရှောင် ဒေသခံ ရှစ်ဦးကို စစ်တပ်မှ ဖမ်းဆီး

Sep 28, 2023
နမ့်ဆန်ယန်တွင် KIA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဆက်လက်ဖြစ်ပွား၊ စစ်ရှောင် ဒေသခံ ရှစ်ဦးကို စစ်တပ်မှ ဖမ်းဆီး

ကချင်ပြည်နယ်၊ မြစ်ကြီးနား - ဗန်းမော်လမ်းမပေါ်၊ နမ့်ဆန်ယန်ကျေးရွာ နှင့် အောင်ဂျာကျေးရွာအနီး၌ ကချင်လွတ် မြောက်ရေးတပ်မတော် (KIA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေပြီး၊ နမ့်ဆန်ယန်ကျေးရွာမှ ဒေသခံနှစ်ဦး အပါအဝင် ပြည်သူ ရှစ်ဦးကို စစ်တပ်မှ ဖမ်းဆီး...

Read more
by MPA CJ001
0 Comments
သတင်း

ဖုန်း Sim Cardများ မှတ်ပုံတင်ခြင်းမပြုဘဲရောင်းချပါက၊ ထောင်ဒဏ် ခြောက်လ ကျခံနိုင်သည့် ဥပဒေဖြင့် အရေးယူ မည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

Sep 28, 2023
စစ်ကိုင်းတွင် ကြေးနီတင် စစ်ယာဥ်တန်း မိုင်းဆွဲခံရ၊၁၂ဘီးကားတစ်စီး ထိမှန်

ဖုန်း Sim Card များ ရောင်းချရာတွင် မှတ်ပုံတင်ခြင်းမပြုလုပ်ဘဲရောင်းချပါက၊ ရောင်းချသူများကို ထောင်ဒဏ်ခြောက် လ ကျခံနိုင်သည့် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၇၂ ဖြင့်၊ အရေးယူသွားမည်ဟု စစ်ကောင်စီ လက်အောက်ခံ၊ ပို့ဆောင်ရေး နှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက...

Read more
by MPA CJ022
0 Comments
သတင်း

စစ်သင်္ဘောပေါ်မှ ပစ်နေခြင်းကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေထိုင်သူများ မကြာခဏ ထွက်ပြေးနေရ

Sep 28, 2023
စစ်သင်္ဘောပေါ်မှ ပစ်နေခြင်းကြောင့် ချင်းတွင်းမြစ်ကမ်းဘေးနေထိုင်သူများ မကြာခဏ ထွက်ပြေးနေရ

စစ်ကောင်စီတပ်က ချင်းတွင်းမြစ်ကြောင်းသုံး သွားလာမှုများလာသည့်အပြင် စစ်သင်္ဘောပေါ်မှ လက်နက်ကြီးဖြင့် ပစ်ခတ် နေခြင်းကြောင့် စစ်ကိုင်းတိုင်း မြို့နယ်၃ခုရှိ မြစ်ကမ်းဘေး နေထိုင်သူ များ မကြာခဏဆိုသလို ထွက်ပြေးနေကြရကြောင်း သိရသည်။ စစ်ကိုင်းတိုင်း၊ဆားလင်းကြီး၊ကနီနှင့်မြောင်မြို့နယ်အတွင်းရှိ ချင်းတွင်းမြစ်ကမ်းတစ်လျှောက် နေထိုင်သူ များမှာ စစ်သင်္ဘောပေါ်မှနေ၍...

Read more
by MPA CJ007
0 Comments
သတင်း

ကလေးတောင်ပိုင်းတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိ

Sep 28, 2023
ကလေးတောင်ပိုင်းတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့အကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက် ထိခိုက်ကျဆုံးမှုများရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့တောင်ပိုင်းတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲပြင်းထန်နေပြီး နှစ်ဘက်ထိခိုက်ကျဆုံးမှုများရှိသည်ဟု CDF (KKG) ထံမှ သိရသည်။ ကလေးမြို့တောင်ပိုင်း ကြံသာပျူစောထီးရွာတွင် အထိုင်ချတပ်စွဲထားသည့် စစ်ကောင်စီနှင့် ပျူစောထီးအင်အား ၁၀၀ ခန့်သည် စက်တင်ဘာ ၂၆ ရက်...

Read more
by MPA CJ008
0 Comments
သတင်း

တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံးဟုဆို

Sep 28, 2023
တနင်္သာရီမြို့နယ်ရှိ စစ်ကောင်စီ၏ ညောင်ပင်ကွင်းရွာ စစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရ၊ စစ်ဗိုလ်တစ်ဦးနှင့် စစ်သားတစ်ဦး သေဆုံးဟုဆို

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းရွာတွင် တည်ရှိသော ခမရ ၅၆၁ တပ်ရင်းအနီး စစ်ဆေးရေးတံတားဂိတ်အား PDF ပူးပေါင်းတပ်ဖွဲ့များမှ ပြောက်ကျားနည်းဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိတ်ခရိုင်တပ်ရင်း ၂ ၏ တာဝန်ရှိသူထံမှ စုံစမ်းသိရှိရသည်။ ယနေ့ နံနက်...

Read more
by MPA CJ015
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (5110) Myanmar (4837) News (4366) military (2343) SAC (2100) PDF (638) Politics (279) Yangon (264) SagaingRegion (192) RakhineState (128) militarycoup (118) Mandalay (110) Magway (107) Covid_19 (103) Pressphoto (86)

Monthly Archive

စက်တင်ဘာ လ၊ 2023 ခုနှစ်
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
« Aug    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In