By Than Lyan / MPA
မတ် ၂၈ရက်က မန္တလေးမြို့အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့ရှိ စိန်ပန်းရပ်ကွက်သည် မြေငလျင်လှုပ်ခဲ့ပြီးနောက် မီးလောင်မှုဖြစ်ပွားခဲ့သည့် အတွက် နေအိမ် ၇၀၀ကျော်မီးလောင်ခဲ့ရသည်။










ငလျင်ဘေးအပြင် မီးဘေးပါ သင့်ခဲ့သည့် စိန်ပန်းရပ်ကွက်၌ လူဦးရေ ၃၅၀၀ကျော်သည်လည်း အကူအညီများ လိုအပ်လျက်ရှိနေသည်။
မန္တလေးမြို့စွန်ရပ်ကွက် တစ်ခုဖြစ်သည့် စိန်ပန်းရပ်ကွက်၌ လက်ရှိအချိန်ထိ ကူညီကယ်ဆယ်ရေး လာရောက်မှု အလွန်နည်းပါးနေသည့်အတွက် မီးမလောင်ဘဲကျန်ရစ်ခဲ့သည့် အပျက်အစီးများအောက်၌ ကျန်ရှိနေသည့် ရုပ်အလောင်းများကိုလည်း ထုတ်ယူမှုမပြုလုပ်ရသေးသောကြောင့် အပုပ်နံ့များပင်ထွက်နေကြောင်းလည်း သိရသည်။