By Ra Wai / MPA
မကွေးတိုင်း၊ ထီးလင်းမြို့နယ်တွင် စစ်ကောင်စီတပ်က ညအချိန် ဗုံးအလုံး ၃၀ ခန့် ကြဲချတိုက်ခိုက်ခဲ့ရာ ကျောင်းသူနှစ်ဦး အပါအဝင် ပြည်သူလေးဦး သေဆုံးခဲ့ကြောင်းသိရသည်။
ယနေ့ (မတ်လ ၂၀ ရက်) နံနက် နှစ်နာရီခန့်တွင် ထီးလင်းမြို့နယ်အရှေ့ခြမ်း၊ အလယ်ဘန်း ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ သက်ကြီးရွယ်အို အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် ကျောင်းသူနှစ်ဦး သေဆုံးခဲ့ကြောင်း ထီးလင်းမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
” ဗုံးက အလုံး သုံးဆယ် နီးပါးကြဲတာ။ ရော့ကက်တွေ၊ မီးလောင်ဗုံး၊ ပေါင် ၂၀၀ စက်လတ်။ ညခင်းကြီးဆိုတော့ အိမ်ထဲမှာ အိပ်နေတဲ့အချိန် ဖြစ်သွားတာ ” ဟု ထီးလင်းမြို့နယ်အရှေ့ခြမ်းမှ ဒေသခံတစ်ဦးက MPA သို့ပြောသည်။

ပုံစာ – စစ်တပ်ဗုံးကြဲမှုကြောင့် အလယ်ဘန်းရွာမှ ပျက်စီးသွားသည့် နေအိမ်များ။

ယင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူ ၂၇ ဦးအထိရှိပြီး နေအိမ်လေးလုံးမီးလောင်ကာ ၅၂ လုံးပြိုကျပျက်စီးခဲ့ကြောင်းသိရသည်။
” ၃၀ နီးပါးကြဲတာဆိုတော့ တည့်တည့်ကျလို့ပဲ ဖြစ်မယ်။ ရွာက အရမ်းမကြီးဘူး။ အိမ်ကြီးအိမ်ကောင်းတွေချည်းပဲ။ ဘာမှရစရာကိုမရှိတာ ” ဟု ၎င်းက ဆက်လက်ပြောသည်။
ယင်းဗုံးကြဲမှုကြောင့် နွားနှင့် ဝက် ၁၀ ကောင်ကျော်သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရရှိကြောင်းသိရသည်။
ယောဒေသအတွင်း စစ်ကောင်စီတပ်က နေ့စဉ် လေကြောင်းတိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်နေသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ်ကင်းသောနေရာနှင့် ဗုံးခိုးကျင်းထဲ သို့မဟုတ် ဗုံးခိုကျင်းအနီး၌ အိပ်စက်ကြရန် ထီးလင်းမြို့နယ်ပကဖက တိုက်တွန်းထားသည်။