By Hsu Yee / MPA
တစ်နှစ်ကျော်ကာလအတွင်း စစ်အုပ်စု၏ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်းခံရသူ ၄၀ ကျော် ရှိ ကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)က ယနေ့(မတ်၁၈ရက်)သတင်းထုတ်ပြန် သည်။
၂၀၂၄ခုနှစ်၊ဇန်နဝါရီတစ်ရက်မှ ၂၀၂၅ခုနှစ်၊မတ်လ၁၈ရက်အထိ စစ်အုပ်စုက အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့သူ၄၂ဦးနှင့် ဖမ်းဆီးသတ်ဖြတ်ခံရပြီးနောက် ရုပ်အလောင်း မီးရှို့ခံရသူ ၃၀၊စုစု ပေါင်း၇၂ဦးရှိကြောင်း အမည်နှင့်တကွ အတည်ပြုနိုင်ခဲ့သည်ဟု AAPP ကဆိုသည်။
“မှတ်မှတ်ရရ၊ ၂၀၂၄၊အောက်တိုဘာတုန်းက ဘုတလင်နယ်ထဲ ကျားဘီလူးစစ်ကြောင်း ဝင်တုန်းက ပြည်သူခြောက်ဦးကို ရက်ရက်စက်စက်ခုတ်ပိုင်းသတ်ဖြတ်ပြီး ခြံစည်းရိုးတွေမှာ ချိတ်ထားတာ ကြား ရတာနဲ့ ရှော့ခ်ရတယ်။အရှင်လတ်လတ်မီးရှို့သတ်တာတွေ၊အရှင်လတ်လတ် ခုတ်ပိုင်းသတ်တာတွေ ကို စစ်တပ်က ဘာလို့ လုပ်နေသလဲဆိုတော့ ကမ်းကုန်အောင်လူစိတ်ကင်းမဲ့တာကတစ်ပိုင်းပေါ့။ နောက်တစ်ပိုင်းက လုပ်ခွင့်ရှိနေလို့ပါပဲ။ဒီလိုရက်စက်မှုမျိုးကို ယဉ်ကျေးတဲ့ကမ္ဘာက ဘယ်လိုမှ လက် ခံလို့မရဘူးဆိုပေမဲ့ နိုင်ငံတကာအသိုင်းအဝိုင်းက ကြေညာချက်ထုတ်ကန့်ကွက်ရုံပဲရှိနေတော့ ဘာလုပ်လုပ် အရေးယူမခံရသလိုဖြစ်နေတော့ လုပ်နေတာ”ဟု မုံရွာအခြေစိုက်နိုင်ငံရေးတက်ကြွလှုပ် ရှားသူတစ်ဦးက ပြောသည်။
ယင်းသေဆုံးသူ၇၂ဦးအနက် စစ်ကိုင်းတိုင်းမှာ ၂၄ ဦးဖြင့် သေဆုံးမှု အများဆုံးဒေသဖြစ်ပြီး မကွေး တိုင်းမှာ အယောက်၂၀ဖြင့် သေဆုံးမှု ဒုတိယအများဆုံးဒေသဖြစ်ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ မတ်လ ခုနှစ်ရက်မှ ၁၂ ရက်အထိ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သာဂေါင်ကျေးရွာကို စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်ကာ တပ်စွဲခဲ့ပြီးနောက် ပြည်သူခြောက်ဦးအား ဖမ်းဆီးပြီး ညှဉ်းပန်းနှိပ်စက်၍ ရက်စက်စွာ သတ်ဖြတ်ခဲ့ရာ ယင်းအနက် ဦးချစ်မောင်ဆိုသူ၏ဦးခေါင်းကို ပိုင်းဖြတ်၍ ခန္ဓာကိုယ်အား မီးရှို့ခဲ့ကြောင်း AAPP ကထုတ်ပြန်သည်။
၂၀၂၄ခုနှစ်၊အောက်တိုဘာ၁၇ရက်တွင် ဘုတလင်မြို့နယ်၊စီပါရွာက ပြည်သူခြောက်ဦးကို စစ်တပ် က ရက်စက်စွာသတ်ဖြတ်၍ ခန္ဓာကိုယ်အား ခုတ်ပိုင်းကာ ခြံစည်းရိုးတို့၌ ချိတ်ထားခဲ့သည်။
စာတည်း-ML