By Ko Paing/MPA
ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ် ၊ရဲအကြပ်အတတ်သင်ကျောင်း(လှော်ကား) ၏ ရဲဝန်ထမ်းတန်းလျား ကို လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Rangoon Urban Columnက သတင်း ထုတ်ပြန်သည်။
ဖေဖော်ဝါရီခုနှစ်ရက်၊ ည ကိုးနာရီကျော်တွင် ယင်းရဲအကြပ်အတတ်သင်ကျောင်း(လှော်ကား)ဝင်းအတွင်းရှိ ရဲဝန်ထမ်းများ နေထိုင်သည့် တန်လျားကို 79 ဗုံးပစ်လောင်ချာဖြင့်ပစ်ခတ်ခဲ့ကြောင်းသိရသည်။
“ကျတော်တို့ နောက်ဆက်တွဲသတင်းတွေ အများကြီးမသိရဘူးခင်ဗျ။ပစ်ပြီးတော့ ပြန်ဆုတ်လာရတာပါ။လုံးဝ အကျပ်အတည်းထဲမှာလုပ်ရတာပါ။ကျည်ကလည်းမရှိတော့တစ်လုံးပဲ ပစ်နိုင်ခဲ့ပါတယ်”ဟု Rangoon Urban Column တာဝန်ခံ ရဲခေါင် က MPAသို့ပြောသည်။
ထိခိုက်ပျက်စီးမှု အခြေအနေကို စုံစမ်းနေဆဲဖြစ်ပြီး တိုက်ပွဲဝင်ရဲဘော်များ ထိခိုက်ဖမ်းဆီးခံရမှုမရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ရဲ၊စစ်သားတွေအနေနဲ့ အဓိကနဲ့သာမည အခုအချိန်ခွဲခြားနိုင်ဖို့ကောင်းပါပြီ။ မိသားစုမျိုးရိုးအစဥ်အဆက်သမိုင်းလှဖို့ ကျန်ရှိနေတဲ့အချိန်မှာ ပြည်သူ့တပ်တွေနဲ့ ပူးပေါင်းပါ”ဟု ၎င်းကဆိုသည်။
Rangoon Urban Columnသည် မြို့ပြတွင် ခက်ခဲစွာရှင်သန်၍ ထိရောက်စွာ ဆက်လက်တိုက်ခိုက်ရန် နှင့် ဝပ်ကျင်း၊ရိက္ခာ၊စစ်အသုံးစရိတ်စသည့်လိုအပ်ချက်များ ဖြည့်တင်းနိုင်ရန် တော်လှန်ပြည်သူများအနေဖြင့် ပါဝင်အားဖြည့်ပေးကြရန်လည်း မေတ္တာရပ်ခံထားသည်။
စာတည်း-ML