By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ရပ်ကွက်များရှိ လူငယ် ၁၈၅ ဦးထက်မနည်းကို စစ်ကောင်စီတပ် ဖမ်းဆီးကာ စစ်မှုထမ်းသင်တန်းပို့ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်သည် စစ်မှုထမ်းအပတ်စဉ်ခြောက်အတွက် ကလေးမြို့ပေါ်ရှိ လူငယ် ၄၅ ဦး၊အပတ်စဉ်ခုနှစ်အတွက် ၅၀၊ အပတ်စဉ်ရှစ်အတွက် ၃၀ နှင့် အပတ်စဉ်ကိုးအတွက် ၆၀ ဖမ်းဆီးခဲ့ပြီး တကယ့်မြေပြင်၌ ယင်းထက်မက များပြားနိုင်ကြောင်း ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတင်းထုတ်ပြန်သည်။
“မြို့ပေါ်မှာ ဂိတ်တွေ ရှောင်တခင်ချပြီး လာတဲ့သူ ဖမ်းတာ။စစ်မှုထမ်းအတွက် ဖမ်းတယ်ဆိုပေမဲ့ ပိုက် ဆံနဲ့ ပြန်ရွေးရင် လွတ်တယ်ဆိုတော့ ပြန်ပေးဆွဲတာပေါ့။ကျတော်တို့ရပ်ကွက်ထဲက ကလေးတွေ လည်း အဖမ်းခံရတာရှိတယ်။ပြန်ရွေးရင် သိန်း၅၀အထက်၊တချို့အဆင်ပြေမှန်းသိတဲ့သူတွေဆို ရာဂဏန်းပဲ”ဟု ကလေးမြို့၊တာဟန်းရပ်ကွက်နေ လူလတ်ပိုင်းအမျိုးသားတစ်ဦးက MPA သို့ ပြော သည်။
စစ်တပ်သည် ကလေးမြို့ပေါ်ရပ်ကွက်များတွင်သာမက ဘာသာရေးအဆောက်အအုံပရဝဏ်များအ ထိပါ လိုက်လံဖမ်းဆီးကြောင်း သိရသည်။
“စွတ်ဖမ်းနေလို့ မြို့ပေါ်လူငယ်တွေ PDF နယ်ထဲ သွားနေတာရှိတယ်။တချို့လည်း PDF ထဲဝင်တာ။ တချို့က PDF အဖွဲ့ဝင်တာတော့ မဟုတ်ဘူးပေါ့။ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားနေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
ကလေးမြို့ခံလူငယ်များအနေဖြင့် ညအချိန်မတော် နေအိမ်ပြင်ပသို့သွားလာခြင်း၊ပျော်ပွဲ ရွှင်ပွဲနှင့် ခရီးထွက်ခြင်းတို့ ရှောင်ကြဉ်ကြရန်၊စစ်တပ်၏ လှုပ်ရှားမှုများကို မျက်ခြေမပြတ် အကဲခတ် ပြီး ကြိုတင်ရှောင်ရှားကြရန်၊နေအိမ်ပြင်ပသို့သွားလာပါက စစ်အုပ်စုဝင်တို့ရှိသည့် နေရာများကို အ တတ်နိုင်ဆုံး ရှောင်ကွင်းကာ VPN App အပါအဝင်ဖျက်သင့်ဖျက်ထိုက်သည်များကိုလည်း ကြိုတင်ဖျက် ထားကြရန် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက သတိပေးထားသည်။