By MPA
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး ABSDF ၏ မြဝတီရုံးကို အကြမ်းဖက်စစ်တပ်က နိုဝင်ဘာလ ၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရုံးတာဝန်ခံနှင့် အဖွဲ့ဝင်အချို့ကို ဖမ်းဆီးခေါ်ဆောင်သွား ကြောင်း သိရသည်။
“ဖြစ်စဉ်ကိုသေသေချာချာဖြစ်အောင်စုံစမ်းနေတယ်။ ဝင်ဆီးတာလား၊ ဝင်ဖမ်းတာလား၊ထိန်းသိမ်း တာလား ဆိုတာကို အသေးစိတ်စုံစမ်းနေတယ်။ သတင်းရရင်ပြန်ထုတ်ပြန်ပေးပါမယ်”ဟု ABSDF အထွေထွေအတွင်းရေးမှူး ကိုဆန်နီက ပြောသည်။
ကနဦးသတင်းများအရ အကြမ်းဖက်စစ်တပ်သည် ABSDF မြဝတီရုံး တာဝန်ခံ ကိုအောင်ဘော်၊ ကိုခင်မောင်ဝင်း၊ ကိုစိုးတင့်ကပ္ပလီတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၁ ရက်နေ့တွင် ကျရောက်သော ABSDF တည်ထောင်သည့် ၃၃ နှစ်ပြည့် အခမ်းအနားတွင် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေး အင်အားစုများနှင့် အတူလက်တွဲ တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ခဲ့ပြီးနောက် ယင်းသို့ မြဝတီရုံးကို ဝင်ရောက်စီးနင်းခဲ့ခြင်းလည်း ဖြစ်သည်။
တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုတရပ်လုံး စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက် ၄ ရပ်ကို ဆက်လက်ကိုင်စွဲပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရေးအင်အားစုများနှင့်အတူ လက်တွဲတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ABSDF က ထုတ်ပြန်ခဲ့ခြင်းလည်း ဖြစ်သည်။
ABSDFသည် စစ်ကောင်စီက ပြီးခဲ့သည့် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျင်းပခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ သဘောတူစာချုပ် NCA ၆ နှစ်ပြည့် နှစ်ပတ်လည်သို့ တက်ရောက်ခဲ့သဖြင့် ပြည်သူလူထုက ပြင်းပြင်းထန်ထန်ဝေဖန်ခံခဲ့ရသေးသည်။
ထို့နောက်တွင် အဆိုပါ နှစ်ပတ်လည်ကို တက်ရောက်မှုမှာ ဗဟိုကော်မတီ၏ သဘောထားမဟုတ်ကြောင်းနှင့် အခမ်းအနားတွင် ပြောကြားချက်များမှာလည်း တက်ရောက်သူ ဦးမင်းဇော်၏ သဘောထားသာ ဖြစ်ကြောင်း ထုတ်ပြန်ဖြေရှင်းခဲ့သည်။
မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး All Burma Students’ Democratic Front သည် မြန်မာနိုင်ငံ နယ်စပ်တလျောက် အခြေစိုက်ထားသည့် အင်အားအကြီးမားဆုံး လူငယ်၊ ကျောင်းသား အဖွဲ့အစည်း ဖြစ်ခဲ့ပြီး ၁၉၈၈ နိုဝင်ဘာလ ၁ ရက်နေ့တွင် တည်ထောင်ခဲ့ခြင်းဖြစ်သည်။
#ABSDF #မြဝတီ #စစ်အာဏာရှင်ဆန့်ကျင်ရေး #MPA
“နေမဝင် ရက်ပ်သီချင်းတစ်ပုဒ်”
"နေမဝင်ခင် နေကွယ်သွားတဲ့နေ့ နေမဝင်ခင်နေကွယ်သွားတဲ့နေ့………" ဆိုသည့် စာသားနှင့်အတူ လောကကြီးကို စိန်ခေါ်လိုက်သည့် ရက်ပ်သီချင်းတစ်ပုဒ်သည် ယနေ့ ခေတ်စနစ်ကို အားမာန်အပြည့်ဖြင့် သရော်နေသလိုလိုပင်။ အဆိုပါ သီချင်းအား သီဆိုသူသည် အသက် ၁၉ နှစ်သာ ရှိသေးသည်။ ဆယ်တန်းအောင်ထားသည့်...