မန္တလေးတိုင်း၊ စဉ့်ကူးမြို့ ပြည်သူ့ဆေးရုံကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း MDY-PDF က သတင်းထုတ်ပြန်သည်။
ယနေ့(ဇန်နဝါရီ၃၁ရက်)နံနက် ၁၂နာရီ၁၅မိနစ်ခန့်(သန်းခေါင်ယံ)တွင် ပြည်သူ့ဆေးရုံကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆေးရုံအတွင်းရှိ အဆောက်အအုံများ ထိခိုက်ပျက်စီးသွား ကြောင်း MDY-PDF ၏ ဓာတ်ပုံမှတ်တမ်းများ၌ တွေ့ရသည်။
စဉ့်ကူးမြိုနှင့်အနီးဝန်းကျင်သည် တိုက်ပွဲနှင့်အလှမ်းကွာသော နေရာဖြစ်ပြီး စစ်ကောင်စီအနေဖြင့် အကြောင်းမဲ့သက်သက် အများပြည်သူနှင့်သက်ဆိုင်သော မြိုနယ်ပြည်သူ့ဆေးရုံအား လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ပြည်သူ့ဆေးရုံများအား ဦးတည်တိုက်ခိုက်လျက်ရှိပြီး ယင်းသည် စစ်တပ်တစ်တပ်အနေဖြင့် ဂုဏ်သိက္ခာအကင်းမဲ့ဆုံး စစ်ရာဇဝတ်မှုများအား ပြောင်ပြောင်တင်းတင်း ကျူးလွန်နေခြင်းဖြစ်ကြောင်း MDY-PDF ကဆိုသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် လူနှင့် အဆောက်အအုံ ထိခိုက်မှုအခြေအနေကို MDY-PDF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
၂၀၂၄ခုနှစ်၊ဇူလိုင်၂၀ရက်တွင် စဉ့်ကူးမြို့ကို MDY-PDF က အလုံးစုံသိမ်းပိုက်ခဲ့သည်။



