By Ra Wai / MPA
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်တွင် ဆက်ကြေးကောက်နေသည့် စစ်အုပ်စုဝင်များ စနိုက်ပါဖြင့် ပစ်ခတ်ခံရပြီး တစ်ဦးသေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၄ရက်၊ မွန်းလွဲ ၁၂ခွဲဝန်းကျင်တွင် ထားဝယ်မြို့နယ်၊ ပကာရီရဲစခန်းရှေ့ လမ်းမပေါ်၌ ဆက်ကြေးကောက်နေသည့် စစ်ကောင်စီတပ်သားများကို စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ တစ်ဦးသေဆုံးခဲ့ကြောင်း YePhyu People Defence Force က သတင်းထုတ်ပြန်သည်။
“ စခန်းအနီးမှာဆိုတော့ သုံး၊ လေးယောက်လောက်ရှိတယ်။ အခြေအနေအရ တစ်ချက်ပဲ ပစ်ခဲ့ရပြီးတကောင်ထိပါတယ်ခင်ဗျာ” ဟု YePhyu People Defence Force အဖွဲ့ အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
ယင်းပစ်ခတ်မှု ရုပ်သံမှတ်တမ်းထဲတွင် အဖြူရောင်ကားတစ်စီးဘေး၌ အရပ်ဝတ်ဖြင့် လူနှစ် ယောက်ရပ်နေပြီး တစ်ဦးမှာ ရုတ်ချည်းဆိုသလို လဲကျသွားကြောင်း တွေ့ရသည်။
ယင်းပစ်ခတ်မှုအပြီးတွင် ပကာရီရဲစခန်းအတွင်းမှ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ ကြောင်းသိရသည်။
ယင်းပစ်ခတ်မှုသတင်းကို ဒူရကစစ်ကြောင်းက သတင်းထုတ်ပြန်ထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စစ်ရေးအရှိန်မြှင့်တင်နေသည့်အတွက် ပြည်သူများအနေဖြင့် အထူးသတိပြု သွားလာနေထိုင်ကြရန် ဖော်ပြထားသည်။
ပကာရီရဲစခန်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင် အထိုင်ချထားကြောင်း သိရသည်။
စနိုက်ပါထိမှန်ပြီး စစ်အုပ်စုဝင်တစ်ဦး သေဆုံးသွားမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင် ပေ။