By Ra Wai / MPA
စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံရေးပါတီကိုယ်စားလှယ်များက စစ်မှုထမ်းအရေအတွက် တိုးမြှင့် ခေါ်ယူရန် စစ်ဗိုလ်ချုပ်တို့ထံ အကြံပြုခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီနှင့် စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံရေးပါတီများအစုအဖွဲ့၏ အလုပ်အဖွဲ့တို့ ဒုတိယ နေ့ တွေ့ဆုံဆွေး နွေးပွဲကို ဇန်နဝါရီ၂၄ရက်တွင် နေပြည်တော်၌ ပြုလုပ်စဉ် နိုင်ငံရေးပါတီကိုယ်စားလှယ်များက ယင်းသို့ အကြံပြုခဲ့ကြောင်း စစ်ကောင်စီဝါဒဖြန့်မီဒီယာတို့၌ ဖော်ပြထားသည်။
“စစ်တပ်ထဲက ပါးနပ်တဲ့ အရာရှိကြီးတွေတောင် စစ်ကောင်စီလက်အောက်ကနေ ဘယ်လိုစွန့်ခွာကြမ လဲလို့ စဉ်းစားနေကြတဲ့အချိန်မှာ အရပ်သား နိုင်ငံရေးပါတီအမည်ခံတွေက မင်းအောင်လှိုင်ရှေ့တော် မှောက်မှာ ကျိုးနွံစွာခစားဖို့ အလုအယက်တိုးဝှေ့ပြေးနေကြတာပေါ့။ပြောရရင် စစ်ကောင်စီအဓွန့်ရှည် ရေးအတွက် တဆုံးရပ်တည်သွားမယ်ဆိုတဲ့ အကြံပြုချက်ပါပဲ။တစ်ချိန်မှာ စစ်ဗိုလ်ချုပ်တွေနဲ့အတူ ကြိုးစင်ပေါ်တက်မယ်ဆိုတဲ့အကြောင်း သတင်းပေးပို့ချက်လို့ပဲ သဘောထားရပါမယ်” ဟု ရန်ကုန်အ ခြေစိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
စစ်ကောင်စီအသိအမှတ်ပြု နိုင်ငံရေးပါတီကိုယ်စားလှယ်များက ၂၀၂၅ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ် များ၊နိုင်ငံတည်ငြိမ်မှုရရှိအောင် လုပ်ဆောင်သင့်သည့် အစီအမံများ၊PDF တို့ လက်နက်ချအလင်းဝင်မှု များပြားလာရေး အပါအဝင် အချက်ခြောက်ချက်ကို အကြံပြုခဲ့ကြကြောင်း သိရသည်။
ယင်းဆွေးနွေးပွဲသို့ စစ်ကောင်စီ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့်ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်း ရေးကော်မတီဥက္ကဌ၊ မင်းအောင်လှိုင်ခန့် ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နှင့် ကော်မတီဝင်များ၊နိုင်ငံ ရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ခေါင်းဆောင် ပြည်သူ့ပါတီဥက္ကဌ ကိုကိုကြီးနှင့် အလုပ်အဖွဲ့ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
၂၀၂၄ ခုနှစ်၊ ဖေဖေါ်ဝါရီ၁၀ရက်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ပြီဖြစ်ကြောင်း စစ်ကောင် စီက ကြေညာခဲ့ပြီးနောက် စစ်မှုထမ်းသင်တန်းအပတ်စဉ်တစ်ကို ၂၀၂၄ခုနှစ်၊ဧပြီရှစ်ရက်၌ စတင်ဖွင့်လှစ်ခဲ့သည်။
အပတ်စဉ်တစ်ခုလျှင် တပ်သားသစ်၅၀၀၀ ခေါ်ယူမည်ဟု စစ်ကောင်စီက ပြောကြားထားပြီး ယခုအခါ အပတ်စဉ်ကိုး သင်တန်းကို ဖွင့်လှစ်နေပြီဖြစ်သည်။




