By Wadi/MPA
ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့ လေကြောင်းတိုက်ခိုက်မှုတွင် TNLA စခန်းမှူး နှင့် မြို့နယ်မှူးအပါအဝင် TNLA ၄၀ ဝန်းကျင် သေဆုံးဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
“တိုက်ပွဲသတင်းစုံ” တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၂၁ ရက်တွင် နောင်ချိုမြို့ရှိ TNLA ခေါင်းဆောင်များ အစည်းအဝေးလုပ် သည့် ထွေအုပ်ရုံးနှင့် စခန်းချနေသည့် ရဲစခန်းဝန်းကျင်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် TNLA ၄၀ ဝန်းကျင် သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများထဲတွင် TNLA နောင်ချိုစခန်းမှူး တာအိုက်မောင် နှင့် မြို့နယ်မှူး တာကောကျန် တို့ ပါဝင်ခဲ့ကြောင်း ၊ ဗုံးကြဲခံရသည့်အဆောက်အဦးများ လည်း ပျက်ဆီးခဲ့ကြောင်း ဓာတ်ပုံနှင့်တကွ ရေးသားဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၃၈,၀၀၀ ကျော်၊ Reaction ပေးသူ ၆၈၀ ကျော် ရှိခဲ့သည်။
မူရင်းသတင်းအမှား ရေးသားထားသောလင့်ခ် >>> https://archive.ph/emtQO
အဆိုပါအကြောင်းအရာကို “Ko Thet, Kyaw Swar” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှု များပြားနေသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ko Thet – https://archive.ph/qh7rh
Kyaw Swar – https://archive.ph/Xd4Vu
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်း သက်သေပြစိစစ်ချက်
စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ ထပ်တူညီသော ဓာတ်ပုံကို မတွေ့ရပေ။
Google တွင် “နောင်ချိုမြို့ လေကြောင်းဗုံးကြဲခံရ” ဆိုသည့် စာသားဖြင့် ရှာဖွေကြည့်ရာ “People’s Spring , MPA, VOA” အပါအဝင် အခြား မီဒီယာများက သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ဇန်နဝါရီ ၂၁ ရက်က နောင်ချိုမြို့ရှိ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးအနီးသို့ စစ်ကောင်စီ က ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် အရပ်သား အမျိုးသမီးတစ်ဦး သေဆုံး ပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု TNLA က ထုတ်ပြန်ထားကြောင်း၊ ဒေသခံများကတော့ ထိခိုက်ဒဏ် ရာရသူမှာ ၇ ဦး ဝန်းကျင် ရှိသည်ဟု ပြောကြောင်း၊ နေအိမ်အဆောက်အအုံများနှင့် စည်ပင်ရုံး ထိခိုက်ပျက် စီးခဲ့ကြောင်း၊ TNLA ထိန်းချုပ်ထားသည့် နောင်ချိုမြို့ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်က မကြာခဏ လေကြောင်း တိုက်ခိုက်မှုများ ရှိခဲ့ပေမဲ့ ယခုတိုက်ခိုက်မှုသည် ၂၀၂၅ ခုနှစ်အတွင်း ပထမဆုံးအကြိမ်တိုက်ခိုက်မှုဖြစ် ကြောင်း ရေးသားဖော်ပြထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
People’s Spring – https://bitly.cx/Cc2I
MPA – https://bitly.cx/cB0a4
VOA – https://bitly.cx/3fYGL
TNLA ၏ တယ်လီဂရမ် ချန်နယ်တွင် ဇန်နဝါရီ ၂၁ ရက် နေ့လည် ၂ နာရီအချိန်တွင် နောင်ချိုမြို့ စည်ပင်ရုံး နှင့် ထွေအုပ်ရုံး အနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ကြောင်း၊ ဒေသခံ ပြည်သူတစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ နေအိမ် တစ်လုံးနှင့် စည်ပင်ရုံး ထိခိုက်ပျက်စီး ခဲ့ကြောင်း၊ မီးလောင်ကျွမ်းခဲ့သည့် နေရာများကိုလည်း TNLA မီးသတ်ဌာန နှင့် ပြည်သူများက ဝိုင်းဝန်း ငြိမ်းသက်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
ထုတ်ပြန်ချက်အပြည့်အစုံဖတ်ရန် >>> https://bitly.cx/Yxs5y
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ဇန်နဝါရီ ၂၁ ရက်က နောင်ချိုမြို့ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် အရပ်သား အမျိုးသမီး တစ်ဦး သေဆုံးပြီး နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ရေးသားထားသည်။
ဗုံးကြဲခံရသည့်နေရာမှာ ထွေအုပ်ရုံးနှင့် စည်ပင်ရုံးဖြစ်ကြောင်း မှန်ကန်သော်လည်း သေဆုံးသွားသူမှာ အရပ်သား အမျိုးသမီးတစ်ဦးတည်း ဖြစ်ကြောင်း သတင်းများအရ သိရသည်။
TNLA စခန်းမှူးနှင့် မြို့နယ်မှူး အပါအဝင် TNLA ၄၀ ဝန်းကျင် သေဆုံးဟု ဖော်ပြထားခြင်း မတွေ့ရပေ။
ထို့ကြောင့် စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “နောင်ချိုမြို့ လေကြောင်း တိုက်ခိုက်မှုတွင် TNLA စခန်းမှူး နှင့် မြို့နယ်မှူး အပါအဝင် TNLA ၄၀ ဝန်းကျင်” သေဆုံး ဟုဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင်
MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။