By Ra Wai / MPA
မွန်ပြည်နယ်၊ သထုံတွင် PDFတို့က မြို့သိမ်းတိုက်ပွဲဆင်နွှဲတော့မည်ဖြစ်ကြောင်း ပြည်သူများကြား သတင်းပျံ့နှံ့လျက်ရှိသည်ဟု သိရသည်။
သထုံမြို့ကို ညခုနှစ်နာရီ၊ရှစ်နာရီခန့်တွင် PDFတို့က ဝင်ရောက်စီးနင်းသိမ်းပိုက်တော့မည်ဟု သထုံ မြို့အထွေထွေအုပ်ချုပ်ရေးရုံးမှတစ်ဆင့်ဒေသခံများဆီသို့ သတင်းပျံ့နှံ့လျက်ရှိရာ ယင်းသတင်းမှာ စစ် ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိ ကောလာဟလ ဖြန့်ချိနေခြင်းဖြစ်ကြောင်း မွန်ပြည်နယ်ပကဖ ဒုတာဝန်ခံ စောထူးအောင်က ပြောသည်။
“အဲဒီသတင်းက စစ်တပ်ထဲကနေ ထွက်လာပြီး ထွေအုပ်ရုံးကနေ ပြန့်လာတာ။အဓိကက သထုံမြို့ကို မငြိမ်မသက်ဖြစ်အောင် တမင်ကို ကောလာဟလဖြန့်တာ။ သထုံမြို့ကို သိမ်းဖို့အစီအစဉ် ရှိမနေသေး ဘူး။ ပြည်သူတွေ စိုးရိမ်မနေကြပါနဲ့”ဟု ၎င်းက MPAသို့ပြောသည်။
ယင်းကောလာဟလမှာ ဇန်နဝါရီ၂၀ရက်ဝန်းကျင်မှစတင်ကာ ဒေသခံများကြား ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး အချို့မှာ အရေးပေါ်အခြေအနေဖြစ်လာပါက ထွက်ပြေးနိုင်ရန် စီစဉ်ထားကြကြောင်း သထုံမြို့၊ဘင် လှိုင်ရပ်ကွက်သားတစ်ဦးက ပြောသည်။
“တလောကလည်း တိုက်ပွဲတွေဖြစ်တော့မယ်ဆိုလို့ သထုံမှာ ရိက္ခာတွေ ဝယ်စုတဲ့သူတွေက စုတယ်။ အခုလည်း မြို့သိမ်းတော့မယ်ဆိုလို့ ရိက္ခာစုသူကစု၊အထုပ်ပြင်သူကပြင် ဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။
သထုံနှင့် ဘီးလင်းမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်တော့မည်ဆိုသည့် သတင်း ဇန်နဝါရီ၁၅ ရက်ဝန်းကျင်က ထွက်ပေါ်ခဲ့သေးသည်။
ယခုအခါ သထုံမြို့ကို သိမ်းပိုက်ရန်အတွက် PDFရဲဘော်များ မြို့တွင်းသို့ ရောက်ရှိနေပြီဖြစ်ကြောင်း လည်း သတင်းထွက်ပေါ်လျက်ရှိသည်။