By Ra Wai / MPA
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်အတွင်း စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ထီးချိုင့်မြို့နယ်၊တုံလုံကျေးရွာကို စစ်တပ်က ဇန်နဝါရီ၂၀ရက်နံနက်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မောင်မြင့်မိုရ်ခန့် (၁၀နှစ်) သေဆုံးခဲ့ ပြီး အသက်၁၁နှစ်အရွယ်ရှိ မအိဖြိုးဝေမှာ ဒဏ်ရာရရှိခဲ့ကြောင်း Tigyaing Revolution က ယနေ့(ဇန်နဝါရီ၂၁ရက်)သတင်းထုတ်ပြန်သည်။
“ကျတော်တို့ သိရသလောက် တုံလုံရွာမှာရော၊ရွာနားပတ်ဝန်းကျင်ရော ဘာတိုက်ပွဲမှ ဖြစ်မနေဘူး။ တိုက်ပွဲမရှိဘဲ အလွတ်လာကြဲသွားတာ” ဟု ဒေသခံစစ်ရေး သတင်းရင်းမြစ်က MPAသို့ ပြောသည်။
စစ်တပ်ကြဲချခဲ့သည့် ဗုံးသည် တုံလုံရွာထဲရှိ အိမ်တည့်တည့်သို့ ကျရောက်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသော ကလေးမှာ ပွဲချင်းပြီး သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။
ထီးချိုင့်မြို့ဟု ၎င်းက ယနေ့(ဇန်နဝါရီ၂၁ရက်)နံနက်တွင်ပြောသည်။
ဇန်နဝါရီ ၂၀ရက်ညတွင် PDFနှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်ထားသည့် စစ်ကိုင်းတိုင်း၊တမူး မြို့နယ်၊ခမ်းပါတ်မြို့ကို စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်။