By Ko Paing / MPA
ဇန်နဝါရီ ဒုတိယ၁၀ရက်အတွင်း တောင်ပိုင်းစစ်ဒေသ တိုက်ပွဲများ၌ စစ်သား ၂၈ဦး သေဆုံးခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ၁၁ရက်မှ ၁၇ရက်အတွင်း တောင်ပိုင်းစစ်ဒေသ၌ PDF ၊ KNLA ၊အခြားသော တော်လှန်ရေး ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် သေဆုံးစစ်သား ၂၈ဦး အပြင် ၄၅ဦးနှင့် အထက်ဒဏ်ရာရခဲ့ကြောင်းလည်း တောင်ပိုင်းစစ်ဒေသက ယနေ့ (ဇန်နဝါရီ၁၈ရက်) သတင်းထုတ်ပြန်သည်။
“တောင်ပိုင်းရဲ့ ခြွေစစ်လို့ပဲ ပြောရမှာပေါ့။ တခြားရှမ်းတို့ ရခိုင်တို့ ကချင်တို့လို ကြီးကြီးမားမား မြို့သိမ်းအောင်ပွဲတွေတော့ မရှိသေးဘူး။လောလောဆယ် ကျတော်တို့ မျက်မြင်အရဆို သိမ်းနိုင်ဖို့ လည်း မလွယ်ဘူး။ ဒါပေမဲ့၊မြဝတီကို အောင်ဇေယျစစ်ကြောင်း ရောက်မလာအောင် အကောင်းဆုံး ချေမှုန်းနိုင်နေပါတယ်” ဟု ကေအဲန်ယူ၊တပ်မဟာခြောက်နယ်မြေအတွင်းရှိ တော်လှန်ရေးရဲဘော်တစ် ဦးက MPAသို့ပြောသည်။
ယခုအပတ်အတွင်း ကော့ကရိတ်-အာရှလမ်းရှိ အောင်ဇေယျစစ်ကြောင်း ၏ ယာယီတပ်စခန်းငယ် တစ်ခုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ လက်နက်ငယ် ၁၁ လက်၊ လက်နက်ကြီး တစ်လက်၊ မိုင်း၊ ခဲယမ်းမျိုးစုံနှင့် အခြား စစ်ဘက်သုံးပစ္စည်းအချို့ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
မြေပြင်တွင် အထိနာနေသော အကြမ်းဖက်စစ်ကောင်စီတပ်သည် အရပ်သားပစ်မှတ်များကိုပါမချန် ရည်ရွယ်ချက်ရှိရှိဖြင့် လေကြောင်းတိုက်ခိုက်မှုများ ပိုမိုအသုံးပြုတိုက်ခိုက်နေကြောင်း သိရသည်။
စစ်သားများ သေဆုံး၊ဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။