By Ra Wai/ MPA
ရွေးကောက်ပွဲကျင်းပနိုင်သည့် အခြေအနေမျိုးဖြစ်အောင် ဖိဖိစီးစီးဆက်လက်ဆောင်ရွက်ကြရန် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောကြားလိုက်သည်။
ဇန်နဝါရီ၁၇ရက်၊နေပြည်တော်၌ ပြုလုပ်သည့် အာဏာသိမ်းစစ်ကောင်စီ၏ ပြည်ထောင်စုအစိုးရအ ဖွဲ့ အစည်းအဝေး၌ ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
“ရွေးကောက်ပွဲကို ဒီနှစ်ထဲ ဘယ်အချိန်လုပ်မှာလဲ။ အခုထိ မင်းအောင်လှိုင် မပြောနိုင်သေးဘူး။ဘယ် မြို့နယ်တွေမှာ လုပ်မှာလဲ။တော်လှန်ရေးတပ်တွေ သိမ်းထားတဲ့မြို့က ၉၀ကျော်ပြီ။ထိန်းချုပ်ထားတဲ့ ဒေသတွေလည်း မနည်းတော့ဘူး။ဒါပေမဲ့၊မင်းအောင်လှိုင် စိတ်ကူးယဉ်နေတုန်းပဲ” ဟု ရန်ကုန်အခြေ စိုက် နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ ပြောသည်။
ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ရာ ကောက်ခံရရှိသည့် အချက်အလက်များအရ လူဦးရေကျဆင်းလျက်ရှိပြီး ၅၁သန်းကျော်သာ ရှိသည် ကိုတွေ့ရကြောင်းလူဦးရေကျဆင်းရခြင်းမှာ မွေးဖွားနှုန်းကျဆင်းခြင်း၊အကြောင်းအမျိုးမျိုးကြောင့် ပြည်ပနိုင်ငံများသို့ ထွက်ခွာသူများပြားလာခြင်းနှင့် အကြောင်းအမျိုးမျိုးဖြင့် သေဆုံးမှုများရှိခြင်းတို့ ကြောင့်ဖြစ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။
လူဦးရေကျဆင်းမှုကြောင့် ရွေးကောက်ပွဲပြုလုပ်ရာတွင် အတိုင်းအတာတစ်ခုအနေဖြင့် သက်ရောက် မှုများရှိလာနိုင်ကြောင်း ရွေးကောက်ပွဲပြုလုပ်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ရာ တွင်တည်ငြိမ်းအေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း ၎င်းက ပြောသည်။
စစ်ကောင်စီက ယခုနှစ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟု ပြောကြားထားပြီးဖြစ်သည်။