စစ််ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိတိုက်ပွဲတစ်ခုတွင် အောက်တိုဘာ၃၀ရက်နေ့၌ အကြမ်းဖက်စစ်တပ်၏လက်ချက်ကြောင့် ပြည်သူလူထုဘက်မှ အကြမ်းဖက်စစ်တပ်ကို တော်လှန်နေသည့်တပ်သားတစ်ဦး ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ရသည်။
ယနေ့ဖြစ်ပွားခဲ့သည့် တိုက်ပွဲတစ်ခုတွင် အကြမ်းဖက်စစ်တပ်၏လက်ချက်ကြောင့် အသက်၂၁နှစ်အရွယ် ကိုဟိန်းသီဟအောင်သည် ဖက်ဆစ်စစ်တပ်ကို တိုက်ခိုက်ရင်း ကျည်ဆံထိမှန်ပြီး ကျဆုံးခဲ့ရခြင်းဖြစ်သည်။
“ အသေးစိတ် အချက်အလက်တွေတော့ ကျနော်တို့ပြောပြလို့မရသေးပါဘူး။ သူကျသွားတာကိုတော့ကျနော်တို့အတည်ပြုပေးလို့ရပါတယ် ” ၎င်းနှင့်နီးစပ်သူ တော်လှန်ရေးသမားတစ်ဦးကဆိုသည်။ ကိုဟိန်းသီဟအောင်ကျဆုံးခဲ့ရခြင်းနှင့် နောက်ဆက်တွဲအခြေအနေများကို MPAအနေဖြင့်ဆက်လက်စုံစမ်းလျက်ရှိနေသည်။
မြင်းခြံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကိုဟိန်းသီဟအောင်ကျဆုံးခဲ့ရခြင်းနှင့် ပတ်သက်ပြီး ”ကျွန်ုပ်တို့အမိမြင်းခြံတက္ကသိုလ်မှမွေးထုတ်သော သူငယ်ချင်းညီငယ်တစ်ဦး၊ နွေဦးတော်လှန်ရေးမှမွေးထုတ်သော ရဲဘော်တစ်ဦး၊ အဖိနှိပ်ခံလူထုအတွက် အသက်ခန္ဓာပေးဆပ်ခဲ့သည့် သူရဲကောင်းတစ်ဦးဖြစ်သော ကိုဟိန်းသီဟအောင်အား ကျွန်ုပ်တို့ သူငယ်ချင်း၊ညီကိုမောင်နှမ၊ ရဲဘော်တစ်စု၏ရင်ထဲ၌ လေးစားဂုဏ်ပြုအပ်သော သူရဲကောင်းတစ်ဦးအဖြစ် ကမ္ပည်းမော်ကွန်းထိုးကာ မှတ်တမ်းတင်ဂုဏ်ပြုဦးညွှတ်ကြောင်း ” ဖော်ပြထားသည်ကိုတွေ့ရသည်။
#စစ်ကိုင်း #ပြည်သူ့ရဲဘော်တစ်ဦး #ကျည်ဆံထိမှန်ကျဆုံး #MPA