By Haythar/ MPA
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကျောက်စိမ်းလုပ်ကွက်ရှိရာ လုံးခင်းကျေးရွာအုပ်စုကို စစ်ကောင်စီတပ် က လေကြောင်းဗုံးကြဲရာ ပြည်သူ ၈ဦး ထက်မနည်းသေဆုံးမှုကို KIA တပ်ဖွဲ့ဝင်များသေဆုံးဟုစစ်ကောင်စီတပ် ဝါဒဖြန့်ချန်နယ်များက သတင်းအမှား ဖြန့်ဝေလျက်ရှိသည်။
People Media တယ်လီဂရမ်ချန်နယ်က ဇန်နဝါရီ ၁၃ ရက် ညနေပိုင်းတွင် ပျက်စီးနေသည့် အဆောက်အဦး ဓာတ်ပုံကို အသုံးပြုပြီး ဖားကန့်ရှိ KIA စခန်းကို ဗုံးကြဲရာ KIA တပ်ဖွဲ့ဝင်များသေဆုံးဟုရေးသားဖြန့်ဝေထား သည် ။
အဆိုပါရေးသားဖြန့်ဝေမှုကို ဇန်နဝါရီ ၁၄ ရက်ညပိုင်းထိ ကြည့်ရှုသူ ၃၂,၀၀၀ ကျော်၊ like and react ပေးသူ ၅၄၀ ကျော်ရှိပြီး အခြားစစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြထားကြသည်။
သတင်းအမှားလင့်ခ်များ
People Media – https://archive.ph/vSlnB
Ye Ba Nyein – https://archive.ph/o288Y
U Nay Win – https://archive.ph/vSNSK
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားသော ဓာတ်ပုံကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ RFA သတင်းမီဒီယာက သတင်းဖော်ပြထားသော ဓာတ်ပုံနှင့် ထပ်တူညီလျက်ရှိသည်။
RFA သတင်းမီဒီယာတွင် အဆိုပါဓာတ်ပုံကို ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ ဆန်ခါရွာတွင် လေကြောင်း တိုက်ခိုက်ရမှုကို ၂၀၂၅ ဇန်နဝါရီ ၁၃ ရက်ကတွေ့ရစဥ် ဟုရေးသားဖော်ပြထားသည်။
သတင်းလင့်ခ်- https://shorturl.at/nSnqk
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ ဖားကန့်ကိုစစ်တပ်ဗုံးကြဲ” ဆိုသည့်စာသားဖြင့်ရှာဖွေကြည့်ရာ BBC,RFA,Kachin News Group သတင်းမီဒီယာတို့က သတင်းသားဖော်ပြထားကြသည်။
သတင်းမီဒီယာတို့တွင် ဖားကန့်မြို့နယ်၊လုံးခင်းကျေးရွာအုပ်စု မဆွပ်ယန်နဲ့ဆန်ခါရွာတို့ကို ဇန်နဝါရီ ၁၃ ရက် မနက် ၁၀ နာရီခန့်တွင် စစ်ကောင်စီတပ်ကလေကြောင်းဗုံးကြဲခဲ့ကြောင်း၊ အရပ်သား ၈ ဦးထပ်မနည်း သေဆုံး ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဗုံးကြဲခဲ့ခြင်းဖြစ်ကြောင်း၊ ဓာတ်ပုံနှင့် ရုပ်သံမှတ်တမ်းများအရ သေဆုံးသူများတွင် အမျိုးသမီးတစ်ဦး၊ ရေမဆေးကျောက်ရှာသူများ၊ ဒေသခံအမျိုးသားများနှင့် လမ်းသွားလမ်း လာအချို့ သေဆုံးနေကြောင်း ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
BBC – https://shorturl.at/Lp4gd
RFA – https://shorturl.at/nSnqk
Kachin News Group – https://shorturl.at/WTwt0
သုံးသပ်ချက်
ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စုရှိ ကျောက်စိမ်းလုပ်ကွက်ကို စစ်တပ်ကလေကြောင်းဗုံးကြဲရာ ပြည်သူ ၈ဦး ထပ်မနည်းသေဆုံးခဲ့ရသည်။ သေဆုံးသူများတွင်လည်း အမျိုးသမီး၊လမ်းသွားလမ်းလာများ၊ဒေသခံများ ပါဝင်သည်။
ထို့ကြောင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ ရေးသားဖြန့်ဝေထားသော ဖားကန့်ရှိ KIA စခန်းကို ဗုံးကြဲရာ KIA တပ်ဖွဲ့ဝင်များသေဆုံးဆိုသော အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်သည်။