By Ra Wai / MPA
မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ရဲတပ်သားနှစ်ဦး လက်နက်နှင့်တကွ ပြည်သူ့ရင်ခွင်ခိုလှုံ လာကြောင်းသိရသည်။
ယနေ့ (ဇန်နဝါရီ တစ်ရက်) တွင် တောင်သာမြို့မရဲစခန်းမှ ရဲတပ်သားတစ်ဦးနှင့် မှော်ဘီရဲတပ်ရင်းငါးမှ ရဲတပ်သားတစ်ဦးတို့ G3တစ်လက်၊ အူဇီတစ်လက်၊ ကျည်ဘောက်နှစ်ခု၊ G3ကျည် ၁၀၁တောင့်၊ အူဇီကျည် ၁၈တောင့်တို့နှင့်အတူ ပြည်သူ့ရင်ခွင်ခိုလှုံလာကြောင်း တောင်သာမြို့နယ်ပကဖက သတင်းထုတ်ပြန်သည်။
“ ကျတော်တို့က သူတို့ကို ထိုက်သင့်တဲ့ ဆုချီးမြှင့်ငွေပေးတယ်။ ရဲဘော်တွေနဲ့ တသားတည်းနေပြီး တော်လှန်ရေးကို ဆက်လုပ်သွားမယ်ပြောတယ်” ဟု တောင်သာမြို့နယ်ပကဖတာဝန်ခံက MPAသို့ပြောသည်။
ယင်းရဲတပ်သားနှစ်ဦးကို ဆုကြေးငွေ ကျပ်သိန်းငါးဆယ်စီ ချီးမြှင့်ခဲ့ကြောင်းသိရသည်။
၂၀၂၄ ခုနှစ်အတွင်း တောင်သာမြို့နယ်ပကဖထံ ပြည်သူ့ရင်ခွင်ခိုလှုံလာသည့် ရဲခုနှစ်ဦးနှင့် စစ်သားနှစ်ဦးရှိခဲ့ပြီး ၎င်းတို့အနက် သုံးဦးမှာ လက်နက်ပါလာကြောင်းသိရသည်။
တောင်သာမြို့နယ်အတွင်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံ ကြရန် နှင့် တောင်သာမြို့နယ်ပကဖထံသို့ ချိတ်ဆက်ခိုလှုံနိုင်ကြောင်းသိရသည်။

