By Ko Paing / MPA
ပဲခူးတိုင်း၊ ပြည်မြို့အနီးရှိမင်းကြီးတောင်ပေါ်တွင် လက်နက်ကြီးများတပ်ဆင်ရန် စစ်ကောင်စီတပ်က ပြင်ဆင်နေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
ရခိုင်ပြည်နယ်နှင့်မကွေးတိုင်းအစပ် မင်းတုန်းမြို့နယ်တွင် စစ်ရေးလှုပ်ရှားမှုများ စိပ်လာသောကြောင့် နိုဝင်ဘာလကုန်ပိုင်းမှစတင်၍ မင်းကြီးတောင်ပေါ်၌ လက်နက်ကြီးများတပ်ဆင်ရန် မြေဖို့ ပြင်ဆင်နေစည်ဟု သတင်းထွက်နေကြောင်း ဒေသခံအချို့ထံက သိရသည်။
“ရပ်ကွက်ထဲကနေတော့ကြားတယ်။သွားတော့ ကြည့်လို့မရဘူး။မြေဖို့နေတာတော့ရှိတယ်။လက်နက်ကြီးထားဖို့လို့တော့ ကောလာဟလ သဘောမျိုးကြားနေရတယ်။ စစ်ရေးကျတော့ ငါတို့လည်း အတိအကျမသိဘူးလေ။သူတို့ တပ်ထိုင်ဖို့လုပ်နေတာကတော့ သေချာတယ်။လက်နက်ကြီး တပ်ဆင်တာ၊ မဆင်တာတော့ ငါလည်းမသိဘူး” ဟု ပြည်မြို့နယ်၊ဆံတော်ရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။
မင်းကြီးတောင်သည် ဧရာဝတီမြစ်ကမ်းဘေး၊နဝဒေးတံတားထိပ်နှင့် အရေးပေါ်လမ်း၊သင်္ဘောဆိပ်တို့ဆုံရာ တောင်ကုန်းတစ်ခုဖြစ်ပြီး စစ်ရေးအရ အရေးပါသည့် ဗျူးဟာကုန်းတစ်ခုဖြစ်ကြောင်း သိရသည်။
“ပြည်မြို့ကို အထိုင်ထားမယ့်သဘောလားတော့မသိဘူး။ဘာလို့ဆို တောင်ကုတ်က ထွေအုပ်ဝန် ထမ်းတွေကို ပြည်ကို ပို့တယ်။ပန်းတောင်းမြို့နယ်က ဘယ်အချုပ်သားမဆို ပြည်ထောင်မှာ ထောင်ကြီးချုပ်နဲ့ထားတယ်။တရားရုံးမှာ အမှုရင်ဆိုင်မှ ပြည်ထောင်ကနေသွားတာ” ဟု ရွှေတောင် မြို့နယ်ပကဖ ရဲဘော်တစ်ဦး ကပြောသည်။
မင်းကြီးတောင်ပေါ်၌ စစ်ကောင်စီ၏ တပ်လိုင်းခန်း၊စရဖ ရုံး၊စစ်ကြောရေးစခန်းနှင့် မြန်မာ့အသံထပ်ဆင့်အသံလွှင့်ရုံလည်းတည်ရှိကြောင်းသိရသည်။
ရက္ခိုင့်တပ်တော် AA က တောင်ကုတ်မြို့ကို နိုဝင်ဘာ ၂၄ ရက်နေ့တွင် အလုံးစုံထိန်းချုပ်နိုင်ခဲ့ပြီး အမ်း-ပဒါန်းလမ်းပိုင်းနှင့်မင်းတုန်းမြို့နယ်တို့တွင်လည်း တော်လှန်ရေးတပ်များက စစ်ရေးလှုပ်ရှားမှုများပြုလုပ်လာခြင်းကြောင့် မင်းကြီးတောင်ပေါ်၌ လက်နက်ကြီးတပ်ဆင်ရန် စစ်တပ်က ပြင်ဆင်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ကသုံးသပ်သည်။