By Ko Paing / MPA
ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းရှိ အရက်ဝိုင်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့ရာ ရဲ၁၀ဦးခန့် ဒဏ်ရာရရှိနိုင်ကြောင်း သိရသည်။
နိုဝင်ဘာ ၁၃ ရက်၊ ည ခုနှစ်နာရီကျော်တွင် ရွှေပြည်သာမြို့နယ်၊လှော်ကားနယ်မြေရဲစခန်းဂိတ်၌ ရဲများ အရပ်ဝတ်ဖြင့် အရက်သောက်နေစဥ် လက်ပစ်ဗုံး နှစ်လုံး ပစ်သွင်းတိုက်ခိုက်ခဲ့ကြောင်း Yangon UG People Army (YUPA)က သတင်းထုတ်ပြန်သည်။
“ကျတော်တို့ တိုက်ခိုက်ပြီးတော့ ခွေးကား(စစ်ကား)တွေ အတော်များများရောက်လာတယ်။ခွေးကားတွေပတ်နေတာတွေရှိတယ်။ပိတ်ဆို့ စစ်ဆေးတာတွေရော” ဟု Yangon UG People Army (YUPA) တာဝန်ခံ ဂျိုး ကMPAသို့ ပြောသည်။
အရက်သောက်နေစဉ် တိုက်ခိုက်ခံရခြင်းဖြစ်သဖြင့် ရဲများ ချက်ချင်း ပြန်မပစ်နိုင်ကြောင်း သိရသည်။
“ကျတော်တို့ တိုက်ခိုက်တော့ ဒီကောင်တွေ ချက်ချင်း ပြန် မပစ်နိုင်ဘူး။လဲကျသွားတာတွေလည်းရှိတယ်။ကျတော်တို့လည်း အမြန် ပြန်ဆုတ်လာခဲ့တာ”ဟု ၎င်းကဆက်လက်ပြောသည်။
အဆိုပါတိုက်ခိုက်မှုကို Yangon UG People Army (YUPA)နှင့် Operation Flame တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။