By Wadi / MPA
အမေရိကန်သမ္မတရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်း ပြောကြားဆိုသည့် သတင်းအမှား စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီ ၅၄ မိနစ်တွင် အမေရိကန် ရွေးကောက် ပွဲမှာ မဲလိမ် မဲခိုးမှုများ ရှိနေကြောင်း NLD အစိုးရလက်ထက် ရွေးကောက်ပွဲကော်မရှင် ဥက္ကဌဟောင်း ဦးလှသိန်းက ပြောကြားဟု ရေးသားဖြန့်ဝေခဲ့သည်။
အဆိုပါအကြောင်းအရာကို နိုဝင်ဘာ ၇ ရက် မွန်းလွဲပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၂၇,၀၀၀ ကျော်၊ Reaction ပေးသူ ၆၂၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးသားထားသောလင့်ခ် >>> https://archive.ph/PM5fy
အဆိုပါအကြောင်းအရာကို “အထွန်းဖွား၊ Myanma Today (မြန်မာ့တူဒေး)” တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
အထွန်းဖွား – https://archive.ph/i75mB
Myanma Today (မြန်မာ့တူဒေး) – https://archive.ph/dB3eM
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
Google တွင် “အမေရိကန်ရွေးကောက်ပွဲ မဲလိမ်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်သည့်အခါ “BBC, သံလွင်ခက်” မီဒီယာတို့က သတင်းရေးထားသည်။
မီဒီယာများတွင် ပန်ဆယ်ဗေးနီးယားပြည်နယ်၊ ဖီလာဒဲလ်ဖီးယားမြို့တွင် ကြီးကြီးမားမား မဲလိမ်မှုများ ရှိနေ သည်ဟု သမ္မတလောင်း ဒေါ်နယ်ထရမ့်က သူ၏ Truth ဆိုရှယ်မီဒီယာကနေ ပြောကြားခဲ့ကြောင်း၊ ယခုလို ပြောကြားမှုသည် ၂၀၂၄ ရွေးကောက်ပွဲ၏ ပထမဆုံးစွပ်စွဲမှု ဖြစ်ကြောင်း၊ စွပ်စွဲပြောဆိုချက်ကို ဖီလာဒဲလ်ဖီး ယားရဲတပ်ဖွဲ့က မမှန်ကန်ဟုဆိုကာ ပယ်ချခဲ့ကြောင်း ရေးသားထားသည်။
အပြည့်အစုံဖတ်ရန် >>>
BBC – https://bitly.cx/HibGR9
သံလွင်ခက် – https://bitly.cx/b3ia
ဦးလှသိန်းသည် NLD အစိုးရလက်ထက်တွင် ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဖြစ် သည်။ အာဏာသိမ်းပြီးကတည်းက ဖမ်းဆီးခံခဲ့ရပြီး ရာဇသတ်ကြီးပုဒ် ၁၃၀ ( က) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး ထောင်ဒဏ် သုံးနှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၂၂ အောက်တိုဘာလတွင် အကျဉ်းထောင်က ပြန်လည်လွတ် မြောက်ခဲ့သည်။
သုံးသပ်ချက်
မီဒီယာများတွင် ၂၀၂၄ အမေရိကန်ရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိနေသည်ဟု သမ္မတလောင်း ဒေါ်နယ်ထရမ့်က နိုဝင်ဘာ ၆ရက်၌ ပြောကြားခဲ့သည်။ ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးလှသိန်းက အမေရိကန်ရွေးကောက်ပွဲနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်ပြုပြောဆိုထားခြင်းမရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “အမေရိကန်ရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိနေကြောင်း ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌဟောင်း ဦးလှသိန်းကပြောကြား” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
လက်ရှိတွင် အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ယခင်သမ္မတတာဝန်ထမ်းဆောင်ဖူးခဲ့သော ဒေါ်နယ်ထရန့် က ကာမလာဟဲရစ်ကို အနိုင်ရရှိ၍ အမေရိကန်၏ ၄၇ဆက်မြောက် သမ္မတ ဖြစ်လာသည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။