ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နှင့်မိုင်ငေါ့ကြားရှိ ပြိုကျပျက်စီးသွားသည့် တံတားတစ်စင်းကို ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA အုပ်ချုပ်ရေးဌာနတာဝန်ရှိသူများက ပြန်လည်တည်ဆောက်ခဲ့ရာ ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ထိုတံတားသည် ပထမအကျော့ ၁၀၂၇ စစ်ဆင်ရေးကတည်းက ပျက်စီးသွားခဲ့ပြီး စစ်ကောင်စီတပ်၏ ပိတ်ပင်တားဆီးမှုကြောင့် ပြန်လည်ပြုပြင်နိုင်ခြင်းမရှိခဲ့ကြောင်း ကျောက်မဲမြို့ကို TNLA သိမ်းပိုက် နိုင်ခဲ့ပြီးနောက် စက်တင်ဘာ ၂၅ ရက်တွင် တာဝန်ယူပြန်လည်တည်ဆောက်ခဲ့ရာ အောက်တိုဘာ ၂၀ ရက်၌ ပြီးစီးခဲ့ကြောင်း TNLAက ယနေ့(အောက်တိုဘာ၂၆ ရက်)ည သတင်းထုတ်ပြန်သည်။
အကျယ် ငါးပေ၊ အရှည် ၂၆ ပေရှိသည့်ထိုတံတား ပြန်လည်တည်ဆောက်ရာတွင် ကျပ်သိန်း ၂၁၅၀၀၀၀၀ ကုန်ကျခဲ့ပြီး ယခုအခါ ဆိုင်ကယ်နှင့် မော်တော်ကားများ ပုံမှန်ဖြတ်သန်းသွားလာနိုင်ပြီဖြစ်သည်။
အဆိုပါတံတားသည် နမ့်ဆန်မြို့၊ ကျောက်မဲမြို့နှင့် မိုင်ငေါ့မြိုနယ်ရှိ ပြည်သူများ ကုန်စည်ပိုဆောင်ရာတွင် အရေးပါသည့် တံတားတစ်စင်းဖြစ်သည်။