• အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
ဘာသာစကားရွေးရန် »
  • မြန်မာစာ
  • English
Subscribe (Ks 1,500/Week)
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
MPA ရုပ်သံ
1 Oct 2023
ယနေ့သတင်းများ
MPA

Myanmar Pressphoto Agency

26 °c
Yangon
MPA
  • သတင်း
  • စစ်ရေး
  • အမျိုးသမီးကဏ္ဍ
  • ဖက်ဒရယ်
  • PressPhoto
  • ဆောင်းပါး
  • အင်တာဗျူး
  • နိုင်ငံတကာ
  • အယ်ဒီတာ့အာဘော်
  • အားလုံး
        • သတင်း
          • နိုင်ငံရေး
          • အမျိုးသမီးကဏ္ဍ
          • စစ်ရေး
        • PressPhoto
        • နိုင်ငံတကာ
        • ဖက်ဒရယ်
        • Human Right Violations
        • အယ်ဒီတာ့အာဘော်
        • ဆောင်းပါး
        • Covid-19
        • စီးပွားရေး
          • မီဒီယာ
        • အင်တာဗျူး
          • Videos
        • စစ်ဘေးရှောင်
        • Subscribe Now
          • Plans

          • Copyright
          • Privacy Statement
          • Careers
          • MPA Team
          • Contact
No Result
View All Result
MPA
No Result
View All Result

ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ၁နာရီနီးပါး ရမ်းသန်းပစ်ခတ်ခဲ့

MPA by MPA
Oct 18, 2021
in သတင်း
0
0
Share on FacebookShare on Twitter
By MPA
ချင်းပြည်နယ် ဖလမ်းမြို့ကို အကြမ်းဖက်စစ်တပ်က အောက်တိုဘာလ၁၈ရက်နေ့ နံနက်၁၂နာရီခွဲဝန်းကျင်မှစတင်ပြီး လက်နက်ကြီးဖြင့် တစ်နာရီနီးပါး ပစ်ခတ်ခဲ့ကြောင်းသိရသည်။
ဖလမ်းမြို့ရှိ ဗားရ်စခန်းတွင် တပ်စွဲထားသော အကြမ်းဖက်စစ်တပ်သည် လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ခဲ့ခြင်းဖြစ်ပြီးလူထိခိုက်မှုတစုံတရာ မရှိခဲ့ကြောင်း ဖလမ်းဒေသခံများထံမှ သိရှိရသည်။
“ည၁၂ခွဲလောက်ကစပြီး လက်နက်ကြီးနဲ့ပစ်တာ ၁နာရီခွဲလောက်မှာပြီးသွားတယ်။အိမ်တစ်အိမ်တော့ ထိတယ်ကြားတယ်။ဒါပေမယ့် ဆိုးဆိုးရွားရွားကြီး ထိခိုက်တာမျိုးတော့မရှိခဲ့ပါဘူး ” ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ချင်းပြည်နယ်အတွင်းသို့ အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့်အောက်တိုဘာလ၁၃ရက်နေ့က ပုံစံမျိုးစုံဖြင့် စစ်အင်အားတိုးချဲ့ခဲ့သည်။ ထိုသို့ တိုးချဲ့ခဲ့သည့်အတွက် ဖလမ်းတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများဖြစ်ပွားမှုများရှိခဲ့သည်။ အင်အားတိုးချဲ့လာသည့် အကြမ်းဖက်စစ်တပ်သည် ဖလမ်းမြို့နယ်အတွင်း ကျေးရွာများရှိ နေအိမ်များနှင့် ဘုရားကျောင်းများကို မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
“စစ်တပ်ရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ဘာမှတ်ချက်မှ ပေးစရာကိုမလိုတော့ဘူး ထင်ပါတယ်။ သူတို့ရဲ့ရက်စက်ကြမ်းကြုတ်မှုတွေကို ကမ္ဘာကပါသိနေပြီဆိုတော့လေ ” ဟု ချင်းဒေသခံတော်လှန်ရေးသမားတစ်ဦးက မှတ်ချက်ပြုသည်။
ခုခံတိုက်ခိုက်မှုများ အပြင်းအထန်ပြုလုပ်ခဲ့သော ချင်းပြည်နယ်တွင် ဟားခါးမြို့နယ်မှလွဲ၍ ကျန်မြို့နယ်များကို အကြမ်းဖက်စစ်တပ်က ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ အင်တာနက်ဖြတ်တောက်ထားသည်။ ဖလမ်းမြို့နယ်တွင် လက်ရှိအချိန်၌ အင်တာနက်အနည်းငယ် ပြန်လည်ရရှိနေပြီဖြစ်ကြောင်း သိရသည်။
#ဖလမ်းမြို့#လက်နက်ကြီးဖြင့်ပစ်ခတ်ခံရ#MPA
Photo – zalen media(အောက်တိုဘလ၁၃ရက်နေ့က အင်အားဖြည့်တင်းလာသော စစ်ကားများကိုတွေ့ရစဉ်)
Tags: ChinStateMPAMyanmarNewsPhalan
Advertisement Advertisement Advertisement
ADVERTISEMENT
MPA

MPA

MPA

ဆက်စပ် သတင်းများ

သတင်း

ဘုရင့်နောင်စစ်ကြောရေးမှ စစ်သားတစ်ဦး၊ စစ်ကြောရေးရုံးရှေ့ ၌ ကားတိုက်ခံရ

Oct 1, 2023
ဘုရင့်နောင်စစ်ကြောရေးမှ စစ်သားတစ်ဦး၊ စစ်ကြောရေးရုံးရှေ့ ၌ ကားတိုက်ခံရ

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ် ၊ ဘုရင့်နောင်လမ်းမပေါ်ရှိ ၊ အမှတ် (၁) ဘုရင့်နောင်စစ်ကြောရေးတပ်မှ စစ်သားတစ်ဦး၊ စစ်ကြောရေးရုံးရှေ့တွင် ကားတိုက်ခံရမှုဖြစ်ပွားခဲ့ကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်က MPA သို့ ပြောသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၉ရက် ၊...

Read more
by MPA CJ013
0 Comments
သတင်း

စစ်ကောင်စီကဖမ်းဆီး၍ ကလေးစစ်သားအဖြစ် အဓမ္မစေခိုင်းခံရသူ ခဲယမ်းများနှင့်အတူ CNDF ထံ အလင်းဝင်လာဟုဆို

Oct 1, 2023
စစ်ကောင်စီကဖမ်းဆီး၍ ကလေးစစ်သားအဖြစ် အဓမ္မစေခိုင်းခံရသူ ခဲယမ်းများနှင့်အတူ CNDF ထံ အလင်းဝင်လာဟုဆို

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်ရှိ ချင်းအမျိုးသားကာကွယ်ရေးတပ် (CNDF) ထံသို့ စစ်ကောင်စီတပ်သားတစ်ဦး ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း စုံစမ်းသိရှိရသည်။ ဖလမ်းမြို့နယ်၊ ဖလမ်း - ကလေး ကာလမ်းမပေါ်ရှိ ထင်းရှူးစခန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီစခန်းမှ အသက် ၁၇ နှစ်အရွယ်...

Read more
by MPA CJ008
0 Comments
သတင်း

ညောင်ပင်ကြီးကျေးရွာမှ စစ်ရှောင်မီးဘေးသင့်ပြည်သူများ အမိုးအကာ အရေးတကြီးလိုအပ်နေ

Oct 1, 2023
ညောင်ပင်ကြီးကျေးရွာမှ စစ်ရှောင်မီးဘေးသင့်ပြည်သူများ အမိုးအကာ အရေးတကြီးလိုအပ်နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးကျေးရွာမှ စစ်ရှောင်မီးဘေးသင့်ပြည်သူများအတွက် အမိုးအကာများ အရေးတကြီးလိုအပ်နေကြောင်း စစ်ဘေးရှောင်ပြည်သူများအား ကူညီပေးနေသည့် အညာပစ်တိုင်းထောင်လေးများ၏ အဖွဲ့ဝင်ထံမှ သိရသည်။ ညောင်ပင်ကြီးကျေးရွာကို စစ်ကောင်စီတပ်များက စစ်ကြောင်းထိုးဝင်ရောက်ကာ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် နေအိမ် ၇၀၀ ခန့် မီးလောင်ကျွမ်းပျက်စီးခဲ့ရပြီး...

Read more
by MPA CJ015
0 Comments
သတင်း

တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် လက်နက်၊ ခဲယမ်းများလိုအပ်နေသည့်အတွက် Master People’s Defense Force မှ ကမ်ပိန်းပြုလုပ်

Oct 1, 2023
တိုက်ပွဲများ ဖော်ဆောင်နိုင်ရန် လက်နက်၊ ခဲယမ်းများလိုအပ်နေသည့်အတွက် Master People’s Defense Force မှ ကမ်ပိန်းပြုလုပ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်တွင် တပ်ရင်းတပ်ဖွဲ့များနှင့် ပူပေါင်းကာ တိုက်ပွဲဝင်နေသော Master People's Defense Force - Gangaw မှ စစ်ကောင်စီကို တိုက်ခိုက်ရန် ၊ လက်နက်၊ ခဲယမ်းများလိုအပ်နေသည့်အတွက် "ဝိုင်းဝန်းကူညီ၊အောင်ပွဲဆီသို့" ကမ်ပိန်း ပြုလုပ်လျက်ရှိကြောင်းသိရသည်။...

Read more
by MPA CJ024
0 Comments
သတင်း

မြိုင်မြို့နယ် ကျောက်ဆောက် နှင့် တောင်ရွာမှ ပြည်သူ ၄၀ ခန့်အား စစ်ကောင်စီ နှိပ်စက်

Oct 1, 2023
မြိုင်မြို့နယ် ကျောက်ဆောက် နှင့် တောင်ရွာမှ ပြည်သူ ၄၀ ခန့်အား စစ်ကောင်စီ နှိပ်စက်

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကျောက်ဆောက် နှင့် တောင်ရွာများသို့ ယမန်နေ့( စက်တင်ဘာလ ၃၀ ရက်)၊ မနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီစစ်ကြောင်း၊ ရောက်ရှိလာခဲ့ပြီး တောထဲ(လယ်စောင့်တဲ)တွင် စစ်ရှောင်နေကြသော ပြည်သူ ၄၀ ခန့်အား ဖမ်းဆီးခဲ့ကြောင်းသိရသည်...

Read more
by MPA CJ017
0 Comments
သတင်း

၃ရက်တာ ပုဇွန်မြောင်း တိုက်ပွဲ စစ်အုပ်စုဝင် ၅၀ခန့် သေဆုံးဟုဆို

Oct 1, 2023
၃ရက်တာ ပုဇွန်မြောင်း တိုက်ပွဲ စစ်အုပ်စုဝင် ၅၀ခန့် သေဆုံးဟုဆို

ပဲခူးတိုင်း၊ညောင်လေးပင်မြို့နယ်၊ပုဇွန်မြောင်းကျေးရွာအနီး ၃ရက်တာ ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း စစ်အုပ်စုဝင် ၅၀ ခန့်သေဆုံးကာ ၂၀ ကျော်ဒဏ်ရာရခဲ့ကြောင်း နွေဦးစစ်သည်တော်များစစ်ကြောင်း (Spring Warriors Column)ကသတင်းထုတ်ပြန်သည်။ စက်တင်ဘာ ၂၇ရက်နေ့မှ စက်တင်ဘာလ ၂၉ရက်နေ့အထိ ၃ရက်တာ အတွင်း နွေဦးစစ်သည်တော်များစစ်ကြောင်း...

Read more
by MPA CJ014
0 Comments
သတင်း

ဂန့်ဂေါမြို့နယ်ရှိ ကျွဲနွားများ၌ အရေပြားအကျိတ်နာရောဂါများ ဖြစ်ပွားနေ

Oct 1, 2023
ဂန့်ဂေါမြို့နယ်ရှိ ကျွဲနွားများ၌ အရေပြားအကျိတ်နာရောဂါများ ဖြစ်ပွားနေ

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ သြဂုတ်လကုန်ပိုင်း မှ စတင်ကာ၊ လက်ရှိအချိန်ထိ ကျွဲနွားများ၌ ၊ အရေပြား အကျိတ်နာရောဂါ(ကျောက်သွတ် (သို့) သွတ်ရောဂါ)များ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ စုံစမ်း သိရှိရသည်။ "ရွာထဲက နွားအများစုမှာ ကျောက်သွတ်ရောဂါတွေ ဖြစ်နေတယ်။...

Read more
by MPA CJ024
0 Comments
သတင်း

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့်၊ စစ်ရေယာဥ် ၉ စင်း အား PDF ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်

Oct 1, 2023
ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့်၊ စစ်ရေယာဥ် ၉ စင်း အား PDF ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်

ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာသည့် စစ်ကောင်စီစစ်ရေယာဥ် ၉ စင်း အား PDF ပူးပေါင်းအဖွဲ့များမှ တိုက်ခိုက်ခဲ့ကြောင်း၊ မုံရွာခရိုင် တပ်ရင်း(၁၀)တပ်ခွဲ(၂) Chindwin Fighter Group (C.F.G) ၏ ထုတ်ပြန်ချက်အရ သိရသည်။ ယမန်နေ့ (စက်တင်ဘာ...

Read more
by MPA CJ001
0 Comments
သတင်း

ဒီပဲယင်းအနောက်ခြမ်း၊ ပျံကျရွာအနီး စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်ဖွဲ့ များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အထိနာ သဖြင့် Mi 35 ဖြင့် လာရောက်ပစ်ခတ်

Oct 1, 2023
ဒီပဲယင်းအနောက်ခြမ်း၊ ပျံကျရွာအနီး စစ်ကောင်စီနှင့် PDF ပူးပေါင်းတပ်ဖွဲ့ များ တိုက်ပွဲဖြစ်၊ စစ်ကောင်စီ အထိနာ သဖြင့် Mi 35 ဖြင့် လာရောက်ပစ်ခတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့အနောက်ခြမ်း၊ ပျံကျကျေးရွာတွင် စစ်ကောင်စီတပ်နှင့် PDF ပူးပေါင်းတပ်ဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး၊ စစ်တပ်မှ Mi 35 ရဟတ်ယာဉ်ဖြင့် လေကြောင်းတိုက်ခိုက်မှု့ပြုလုပ်ခဲ့ကြောင်း ADPRA မှ ရဲဘော်တစ်ဦးက MPA သို့ ပြောသည်။ ယမန့်နေ့ (စက်တင်ဘာ...

Read more
by MPA CJ001
0 Comments
သတင်း

မိုးမောက်မြို့အနီး၊ ရိက္ခာဆင်းယူသော စစ်ကောင်စီတပ်သားများကို KIA မှ ကြားဖြတ်တိုက်ခိုက်၊ အရာရှိတစ်ဦး အပါအဝင် စစ်သားလေးဦး အရှင်ဖမ်းမိ

Sep 30, 2023
မိုးမောက်မြို့အနီး၊ ရိက္ခာဆင်းယူသော စစ်ကောင်စီတပ်သားများကို KIA မှ ကြားဖြတ်တိုက်ခိုက်၊ အရာရှိတစ်ဦး အပါအဝင် စစ်သားလေးဦး အရှင်ဖမ်းမိ

ကချင်ပြည်နယ်၊ မိုးမောက်မြို့အနီး၊ နွမ့်လန်နှင့် အူထာန်ယန်ကျေးရွာကြား၌ ရိက္ခာဆင်းယူသော စစ်ကောင်စီတပ်ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) မှ ကြားဖြတ်တိုက်ခိုက်ရာ၊အရာရှိတစ်ဦးအပါအဝင်၊ စစ်ကောင်စီတပ်သား လေးဦး အရှင်ဖမ်းမိကြောင်း မြေပြင် စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ ယနေ့(စက်တင်ဘာ ၃၀ ရက်)၊ မနက်...

Read more
by MPA CJ001
0 Comments
Load More
Please login to join discussion

ရွေးချယ်ရန် Topics

MPA (5147) Myanmar (4875) News (4404) military (2379) SAC (2138) PDF (642) Politics (279) Yangon (264) SagaingRegion (192) RakhineState (128) militarycoup (118) Mandalay (110) Magway (107) Covid_19 (103) Pressphoto (86)

Monthly Archive

အောက်တိုဘာ လ၊ 2023 ခုနှစ်
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
« Sep    
ADVERTISEMENT

Myanmar Pressphoto Agency

MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်ပါသည်

သတင်းပေးပို့နိုင်ပြီ

Signal, Telegram, Viber

+66 820092150

Email Address

[email protected]
  • Copyright
  • About Us
  • Privacy Policy
  • MPA Team
  • Careers
  • Contact

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

No Result
View All Result
  • သတင်း
  • နိုင်ငံရေး
  • အမျိုးသမီးကဏ္ဍ
  • စစ်ရေး
  • PressPhoto
  • နိုင်ငံတကာ
  • ဖက်ဒရယ်
  • Human Right Violations
  • အယ်ဒီတာ့အာဘော်
  • ဆောင်းပါး
  • စီးပွားရေး
  • မီဒီယာ
  • Covid-19
  • အင်တာဗျူး
  • Videos
  • စစ်ဘေးရှောင်
  • Subscribe Now
  • မြန်မာစာ
    • English

© 2023 MPA - Myanmar Pressphoto Agency. MPA သည် သတင်း နှင့် သတင်းဓါတ်ပုံ အဓိကထားသော Media Agency တစ်ခုဖြစ်သည်

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In