By Ko Paing / MPA
ရန်ကုန်မြို့၊ ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၂၆ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးအတွင်း စစ်အုပ်စုဝင်များရှိနေစဥ် မိုင်းခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုရှိနိုင်ကြောင်း မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ထံက သိရသည်။
အောက်တိုဘာ ၂၅ ရက်၊ ည ခုနှစ်နာရီခွဲဝန်းကျင်တွင် ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၂၆ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်း မိုင်းနှစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း မြောက်ဥက္ကလာ ပမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
“ထိခိုက်မှုရှိနိုင်ပါတယ်။ရုံးထဲမှာ အုပ်ကြီး၊ဆယ်အိမ်မှူး၊ရာအိမ်မှူးနဲ့ရဲခွေးတွေ ရှိနေချိန် ပေါက်ကွဲ တာကြောင့်ပါ။ဒီနေ့မနက်တော့ ရုံးနားမှာ အရပ်ဝတ်တွေနဲ့စောင့်ကြည့် စစ်ဆေးတာတွေလုပ် နေပါတယ်” ဟု မြောက်ဥက္ကလာပမြို့နယ်ပကဖ တာဝန်ရှိသူတစ်ဦးက MPAသို့ပြောသည်။
ယင်းမိုင်းခွဲတိုက်ခိုက်ပြီးနောက် ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာကာ ကင်းပတ်စစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို မြောက်ဥက္ကလာပ မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နှင့် YUPA တို့ ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး မြို့ပြပြောက်ကျားရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
ရန်ကုန်မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်များအနေဖြင့် စစ်ကောင်စီ ထောက်တိုင်အုပ်ချုပ်ရေးမှူးရုံးများကို ဆက်လက်အရှိန်မြှင့်ကာ တိုက်ခိုက်သွားမည်ဖြစ်ကြောင်းမြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ ကာ ကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။