By Ra Wai / MPA
လားရှိုးမြို့အဝင်ရွာဘက်ကို စစ်တပ်က ယနေ့မွန်းလွဲပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ၂၅ရက်) မွန်းလွဲ တစ်နာရီကျော်တွင် လားရှိုးမြို့နယ်၊ မယ်ဟန်ရွာဘက်သို့ စစ်တပ်က ဗုံးငါးလုံး ကြဲချခဲ့ကြောင်း လားရှိုးမြို့အခြေစိုက် Freedom Youth Volunteers က ထုတ်ပြန်ထားသည်။
“မယ်ဟန်ဘက်လို့ပဲ ပြောနေကြတယ်။ကျန်တာ သေချာမသိရသေးဘူး။မယ်ဟန်ဆိုတာ လားရှိုး မြို့အနောက်ဘက်ပေါ့။မြို့နဲ့ ငါးမိုင်လောက်ဝေးမလားပဲ။ထိခိုက်မှုတွေ ၊နေရာအတိအကျတွေ မသိ ရသေးဘူး” ဟု လားရှိုးအခြေစိုက် တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ပြောသည်။
အောက်တိုဘာ၂၃ရက်ကလည်း မယ်ဟန်ကျေးရွာအုပ်စု၊ခိုဆန်တန်ရွာကို စစ်တပ်က ဗုံးကြဲတိုက်ခိုက် ခဲ့ရာ ဆန်အရက်ချက်စက်ရုံ ထိမှန်ခဲ့သည်။
“တရုတ်ထောက်ခံမှုရထားတဲ့ စစ်တပ်က လားရှိုးကနေ MNDAA ဆုတ်ဖို့ လားရှိုးပြည်သူတွေကို ဗုံးကြဲ သတ်ဖြတ်ပြီး ဖိအားပေးနေတာ” ဟု ၎င်းက ဆက်လက်ပြောသည်။
ဩဂုတ်လမှစတင်ကာ လားရှိုးမြို့ကို စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုမှာ အကြိမ်ရေ၂၀ ကျော်ပြီဖြစ်ကြောင်း လားရှိုးမြို့ပြန်လည်ထူထောင်ရေးက အောက်တိုဘာ၂၃ ရက်တွင် ထုတ်ပြန်ထားသည်။

