By Ra Wai / MPA
လားရှိုးမြို့ပြည်သူများကို စစ်ကောင်စီတပ်က ယနေ့သန်းခေါင်ယံအချိန်တွင် လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြန်ရာ ဒဏ်ရာရသူအချို့ရှိကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာ၂၂ရက်) နံနက်၁၂နာရီကျော်တွင် စစ်တပ်က လေကြောင်းမှ ဗုံးနှစ်လုံးကြဲချခဲ့ ရာ လားရှိုးမြို့၊ရပ်ကွက် ၁၂၊မန်ဆူမရောက်မီ ရှမ်းတောင်တန်းလမ်းကြားရှိ လူနေအိမ်ပေါ်သို့ ကျ ရောက်ခဲ့သော်လည်း လူသေဆုံးမှုမရှိကြောင်း လားရှိုးမြို့အခြေစိုက် Freedom Youth Volunteers ပရဟိတအဖွဲ့က သတင်းထုတ် ပြန် သည်။
“မြန်မာပြည်သူတွေကို ဗုံးကြဲသတ်ဖြတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီကို တရုတ်က စုံလုံးကန်း ထောက်ခံနေတော့လည်း စစ်တပ်က ပြည်သူသတ်တဲ့အလုပ်ကို အားကြိုးမာန်တက် ဆက်လုပ်နေ တာပေါ့။ လားရှိုးကို ဗုံးကြဲတာကတော့ တောက်လျှောက်ကြဲနေလို့ သိပ်မထူးဆန်းတော့ဘူး” ဟု လား ရှိုးအခြေစိုက်တော်လှန်ရေးရဲဘော်တစ်ဦးက MPAသို့ ပြောသည်။
ယနေ့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူမည်မျှ ရှိသလဲဆိုသည်ကို Freedom Youth Volunteers က မထုတ်ပြန်သေးပေ။
“တချို့တွေက ညတိုင်းလိုလို ဗုံးကြဲခံနေရတော့ မြို့မှာမနေရဲလို့ ပြန်ရှောင်ကြတာရှိတယ်။ဒီမှာပဲ နေ နေကြတဲ့ပြည်သူတွေကျတော့ အိမ်မှာ မအိပ်ရဲတော့လို့ ဘေးလွတ်မယ်ထင်တဲ့နေရာမျိုးပေါ့။ညဘက် ဆို ပြောင်းအိပ်ကြတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်ကောင်စီတပ်သည် MNDAA၊ TNLA နှင့် KIA ထိန်းချုပ်ထားသည့်မြို့များကို ယခုရက်ပိုင်းအတွင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ဆိုသလို ပြုလုပ်လျက်ရှိသည်။



