By Ra Wai / MPA
စစ်မှုထမ်းအဌားလိုက်ကြသည့် ချောင်းဆုံမြို့သားများအားလုံးနီးပါး သေဆုံးကုန်ပြီဟု သိရသည်။
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်အတွင်း စစ်မှုထမ်းအဌားလိုက်ကြသည့် ချောင်းဆုံမြို့သား ၁၂ဦး ဝန်း ကျင်ရှိပြီး ၎င်းတို့အားလုံးမှာ သင်တန်းဆင်းသည်နှင့် တိုက်ပွဲပြင်းထန်သည့် ရခိုင်၊စစ်ကိုင်းနှင့် ထား ဝယ်စစ်မျက်နှာများသို့ စေလွှတ်ခံရပြီး နောက်ပိုင်း၌ ရှမ်း-ကရင်နီနယ်စပ်သို့ စေလွှတ်ခြင်းခံရကာ တိုက်ပွဲတွင် သေဆုံးကြခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ရပ်ကျေးအုပ်ချုပ်ရေးနှင့်နီးစပ်သူတစ်ဦး ထံကသိရသည်။
“စစချင်း ရှစ်ယောက်သေတယ်လို့ သတင်းရောက်လာတယ်။အခုနောက်ဆုံးထပ်ရောက်လာတဲ့သ တင်းက တစ်ဦးသေတယ်။တစ်ဦးက ပြင်းထန်ဒဏ်ရာရတယ်လို့ မိသားစုဆီသတင်းရောက်လာပြီး တော့ အဆက်အသွယ်ပြတ်သွားတာဆိုတော့ သေပြီလို့ ပြောနေကြတယ်။နောက်တစ်ယောက်က ကွမ်သဲ(ကွမ်သဲရွာ)ကတစ်ယောက်။ရခိုင်ဘက်အပို့ခံရပြီး လုံးဝအဆက်အသွယ်ပြတ်နေတယ်ဆို တော့ သူလည်း သေစာရင်းသွင်းရမလိုပဲ”ဟု ၎င်းက MPAသို့ ပြောသည်။
ပြင်းထန်ဒဏ်ရာရသူတစ်ဦးမှာ ချောင်းဆုံမြို့နယ်၊ဝယ်လမ်းကျေးရွာအုပ်စု၌ နေထိုင်သူဖြစ်ပြီး ရှမ်း- ကရင်နီနယ်စပ်တွင် ဒဏ်ရာရခဲ့ခြင်းဖြစ်ကာ သေဆုံးသူမှာ နတ်မှော်ကျေးအုပ်စုအုပ်စုအတွင်းက ဖြစ် ကြောင်း သိရသည်။
စစ်မှုထမ်းသင်တန်းဆင်းများကို မိမိတို့မြို့ရွာအနီးတွင်သာ တာဝန်ပြန်ပေးမည်ဟု ဒေသတွင်းအုပ် ချုပ်ရေးတာဝန်ရှိသူတို့က လိမ်ညာခဲ့သဖြင့် စစ်မှုထမ်းအပတ်စဉ်တစ်နှင့်နှစ်တို့၌ ချောင်းဆုံမြို့သား ၁၂ဦးဝန်းကျင် အဌားလိုက်သွားကြခြင်းဖြစ်သည်။
“အဲဒီတုန်းက ပေါက်ဈေးက အဌားလိုက်ခ တစ်ယောက်ကို သိန်း၃၀နဲ့ သိန်း၅၀ကြား။ကိုယ့်မြို့နားမှာ တာဝန်ပြန်ချပေးမယ်ဆိုလို့ မြို့ခံ ၁၂ယောက်လောက် လိုက်သွားတယ်။ကျန်တဲ့အဌားလိုက်တဲ့သူတွေ ကတော့ တခြားမြို့တွေကနေ ချောင်းဆုံမှာ အလုပ်လာလုပ်တဲ့သူတွေချည်းပဲ”ဟု ၎င်းက ဆက်လက် ပြောသည်။
ချောင်းဆုံမြို့သားများမှာ အပတ်စဉ်တစ်နှင့်နှစ်တို့တွင်သာ စစ်မှုထမ်းအဌားလိုက်ကြပြီး ကျန်အပတ် စဉ်များ၌ လုံးဝ မလိုက်တော့ကြောင်း သိရသည်။
“အပတ်စဉ်တစ်သင်တန်းဆင်းတွေကို အရင်ကခွင့်ပေးမယ်ပြောထားတာ လုံးဝမပေးဘဲ တကယ်အ သေတိုက်ရမယ့်နေရာတွေကို ချက်ချင်းတန်းပို့လိုက်တော့ စစ်မှုထမ်းအဌားလိုက်ဖို့လုပ်နေတဲ့ ချောင်း ဆုံသားတွေ ဘယ်သူမှ ထပ်မလိုက်ရဲတော့ဘူး။နောက်ပိုင်းအဌားလိုက်ကြတာ တခြားမြို့ရွာသား ချည်းပဲ”ဟုချောင်းဆုံမြို့နယ်၊သက္ကောရွာသားတစ်ဦးကပြောသည်။
စစ်မှုထမ်းသင်တန်းဆင်းပြီးမကြာမီ သေဆုံးသွားကြသော ချောင်းဆုံသားရှစ်ဦးတို့မှာ မုရစ်ကြီး၊ဝယ်လမ်း၊ ဖံဖ၊ခရိုက်ဒူးနှင့် ဆယ်ပလာကျေးရွာအုပ်စုတို့မှဖြစ်ပြီး ၎င်းတို့သည် ရခိုင်နှင့် စစ်ကိုင်းတိုင်းစစ်မျက်နှာများ၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့နယ်ရပ်ကျေးအုပ်ချုပ်ရေး နှင့်နီးစပ်သူက ပြောသည်။
မွန်ပြည်နယ်အတွင်း စစ်မှုထမ်းသင်တန်းများကို သံဖြူဇရပ်မြို့နယ်အတွင်းရှိ အမှတ်လေးတန်းမြင့် လေ့ကျင့်ရေးကျောင်း၌ ဖွင့်လှစ်လျက်ရှိသည်။