By Ko Paing / MPA
မကွေးတိုင်း၊ ပွင့်ဖြူမြို့ပေါ်တွင် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ ငွေတောင်းကြမ်းသည့် ရဲမေတစ်ဦး အသက်အန္တရာယ်စိုးရိမ်ရကြောင်းသိရသည်။
ယနေ့(အောက်တိုဘာ၁၁ရက်)နံနက် ရှစ်နာရီဝန်းကျင်တွင် ပွင့်ဖြူမြို့တွင် လမ်းသွားလမ်းလာ မော်တာ်ယာဥ်များကို စစ်ဆေးရန် ရဲခြောက်ဦး ထွက်လာစဥ် မိုင်းပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း ပွင့်ဖြူမြို့ခံတစ်ဦးထံက သိရသည်။
“ကြိုဆိုပါ၏ ဆိုင်းဘုတ်နားမှာ မိုင်းကွဲတာပါ။ရဲမေ သဲသဲက ခေါင်းကိုထိတယ်။သူက စိုးရိမ်ရတယ်။နောက်ရဲတစ်ယောက်က လက်ကိုထိတယ်။ပွင့်ဖြူဆေးရုံမှာပဲ ခုလောလောဆယ်တော့ ကုနေတယ်လို့ ကြားတယ်။မိုင်းကွဲသံကြားပြီးတော့လည်း ရမ်းသန်းပစ်တဲ့အသံတွေကြားရတယ်” ဟု ၎င်းက MPAသို့ပြောသည်။
ဒဏ်ရာပြင်းထန်သည့် ရဲမေ သဲသဲမှာ အသက်၃၀ကျော်အရွယ်ရှိပြီဖြစ်ပြီး မကွေးဆေးရုံသို့ ပို့ဆောင်ထားကြောင်းသိရသည်။
“ရဲမေသဲသဲ က အတော်တော့ဆိုးတယ်။အဖမ်းအဆီး၊အတောင်းအရမ်း ကြမ်းတယ်။အကြောက် အလန့်လည်းမရှိဘူး။သူ့ကို PDF တွေက သတိပေးတဲ့ကြားကနေ ဆက်လုပ်နေတာ” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။
အဆိုပါ မိုင်းဖောက်ခွဲမှုနှင့်ပတ်သက်ပြီး PDFအဖွဲ့များက သတင်း ထုတ်ပြန်ခြင်းမရှိသေးပေ။
ရဲနှစ်ဦးဒဏ်ရာရမှုကို MPAအနေနှင့် သီးခြားအတည်မပြုနိုင်ပေ။