By Nway / MPA
လေးလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၄၅၅ဦးသေဆုံးခဲ့ကာ ၈၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
၂၀၂၄ခု၊ မေလမှ ဩဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၈၂၀ ပြုလုပ်ခဲ့ပြီး စုစုပေါင်း အကြိမ်ရေ ၁၃၂၁ကြိမ် တိုက်ခိုက်ခဲ့ကာ တရက်လျှင် ပျမ်းမျှ ခုနှစ်ကြိမ်ခန့်တိုက်ခိုက်ခဲ့ကြောင်း ယင်းလေးလအတွင်း ရခိုင်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုဖြစ်စဉ် ၁၇၆ခု ပြုလုပ်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် လေကြောင်းတိုက်ခိုက် ခံရမှုအများဆုံးဒေသဖြစ်ကာ ရှမ်းပြည်နယ်မြောက်ပိုင်း၌ ၁၅၁ခုနှင့် မန္တလေးတိုင်းတွင် ၁၃၂ခု ပြုလုပ်ခဲ့ကြောင်းဉာဏ်လင်းသစ်သုတေသနအဖွဲ့ အစီအရင်ခံစာ၌ ဖော်ပြထားသည်။
“စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အရပ်သားပစ်မှတ်တွေကိုပါ အရပ်သားတွေရှိမှန်း သိ လျက်နဲ့ ပြောင်ပြောင်တင်းတင်း ဗုံးကြဲလာတာ တွေ့ရတယ်။အခုလတ်တလော သက်သေပြစရာက လားရှိုးမြို့ပဲ။အရပ်သားတွေကို ဆက်တိုက်ဗုံးကြဲနေတယ်။ဘာလို့ စစ်တပ်က ပြည်သူတွေကို ဗုံးကြဲ နေတာလဲဆိုတော့ နိုင်ငံတကာအသိုင်းအဝိုင်းက စစ်တပ်သတ်သမျှ ကြေညာချက်လည်းထုတ် ကန့် ကွက်တာထက် မပိုတာကြောင့်ပဲ။အခု လားရှိုးပြည်သူကို ဗုံးကြဲသတ်တဲ့နေရာမှာ တရုတ်ဆိုရင် စစ် ကောင်စီနဲ့ အလိုတူအလိုပါလို့ ပြောလို့ရတယ်” ဟု နိုင်ငံရေးဆောင်းပါးရှင်တစ်ဦးက MPAသို့ပြော သည်။
လေကြောင်းတိုက်ခိုက်မှုများအတွင်း ကလေးသူငယ် ၄၀ သေဆုံးခဲ့ကာ ၄၃ဦး ဒဏ်ရာရရှိခဲ့ပြီး ဘာသာရေးအဆောက်အအုံ ၆၁ခု၊ စာသင်ကျောင်း ၂၈ကျောင်းနှင့် ဆေးရုံဆေးခန်း ၁၆ခု ပျက်စီးခဲ့ကြောင်း ဉာဏ်လင်းသစ်အစီရင်ခံစာက ဆိုသည်။
စစ်ကောင်စီသည် လေကြောင်းစစ်ဆင်ရေး ပြုလုပ်ခြ င်း ၊ မြေပြ င်ထိုးစစ်ဆင်ရာတွင် လေကြောင်းဖြ င့် ကူညီပစ်ခတ်ပေးခြင်း ၊ ၎င်းတို့၏စစ်စခန်းများ ထိုးစစ်ဆင်ခံရချိန်၊ စစ်ကြော င်း များတိုက်ခိုက်ခံရချိန်တွင် ကူညီပစ်ခတ်ပေးခြင်း ၊ ကင်း ထောက်ခြင်း၊ တပ်သားဖြည့်တင်းခြ င်း /တပ်များ ပြော င်း ရွှေ့နေရာချခြင်း နှင့် စစ်ရေးအရင်းအမြစ်ရိက္ခာများ ပို့ဆောင်ခြင်း တို့ လုပ်ဆောင်ရာ၌ တိုက်လေ ယာ ဉ်များ ၊ ရဟတ်ယာဉ်များ ၊ ဒရုန်းများနှင့် အခြားလေ့ကျင့်ရေးလေယာဉ်များကို သုံးစွဲလျက်ရှိကြောင်း လေ့လာတွေ့ရှိခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးချိန်မှစ၍ ၂၀၂၄၊ ဩဂုတ်လအထိ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားသေဆုံးမှု ၁၇၄၉ဦးထိ ရှိခဲ့ပြီး ၂၄၅၃ဦး ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။
လေးနှစ်ကျော်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှုန်းမှာ တစ်နှစ်ထက်တစ်နှစ် ပိုမိုမြင့်တက်လာပြီး အရပ်သားသေဆုံးမှုလည်း သိသိသာသာ တိုးမြင့်လာလျက်ရှိသည်။


