By Ra Wai / MPA
ဒီမိုကရေစီတိုက်ပွဲအလံကို အသက်သေဆုံးသည်အထိ စွဲကိုင်လွှင့်ထူ ဦးဆောင်တိုက် ပွဲဝင်သည့် ဒေါက်တာဇော်မြင့်မောင်အား ဒီမိုကရေစီသူရဲကောင်းအဖြစ် အစဉ်အမြဲဂုဏ်ပြုအမှတ်ရနေမည်ဟု ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ဆိုသည်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဒုဥက္ကဌ၊မန္တလေးတိုင်းဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် ကွယ်လွန်ခြင်းအတွက် ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)က ယနေ့(အောက် တိုဘာရှစ်ရက်)ပေးပို့သော ဝမ်းနည်းကြောင်း သဝဏ်လွှာ၌ အထက်ပါအတိုင်း ဖော်ပြထားသည်။
“နောက်ဆုံးအချိန်ထိ တိုက်ပွဲဝင်ခဲ့တယ်။ အဆိုးရွားဆုံးကျန်းမာရေးအခြေအ နေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု မရှိတဲ့ ထောင်ထဲမှာ နေခဲ့ရပေမဲ့ ဒီမိုကရေစီအလံတော်ကို လွှင်ထူ မြဲ လွှင့်ထူခဲ့တာ ဆရာ့ရဲ့ အခမ်းနားဆုံးသမိုင်းပဲ” ဟု ၂၀၂၀ရွေးကောက်ခံ မန္တလေးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးက ပြောသည်။
မြန်မာပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ဒီမိုကရေစီနှင့်လူ့အခွင့်အရေးကို မျက်ကွယ်ပြု ခြင်း၊ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မည့် နိုင်ငံရေးအခင်းအကျင်းကို သွေဖီခြင်း၊မြန်မာစစ် ခေါင်းဆောင်အဆက်ဆက်တို့၏ မိုက်မဲသော အာဏာရူးသွပ်မှုကို ဖယ်ရှားဖြုတ်ချခြင်းတို့ မဆောင် ရွက်နိုင်သေးခြင်းတို့ကြောင့် မြန်မာနိုင်ငံသည် ကျရှုံးနိုင်ငံဖြစ်လာရပြီး ဒေါက်တာဇော်မြင့်မောင်ကဲ့သို့ နိုင်ငံ့ပညာတတ်လူပုဂ္ဂိုလ်များကို နေ့စဉ်ဆက်တိုက်ဆုံးရှုံးကြရသည်မှာ တိုင်းပြည်အတွက် အင်မတန် ဝမ်းနည်းဖွယ်ရာဖြစ်ကြောင်းလည်း PSLF/TNLA ကဆိုသည်။
ဒေါက်တာဇော်မြင့်မောင် ယုံကြည်စွဲကိုင်လွှင့်ထူခဲ့သော ဒီမိုကရေစီစိတ်ဓာတ်ခွန်အားများသည် နွေဦး တော်လှန်ရေး၏ မြန်မာစစ်အာဏာရှင် အပြီးတိုင်ချေမှုန်းတိုက်ဖျက်ရေးအတွက် အကောင်းဆုံးစံနမ နာတိုက်ပွဲအင်အားတစ်ရပ်ဖြစ်ကြောင်း လည်း ထုတ်ပြန်ထားသည်။