By Haythar / MPA
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ် ဥက္ကံကျေးရွာအရှေ့ဖက် အိုင်ကြီးလမ်းခွဲအနီးရှိ ပြည်သူများနေထိုင်ရာ နေရာပေါ်သို့ စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး စစ်တပ်ထောက်ခံသူများက KIAနှင့် NUG ဌာနချုပ်ဟူ၍ အောက်တိုဘာ ၁ ရက်တွင် တယ်လီဂရမ်ချန်နယ်များ၌ သတင်းအမှား ဖြန့်ဝေခဲ့ကြသည်။
Subscriber ၁၈၀,၀၀၀ ကျော်ရှိသည့် Kyaw Swar တယ်လီဂရမ်ချန်နယ်က အောက်တိုဘာ ၁ ရက်တွင် က မီးလောင်နေသည့်နေအိမ်များနှင့် ပျက်စီးနေသည့် ဓာတ်ပုံများနှင့် အတူ “ကောလင်းမြိုနယ် KIA နှင့် nug ဌာနချုပ် ဥက္ကံမိုးနှံ ဗုံးကြဲခံရ မသာပေါ်တာများမယ်” (မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖြန့်ဝေ ထားသည်။
Kyaw Swar တယ်လီဂရမ်ချန်နယ်၏ ရေးသားဖြန့်ဝေမှုကို အောက်တိုဘာ ၂ ရက် ညနေပိုင်းအထိ ကြည့်ရှု သူ ၄၅,၀၀၀ ကျော်၊ like and react ပေးသူ ၁၀၅၀ ကျော်ရှိပြီး မှတ်ချက်ရေးသားသူ ၁၂၀ ကျော်ရှိသည်။
သတင်းအမှားလင့်ခ်များ
Kyaw Swar – https://archive.ph/VWzpf
MMC (News) – https://archive.ph/GYJqX
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ဖြန့်ဝေထားသော ဓာတ်ပုံများကို Google Reverse Image Search ဖြင့် ရှာဖွေကြည့်ရာ မြေလတ်အသံ သတင်းမီဒီယာ၌ ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
မြေလတ်အသံတွင် ကောလင်းမြို့နယ်၊ ဥက္ကံကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲခဲ့တာကြောင့် ပြည်သူ ခုနှစ်ဦးသေဆုံးခဲ့ပြီး နေအိမ်အဆောက်အဦများ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရေးထားသည်။
မြေလတ်အသံသတင်းလင့်ခ် – https://shorturl.at/QPXo5
Google တွင် “ကောလင်းမြို့နယ် စစ်တပ် ဗုံးကြဲ” ဆိုသည့် စာသားဖြင့်ရှာဖွေကြည့်ရာ DVB,Kachin Waves , Western News သတင်းမီဒီယာတို့က သတင်းရေးသားဖော်ပြထားသည်။
သတင်းမီဒီယာများတွင် ကောလင်းမြိုနယ် ဥက္ကံရွာအနီးသို့ စစ်ကောင်စီတပ်က စက်တင်ဘာ ၃၀ ရက် မွန်း တည့် ၁၁နာရီ ၅၀ခန့်တွင် ဗုံးလေးလုံး ကြဲချခဲ့တာကြောင့် ကားဝပ်ရှော့တစ်ခုကို ထိမှန်ခဲ့ပြီး ပြည်သူ ခုနှစ် ဦး သေဆုံးခဲ့သည်ဟု ရေးသားဖော်ပြထားကြသည်။
သတင်းမီဒီယာလင့်ခ်များ
DVB – https://shorturl.at/KnwS1
Kachin Waves – https://shorturl.at/j0Byq
Western News – https://shorturl.at/qMJWz
သုံးသပ်ချက်
စစ်ကောင်စီတပ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သော နေရာသည် KIA နှင့် PDF ဌာနချုပ်မဟုတ်ဘဲ အရပ်သား ပြည်သူများနေထိုင်ရာ နေရာဖြစ်သည်။
ထို့ကြောင့် ကောလင်းမြို့နယ် ဥက္ကံကျေးရွာရှိ KIA နှင့် NUG ဌာနချုပ်ကို စစ်ကောင်စီတပ်က လေကြောင်း က ဗုံးကြဲခဲ့ဟုဆိုသည့် အကြောင်းအရာသည် သတင်းအမှား ဖြစ်သည်။
အထက်ဖော်ပြပါ အချက်အလက်စစ်ဆေးမှုများသည် အောက်တိုဘာ ၂ရက် ညနေပိုင်းအထိ ရရှိထားသော အချက်အလက်များပေါ် မူတည်၍ စစ်ဆေးထားခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့် ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်ပါသည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက်အလက်စစ်ဆေးထားသော သတင်းများ ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။