By Ko Paing / MPA
စစ်ကိုင်းတိုင်း၊ ရေဦးမြို့မရဲစခန်းအတွင်း ပေါက်ကွဲသံများကြားရပြီးနောက် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
ယနေ့ (အောက်တိုဘာနှစ်ရက်) မွန်းလွဲ ၂နာရီမိနစ် ၄၀ ဝန်းကျင်တွင် ပေါက်ကွဲသံများကြားရပြီး နောက် မြို့မရဲစခန်းအတွင်း မီးလောင်ခြင်းဖြစ်ကြောင်းရေဦးမြို့ခံတစ်ဦးထံက သိရသည်။
“ရဲစခန်းဘက်ကနေ ‘အုံး’ဆိုတဲ့အသံကြားလို့ ထွက်ကြည့်လိုက်တာ။ မီးခိုးလုံးတွေမြင်နေရတယ်။ပထမ ပေါက်ကွဲသံကြားပြီး ၁၀ မိနစ်လောက်အကြာမှာလည်း ထပ်ပြီး ‘အုံး’ဆိုတဲ့အသံကြားရတယ်။ဒရုန်းနဲ့ ဗုံးချတဲ့ပုံစံမျိုး” ဟု ၎င်းက MPAသို့ ပြောသည်။
ယင်းပေါက်ကွဲသံများထွက်ပေါ်ပြီးနောက် ရဲစခန်းအတွင်းမှ သေနတ်များဖြင့် ပစ်ခတ်နေကြောင်းလည်းသိရသည်။
“ရဲစခန်းကိုမီးလောင်နေတာမြင်ရတယ်။ခဏကြာတော့ မီးခိုးလုံးပဲမြင်ရတော့တယ်။ရဲစခန်းနဲ့ မီးသတ်ရုံးနဲ့က မဝေးဘူး။သူတို့ မီးငြှိမ်းလိုက်တာလားတော့မသိရဘူး။ မီးသတ်ကားသံတွေလည်း မကြားရဘူး။ရဲစခန်းဝင်းထဲကနေ သေနတ်သံ သုံးချက်တော့ ကြားလိုက်ရတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ရေဦးမြို့မရဲစခန်းအတွင်း လူသေဆုံး ထိခိုက်မှုရှိ၊မရှိနှင့် မီးလောင်ပျက်စီးမှုအခြေအနေကို မသိရသေးပေ။
ယင်းဗုံးသီးချတိုက်ခိုက်မှုနှင့် ပတ်သက်ပြီး ဒေသခံPDFတပ်ဖွဲ့များက သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။