By Wadi / MPA
မန္တလေးတိုင်း မြင်းခြံမြို့နယ် ချေဆေးရွာရှိ PDF စခန်းကို စစ်ကောင်စီနှင့် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်တို့ ပူးပေါင်းသိမ်းပိုက်ဟုဆိုသည့် သတင်းအမှား စက်တင်ဘာ ၂၇ ရက်တွင် စစ်ကောင်စီဝါဒ ဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“People Media” တယ်လီဂရမ်ချန်နယ်က ကျော်စိုးဦးသည် စက်တင်ဘာ ၂၇ ရက် ညနေ ၄ နာရီ ၄၄ မိနစ် တွင် မြင်းခြံမြို့ နယ် ချေဆေးရွာရှိ Myingyan Black Tiger (MBT) တပ်ဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲ၏ တပ် စခန်းကို စစ်ကောင်စီနှင့် မြင်းခြံပြည်သူ့စစ်ခေါင်းဆောင် ဒေါ်သီတာယုမွန်တို့က စက်တင်ဘာ ၂၇ ရက် နံနက် အစော ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ PDF နှစ်လောင်း ရရှိခဲ့ပြီး အများအပြားသေဆုံး ကြောင်း၊ စခန်းသိမ်းပိုက်ရရှိခဲ့ကြောင်း ရုပ်သံသတင်းနှင့်အတူ ဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါ အကြောင်းအရာကို စက်တင်ဘာ ၂၈ ရက် ညနေပိုင်းအထိ ဝင်ရောက်ကြည့်ရှုသူ ၅၆,၀၀၀ ကျော်၊ Reaction ပေးသူ ၈၅၀ ကျော်၊ မှတ်ချက်ရေးသားသူ ၂၀ ကျော် ရှိသည်။
မူရင်းသတင်းအမှားရေးတင်ထားသောလင့်ခ် >>> https://archive.ph/tSF9P
အဆိုပါအကြောင်းအရာကို “U Kyaw Soe Oo, Min Din, တောင်ပေါ်သား(Channel)” တယ်လီဂရမ်ချန် နယ်တို့က ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားသည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
U Kyaw Soe Oo – https://archive.ph/ba3sT
Min Din – https://archive.ph/CifKV
တောင်ပေါ်သား(Channel) – https://archive.ph/tMIoE
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “မြင်းခြံ ချေဆေးရွာ” ဆို သည့် စကားလုံးဖြင့် ရှာဖွေရာ “RFA, MPA, လူထုခေတ်” မီဒီယာများ၌ သတင်းရေးသားထားသည်။
သတင်းမီဒီယာများတွင် စက်တင်ဘာ ၂၇ ရက် နံနက်ပိုင်း၌ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ချေဆေးရွာအနီး သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့် ချေဆေးရွာအနီးရှိ ပြည်သူ့ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ နှစ်ဖက်ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ပြီး တိုက်ခိုက်မှု အတွင်း စစ်ကောင်စီတပ်က ဂျက်ဖိုက်တာနှစ်စင်းဖြင့် ဗုံးရှစ်လုံးကြဲချခဲ့ကြောင်း၊ မြင်းခြံအခြေစိုက် ခမရ၁၅ က ဟောင်ဝှစ်ဇာဖြင့် ပစ်ကူပေးကြောင်း၊ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အထိအခိုက်သေဆုံးမှုများ ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်က ကျဆုံးခြင်းမရှိဘဲ အန္တရာယ်ကင်းကြောင်း ၊ သေဆုံးမှုများ ခဲ့သည့် စစ်ကောင်စီတပ်က ချေဆေးရွာထဲသို့ ဆုတ်ခွာသွားကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
RFA – https://shorturl.at/dEgxn
MPA – https://shorturl.at/ngu2C
လူထုခေတ် – https://shorturl.at/YNpMK
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မြင်းခြံမြို့ ချေဆေးရွာအနီးတိုက်ပွဲ၌ စစ်ကောင်စီဘက်က အကျအဆုံးများခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့များဘက်က ကျဆုံးမှုမရှိခဲ့ကြောင်း သိရသည်။
PDF များ အကျအဆုံးများပြီး Myingyan Black Tiger(MBT) တပ်ဖွဲ့ခေါင်းဆောင် ကိုမိုက်ခဲ၏စခန်းကို စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းမီဒီယာများ၌ ရေးသားထားခြင်း မရှိပေ။ တိုက်ပွဲဖြစ်ပွားခဲ့မှု မှန်ကန်သော်လည်း တိုက်ပွဲသတင်းဖော်ပြမှုတွင် ကွဲလွဲနေသည်။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ ချေဆေးရွာရှိ PDF စခန်းကို စစ်ကောင်စီတပ်နှင့် ဒေါ်သီတာ ယုမွန်တို့ တိုက်ခိုက်သိမ်းပိုက်” ဆိုသည့် အကြောင်းအရာသည် တစ်စိတ်တစ်ပိုင်းမှားယွင်းနေသော သတင်း အမှားဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၂၈ ရက် ညနေ ၅ နာရီအထိ စစ်ဆေး တွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။