By Haythar / MPA
တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က စစ်ကောင်စီတပ် ထုတ်ကုန်များကို ပြန်လည် သုံးစွဲရန် အမိန့်ထုတ်ပြန်ဟုဆိုသည့် သတင်းအမှားများ စက်တင်ဘာ ၂၆ ရက်တွင် ဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များ၌ ပျံ့နှံ့လျက်ရှိသည်။
Subscriber ၁၄၀,၀၀၀ ကျော်ရှိသည့် “မှိုင်းဝေ” အမည်ရှိတယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၆ ရက် ည နေပိုင်းတွင် TNLA ဘက်တံဆိပ်ဝတ်ဆင်ထားသူများ မြန်မာဘီယာကိုင်ထားသည့် ဓာတ်ပုံများကို အသုံးပြု ပြီး TNLA တပ်ဖွဲ့က မြန်မာဘီယာများကို ပြန်သုံးစွဲရန် အမိန့်ထုတ်ထားသည်ဟု ရေးသားဖော်ပြထားသည်။
မှိုင်းဝေတယ်လီဂရမ်ချန်နယ်၏ ရေးသားဖြန့်ဝေမှုကို စက်တင်ဘာ ၂၈ ရက် မွန်းလွဲပိုင်းထိ ကြည့်ရှုသူ ၃၁,၀၀၀ ကျော်၊ like and react ပေးသူ ၅၀၀ ကျော်ရှိပြီး အခြားချန်နယ်များစွာက ကူးယူဖော်ပြထား သည်။
သတင်းအမှားလင့်ခ်များ
မှိုင်းဝေ – https://archive.ph/Gyv01
52 News – https://archive.ph/qrCvx
Lashio Thar – https://archive.ph/IjluX
တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact- Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ် ကြောင်း စိစစ်ဖော်ထုတ်နိုင်သည်။
သတင်းအမှားဖြစ်ကြောင်းသက်သေပြစိစစ်ချက်
တယ်လီဂရမ်ချန်နယ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Reverse Image Search ဖြင့်ရှာဖွေကြည့်ရာ RFA, Myanmar Now, Shwe Phee Myay သတင်း မီဒီယာတို့၌ အသုံးပြုထားသည့် ဓာတ်ပုံများနှင့်ထပ် တူညီနေသည်။
သတင်းမီဒီယာများတွင် စစ်ကောင်စီတပ်ထုတ်ကုန်များဖြစ်သည့် Myanmar, Dagon, Andaman, Black shield ဘီယာများနှင့် ARMY RUM, Mandalay, Dagon အရက်တို့အပြင် ဆေးလိပ်Premium Goal၊ Red Ruby တို့ကို ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် စက်တင်ဘာ ၂၁ရက်က TNLA ကထုတ်ပြန်ထား ကြောင်း ရေးသားထားသည်။
သတင်းမီဒီယာလင့်ခ်များ
RFA – https://shorturl.at/Ic855
Myanmar Now – https://shorturl.at/86eNL
Shwe Phee Myay – https://shorturl.at/tOdGT
သုံးသပ်ချက်
စစ်ကောင်စီတပ် ထုတ်ကုန်များကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က ရောင်းဝယ်ဖောက် ကားခြင်းမပြုရန် ထုတ်ပြန်ထားသည်။
TNLA တပ်ဖွဲ့ဝင်များက စစ်တပ်ထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာများ လိုက်လံဖျက်ဆီးနေသည့် ဓာတ်ပုံ ကို အသုံးပြု၍ TNLA က စစ်ကောင်စီတပ် ထုတ်ကုန်များကို ပြန်လည်အသုံးပြုခွင့်ပြုဆိုသည့်အကြောင်း အရာသည် သတင်းအမှားဖြစ်သည်။
အဆိုပါ သတင်းအမှားအကြောင်းအရာသည် ဆက်စပ်သတင်းအမှား (False Connection) ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
ဆိုရှယ်မီဒီယာများပေါ်ရှိ သတင်းအချက်အလက်များကို လေ့လာစောင့်ကြည့်၍ အချက်အလက် စစ်ဆေး ရေးသားနေသော MPA Fact Check သတင်းများကို ဖတ်ရှုရန် တိုက်တွန်းချင်ပါသည်။
MPAက အချက် အလက်စစ်ဆေးထားသော သတင်းများကို ဖတ်ရှုရန်လင့်ခ် – https://www.facebook.com/mmpressphoto
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team၏ Signal +66 0825604017 / telegram @mpafactcheckteam သို့ မက်ဆေ့ပေးပို့၍ ဆက်သွယ်မေးမြန်းနိုင်သည်။