By Wadi / MPA
ထိုင်းနိုင်ငံတွင် NUG,PDFများနှင့် ၎င်းတို့အား ထောက်ခံ မြန်မာများကို ထိုင်းဝန်ကြီးချုပ်က စီမံချက်ဖြင့် ဖမ်းဆီးခိုင်းရာ မြန်မာ နှစ်သိန်းခန့် ဖမ်းဆီးခံရဆိုသည့် သတင်းအမှား စက်တင်ဘာ ၂၄ ရက်တွင် စစ်ကောင် စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များ၌ ပျံ့နှံ့ခဲ့သည်။
“Kyaw Swar” တယ်လီဂရမ်ချန်နယ်က စက်တင်ဘာ ၂၄ ရက် ည ၈ နာရီ ၅၉ မိနစ်တွင် “ထိုင်းနိုင်ငံတွင် တရားမဝင်နေထိုင်ပြီး အကြမ်းဖက်လုပ်ရပ်တွေလုပ်နေတဲ့ NUG/PDF နဲ့ ၎င်းတို့အား ထောက်ခံသူများကို ထိုင်းဝန်ကြီးချုပ် ပသွန်ထန်မှ စီမံချက်ဖြင့် ဖမ်းဆီးခိုင်းရာ ၂၀၀,၀၀၀ ခန့် ဖမ်းဆီးရသည်ဟု ကနဦးသိရ” (မူရင်းရေးသားချက်အတိုင်း) ဟု ရေးသားဖြန့်ဝေခဲ့ခြင်းဖြစ်သည်။
အဆိုပါအကြောင်းအရာကို စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၃ နာရီအထိ ဝင်ရောက်ကြည့်ရှုသူ ၄၄,၀၀၀ ကျော်၊ Reaction ပြုလုပ်သူ ၁,၀၀၀ ကျော်၊ မှတ်ချက်ရေးသားသူ ၆၀၀ ကျော် ထိ ရှိခဲ့သည်။
မူရင်းသတင်းရေးသားထားသောလင့်ခ် >>> https://archive.ph/mJ2Hi
အဆိုပါအကြောင်းအရာကို “Ye’ Ba Nyein , Snow Queen, မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်များအပြင် အခြားစစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအမှားလင့်ခ်များ >>>
Ye’ Ba Nyein – https://archive.ph/8fuR7
Snow Queen – https://archive.ph/e8Gx5
မှိုင်းဝေ – https://archive.ph/4WvB6
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာနှင့်ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း စိစစ်ဖော်ထုတ်နိုင်ခဲ့သည်။
သတင်းအမှားဖြစ်ကြောင်းဖြစ်ကြောင်း သက်သေပြစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ ထိုင်း ရက်ပေါင်း ၁၂၀ စီမံချက်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “The Irrawaddy, VOA, BBC” တို့တွင် သတင်းရေး ထားသည်။
သတင်းမီဒီယာများတွင် ထိုင်းအစိုးရ၏ တရားမဝင်လုပ်သားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်တွင် မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် လူဦးရေ ၂၅၀,၀၀၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း၊ အဖမ်းခံရ သူများအနက် ၂၀၀,၀၀၀ ကျော်သည် မြန်မာနိုင်ငံသားများဖြစ်ကြောင်း၊ ဖမ်းဆီးခံထားရသော မြန်မာလုပ် သားများအနက် မြန်မာနိုင်ငံသား ၁၀၀ ကျော်ကို စစ်ကောင်စီအစိုးရဆီ ပြန်လွှဲပေးပြီးဖြစ်ကြောင်း၊ ယခင်က ထိန်းသမ်းရေးစခန်းများတွင် ထားခဲ့သော်လည်း ဖမ်းဆီးမိတဲ့ အရေအတွက်များလာသောကြောင့် မြန်မာ ဘက်သို့ အမြန်ဆုံး ပြန်လွှဲပေးနေခြင်းဖြစ်ကြောင်း ရေးသားထားသည်။
သတင်းအပြည့်အစုံဖတ်ရန် >>>
The Irrawaddy – https://shorturl.at/GSjzn
VOA – https://shorturl.at/ot8MA
BBC – https://shorturl.at/gRK9N
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ထိုင်းအစိုးရ၏ တရားမဝင်လုပ်သားဖမ်းဆီးရေး ရက်ပေါင်း ၁၂၀ စီမံချက်အရ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားနှင့် ဗီယက်နမ် လူဦးရေ နှစ်သိန်းခွဲကျော် ဖမ်းဆီးခံခဲ့ရသည်။
NUG/PDF နှင့် ထောက်ခံသူများကို စီမံချက်ဖြင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသားထားခြင်း မရှိပေ။
ထို့ကြောင့် တယ်လီဂရမ်တွင် ပျံ့နှံ့နေသော “ NUG/PDF နှင့် ထောက်ခံသူများကို ထိုင်းဝန်ကြီးချုပ်က စီမံချက်ဖြင့်ဖမ်းဆီး” ဆိုသည့်အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
အထက်ပါ သတင်းအချက်အလက် စစ်ဆေးမှုများသည် စက်တင်ဘာ ၂၇ ရက် မွန်းလွဲ ၃နာရီခွဲအထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်ပါသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
သတင်းအချက်အလက်များ မှန်/မမှန် သိရှိလိုလျှင် MPA Fact Check Team ၏ Signal ဖုန်းနံပါတ် + 66 0825604017 နှင့် telegram @mpafactcheckteam သို မက်ဆေ့ပေးပို့၍ မေးမြန်းနိုင်ပါသည်။